Yangon City FC ဘောလုံးအသင်းကစားသမား ကျောနံပါတ် (၅)သန်းထွန်းဇော်ကို စာချုပ်ဖေ-ာက်ဖျ-က်မှုဖြင့်အရေးယူမည်ဖြစ်သည်ဟု အသင်းက တရားဝင်ထုတ်ပြန်ထားသည်။
၎င်းသည် အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်ပါအချက်အလက်များကို ဖေ-ာက်ဖျ-က်ကာ ကရင်ပြည်နယ်တွင် ကျင်းပနေသည့် ပြိုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်နေကြောင်း စီစစ်တွေ့ရှိရသဖြင့် အသင်းမှ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ၄င်း၏ ခံစားခွင့်ကိုကျန်ရှိသည့် စာချုပ်သက်တမ်းအတိုင်း ကစားသမားမှ ပေးလျော်ရန် ဆုံးဖြတ်သွားမည်ဖြစ်သည်ဟု အသိပေးထားသည်။
Yangon City FC သည် Professional Club အသင်းကြီးများနည်းတူစနစ်တကျ ဖွဲ့စည်းတည်ဆောက်နေသော အသင်းဖြစ်သောကြောင့် ကစားသမားများ ပြင်ပပြိုင်ပွဲများ၊ အပျော်တမ်းပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်ခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်ခြင်းကြောင့် ယခုကဲ့သို့အရေးယူဆောင်ရွက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့အပြင် MNL I & II League 2025- 2026 Regulationsအား မလိုက်နာသည့် အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon City FC ဘောလုံးအသင်းသည် ယခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ပရော်ဖက်ရှင်နယ် ဘောလုံးကလပ်အသင်းတစ်သင်း ဖြစ်သည့်အပြင် အသင်း၏ ဖွဲ့စည်းပုံများ၊ လေ့ကျင့်မှုများ၊ နေထိုင်စားသောက်မှုများ၊ ကစားသမားခေါ်ယူမှုများ၊ လှုပ်ရှားမှုများနှင့် ခံစားခွင့်များကို Professional Criteria များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းဆိုသည်။
ဓာတ်ပုံ- Yangon City FC
