Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeNewsLocal News"UEC အနေဖြင့် ဆန္ဒမဲများအရပါဝင်လာနိုင်ပြီး...

“UEC အနေဖြင့် ဆန္ဒမဲများအရပါဝင်လာနိုင်ပြီး မျှမျှတတ မှန်မှန်ကန်ကန်ဖြင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များရွေးချယ်ပေးနိုင်ရန် ဆောင် ရွက်သွားမည်”ဟု UEC ဥက္ကဋ္ဌပြော

(Unicode)

“UEC အနေဖြင့် ဆန္ဒမဲများအရပါဝင်လာနိုင်ပြီး မျှမျှတတ မှန်မှန်ကန်ကန်ဖြင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များရွေးချယ်ပေးနိုင်ရန် ဆောင် ရွက်သွားမည်”ဟု UEC ဥက္ကဋ္ဌပြော

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံ ရေးပါတီ ၆၂ ပါတီမှကိုယ်စားလှယ် ၁၁၅ ဦးနှင့်ရွေးကောက်ပွဲစနစ်ဆိုင်ရာဆွေးနွေးပွဲ တတိယနေ့အဖြစ် ဒီဇင်ဘာ ၂၆ ရက်ကကျင်းပစဥ် UEC ဥက္ကဋ္ဌဦးသိန်းစိုးက နိဂုံးချုပ်မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးပါတီတွေနဲ့ လက်တွဲပြီး လာမည့်ရွေးကောက်ပွဲကို တိုင်းရင်းသားလူ မျိုးစုတွေ နိုင်ငံရေးပါတီငယ်တွေ သူတို့ကိုထောက်ခံတဲ့ ဆန္ဒမဲတွေအရ ပါဝင်လာနိုင်ပြီး မျှမျှတတ မှန်မှန်ကန်ကန်ဖြင့် အရည်အချင်းရှိကိုယ် စားလှယ်တွေ ရွေးချယ်ပေးနိုင်ရန် ဆောင်ရွက်သွားမှာပါ”ဟုပြောသည်။

အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန်နှင့်ဥပဒေပြုနိုင်ရန်အ တွက် ရွေးကောက်ပွဲများ ကျင်းပရာတွင် ရွေး ကောက်ပွဲစနစ်နှင့်ဒီဇိုင်းသည် အရေးကြီးကာ ရွေး ကောက်ပွဲနယ်မြေများအား ကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်ပြီး မဲဆန္ဒရှင်များ၏ ဆန္ဒနှင့်အညီ အ ချိုးကျ လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ပေးခြင်းဖြင့် အရည်အချင်းရှိသည့် လွှတ်တော်ကိုယ်စားလှယ်များရရှိကာ ပေါင်းစပ်ညှိနှိုင်းမှုပိုမိုအားကောင်းပြီး နိုင်ငံရေးတည်ငြိမ်ခိုင်မာမှုရှိသည့် ပါတီစုံ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌကပြောသည်။

လွှတ်တော်ရွေးကောက်ပွဲများကို မဲအများဆုံးရသူ အနိုင်ရသည့်(FPTP)စနစ်မှ အချိုးကျကိုယ်စားပြုစနစ်(PR)သို့ ပြောင်းလဲဆောင်ရွက်နိုင်ရန် ယခု ဆွေးနွေးချက်များအပေါ် မူတည်၍ နိုင်ငံနှင့်သင့် လျော်ပြီး ဥပဒေနှင့်လည်းညီညွတ်မှုရှိစေရန် ပြန်လည်ဆွေးနွေးတိုင်ပင်ပြီး ပြင်ဆင်ရန်လိုအပ်သည့် ဥပဒေများကို ပြင်ဆင်နိုင်ရန် ဆောင်ရွက်ကြရမည်ဟုပြောသည်။

“လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ်ကျင်းပဆောင်ရွက်ရာမှာ ပြည်ထောင်စုအစိုးရအဖွဲ့၊ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်၊နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှာပါ”ဟုဦးသိန်းစိုးကပြောသည်။

