ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီမှ ရန်ကုန်တိုင်းရှိ လူငယ်ထု ၃၂၂၆ ဦးနှင့် ဖေဖော်ဝါရီ ၂၅ ရက်နံနက် ၁၀ နာရီက ရန်ကုန်မြို့ MCC ခန်းမ၌တွေ့ဆုံစဥ်ယနေ့ခတ်လူငယ်များ၏ လိုအပ်ချက်၊နိုင်ငံတစ်နိုင်ငံအတွက် ရွေးကောက်ပွဲအရေးပါပုံနှင့်လာမည့် ရွေးကောက်ပွဲတွင် USDP ပါတီအနေဖြင့် မဲဆန္ဒနယ်အားလုံး၌ ဝင်ရောက်ယှဥ်ပြိုင်အရွေးခံသွားမည်ဟု ပြောကြားခဲ့သည်။
“လူငယ်တစ်ဦးချင်းစီရဲ့ ဘဝပေးအခြေအနေတွေအရ ပညာရေး၊ကျန်းမာရေး၊စီးပွားရေးရာကိစ္စတွေမှာ ဆူကြုံနိမ့်မြင့်ကွဲပြားနိုင်ကြပေမယ့် အမှားနဲ့အမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဉာဏ်ကိုတော့ လူငယ်အားလုံးမှာ တူညီစွာရှိနေစေချင်တဲ့ဆန္ဒကိုရှင်းပြနိုင်ခဲ့ပါတယ်”ဟု USDP ပါတီ ဥက္ကဋ္ဌဦးခင်ရီက ပြောကြားခဲ့သည်။
ထို့ပြင် တက်ရောက်လာသည့်လူငယ်များမေးမြန်းသည့် လူငယ်နှင့်နည်းပညာဖွံဖြိုးမှု၊လူငယ်နှင့်မူးယစ်ဆေးဝါး လောင်းကစားအန္တ ရာယ်၊လူငယ်နှင့်ကျန်းမာရေး၊လူငယ်နှင့်ခေတ်သစ်ဥပဒေ၊လူငယ်နှင့်အနာဂတ်နိုင်ငံရေး၊လူငယ်နှင့်ပညာသင်ခွင့်ဆိုင်ရာအခွင့်အလမ်း၊လူငယ်နှင့်တောင်သူလယ်သမားကဏ္ဍ၊လူငယ်နှင့်အလုပ်သမားကဏ္ဍ၊လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍဆိုင်ရာများအား USDP ပါတီဥက္ကဋ္ဌဦးခင်ရီက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
“မဲပေးရွေးချယ်ရာမှာ နိုင်ငံနဲ့ပြည်သူလူထုအကျိုးအတွက် အမှန်တစ်ကယ်ဆောင်ရွက်ပေးနိုင်တဲ့ ပုဂ္ဂိုလ်၊ပါတီကို သေချာစဥ်းစားပြီး ရွေးချယ်မဲပေးဖိုလိုပါတယ်”ဟု USDP ပါတီ ဥက္ကဋ္ဌဦးခင်ရီကတိုက်တွန်းပြောကြားခဲ့သည်။

