ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) နှင့် ဘယ်လာရုစ်နိုင်ငံ အနိုင်ရပါတီဖြစ်သည့် Belaya Rus ပါတီတို့ကြား ပါတီအချင်းချင်း ပါတီလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သဘောတူစာချုပ်အား USDP ပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် Belaya Rus ပါတီ၏ တာဝန်ရှိသူတို့ကလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
USDP ပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် Belaya Rus ပါတီ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ Minsk မြို့တွင် ရုရှား၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ အီရန်၊ ကာဇက်စတန်၊ တရုတ်၊ ကျူးဘား၊ မြန်မာ၊ ပါလက်စတိုင်း၊ ဆားဘီးယား၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်နိုင်ငံတို့ရှိ နိုင်ငံရေးပါတီများမှပါတီကိုယ်စားလှယ်များနှင့် ပညာရှင်များတက်ရောက်သည့် International Inter-Party Conference ကိုတက်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ International Inter-Party Conference တွင် USDP ပါတီ ဥက္ကဋ္ဌ ဦးခင်ရီမှလည်း ဟောပြောဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။