ကျန်းမာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်း ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံကြီး ဟင်္သာတမြို့မှ အထူးကုဆ ရာဝန်ကြီးများမှ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ရှိ ကျုံပျော်မြို့ပြည်သူ့ဆေးရုံ၌ ဒေသခံများအား ကွင်းဆင်းဆေးကုသမှုအား ယနေ့ နိုဝင်ဘာ ၂၅ ရက်နံနက်ပိုင်းမှစတင်ကာပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အထူးကုဆရာဝန်ကြီးများ၏ ကွင်းဆင်းဆေးကုသပေးနေမှုအား ဧရာဝတီတိုင်း၊မဲဆန္ဒနယ်အမှတ်(၁) ၏ အမျိုးသားလွှတ်တော်အချိုးကျကိုယ်စားပြုစနစ် (PR)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် လာရောက်ကုသမှုခံယူနေသူများနှင့် ဆေးရုံတက်ရောက်နေသူများကို အားပေးစကားပြောကြား၍ ဖြည့်စွက်အာဟာရများပေးအပ်ပြီး ကျုံပျော်မြို့ပြည်သူ့ဆေးရုံအတွက် အလှူငွေများအား ဆေးရုံအုပ်ကြီးထံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
