လာမည့် ဒီဇင်ဘာ (၇)ရက်တွင် အမေရိကန်နိုင်ငံ Las Vegas မြို့၌ ကျင်းပမည့် UFC- 323 ပြိုင်ပွဲတွင် မြန်မာပြည်ဖွား ချ င်းလူမျိုးဖိုက်တာ ဂျော့ရှုးဝါးဗန် အနေဖြင့် ဒုခေါင်တွဲဆိုင်းနေရာက ပါဝင် ထိုးသ-တ်သွားရမည်ဖြစ်သည်။
ဂျော့ရှားဝါးဗန်သည် ပြိုင်ဘက်ဖြစ်သူ အလက်ဇန်းဒါးပန်တိုဂျာဖြင့် ဖလိုင်းဝိတ် ချန်ပီယံလုပွဲကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ပရိတ်သတ်များအနေဖြင့် UFC ၏ ပထမဆုံး အာရှတိုက်ချန်ပီယံဖြစ်လာနိုင်သည့် မြန်မာ့ကိုယ်စားပြုဖိုက်တာ ဂျော့ရှုးဝါးဗန်အတွက် ဆုတောင်းစကားများ ပြောကြားထားသည်။
အဆိုပါ ပြိုင်ပွဲတွင် ခေါင်ပွဲအနေဖြင့် မာရတ်နှင့် ပီတာယန်းတို့၏ ဗန်တန်ဝိတ်တန်း ခါးပါတ်လုပွဲအပြင် တတိယခေါင်ပွဲမှာ ချန်ပီယံဟောင်း ဗရန်ဒန်မိုရေးနိုးနှင့် ဂျပန်ဖိုက်တာ တပ်ဆူရိုတိုင်ရာတို့၏ ပွဲစဥ်များလည်း ပါဝင်လာသည်ကို တွေ့ရသည်။
