ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ရှိ အမှတ် (၂၀၁) အခြေခံပညာမူလတန်းကျောင်းသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပုသိမ်မြို့နယ်ကိုယ်စားပြု အချိုးကျကိုယ်စားပြုစနစ်ဖြင့် ဝင်ရောက်ယှဥ်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်မှ ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့လည်ပိုင်းက သွားရောက်၍ ဆရာ၊ ဆရာမများကို အဝတ်အထည်နှင့် ကျောင်းသား၊ ကျောင်းသူများကို မုန့်များပေးဝေခဲ့သည်။