နိုင်ငံရေးပါတီများနှင့် စတုတ္ထအကြိမ်မြောက် PR စနစ်တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီးနှင့်ပြည် နယ်လွှတ်တော်အသီးသီးအတွက် အစုအဖွဲ့ခြောက်ဖွဲ့အားဖွဲ့စည်း၍ အစုအဖွဲ့အလိုက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုများမှထွက်ပေါ်လာသည့် အချက်အ လက်များမှာ လွှတ်တော်သုံးရပ်တွင် PR စနစ်ကိုကျင့်သုံးရာ၌ စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ်(Closed List PR )ကို ပြောင်းလဲကျင့်သုံးသင့်သည်၊ မဲဆန္ဒနယ်များခွဲဝေသတ်မှတ်ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် UEC က သတ်မှတ်ပေးရန်ပြဋ္ဌာန်းထား၍ မဲပေးရာတွင် မဲရုံတိုင်း၌ မဲဆန္ဒရှင်ပြည်သူများက ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်၏ ပါတီအား မဲပေးနိုင်ရန် မဲရုံအဝ၌ ဗီနိုင်း၊ပိုစတာများဖြင့် ပါတီ၏ အမည်အောက်တွင် ဝင်ရောက် ရွေးချယ် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံနှင့် အမည်ကို ဖော်ပြသင့်သည်တို့ကို အကြုံပြုဆွေးနွေးခဲ့ကြသည်။

(Zawgyi)

“UEC အေနျဖင့္ ဆႏၵမဲမ်ားအရပါဝင္လာႏိုင္ၿပီး မွ်မွ်တတ မွန္မွန္ကန္ကန္ျဖင့္ အရည္အခ်င္းရွိသည့္ ကိုယ္စားလွယ္မ်ားေ႐ြးခ်ယ္ေပးႏိုင္ရန္ ေဆာင္ ႐ြက္သြားမည္”ဟု UEC ဥကၠ႒ေျပာ

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ႏိုင္ငံ ေရးပါတီ ၆၂ ပါတီမွကိုယ္စားလွယ္ ၁၁၅ ဦးႏွင့္ေ႐ြးေကာက္ပြဲစနစ္ဆိုင္ရာေဆြးေႏြးပြဲ တတိယေန႔အျဖစ္ ဒီဇင္ဘာ ၂၆ ရက္ကက်င္းပစဥ္ UEC ဥကၠ႒ဦးသိန္းစိုးက နိဂုံးခ်ဳပ္မိန္႔ခြန္းေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ လုပ္ေဖာ္ကိုင္ဖက္ ႏိုင္ငံေရးပါတီေတြနဲ႔ လက္တြဲၿပီး လာမည့္ေ႐ြးေကာက္ပြဲကို တိုင္းရင္းသားလူ မ်ိဳးစုေတြ ႏိုင္ငံေရးပါတီငယ္ေတြ သူတို႔ကိုေထာက္ခံတဲ့ ဆႏၵမဲေတြအရ ပါဝင္လာႏိုင္ၿပီး မွ်မွ်တတ မွန္မွန္ကန္ကန္ျဖင့္ အရည္အခ်င္းရွိကိုယ္ စားလွယ္ေတြ ေ႐ြးခ်ယ္ေပးႏိုင္ရန္ ေဆာင္႐ြက္သြားမွာပါ”ဟုေျပာသည္။

အစိုးရတစ္ရပ္ဖြဲ႕စည္းႏိုင္ရန္ႏွင့္ဥပေဒျပဳႏိုင္ရန္အ တြက္ ေ႐ြးေကာက္ပြဲမ်ား က်င္းပရာတြင္ ေ႐ြး ေကာက္ပြဲစနစ္ႏွင့္ဒီဇိုင္းသည္ အေရးႀကီးကာ ေ႐ြး ေကာက္ပြဲနယ္ေျမမ်ားအား က်ယ္က်ယ္ျပန႔္ျပန႔္သတ္မွတ္ၿပီး မဲဆႏၵရွင္မ်ား၏ ဆႏၵႏွင့္အညီ အ ခ်ိဳးက် လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေ႐ြးခ်ယ္ေပးျခင္းျဖင့္ အရည္အခ်င္းရွိသည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရရွိကာ ေပါင္းစပ္ညႇိႏႈိင္းမႈပိုမိုအားေကာင္းၿပီး ႏိုင္ငံေရးတည္ၿငိမ္ခိုင္မာမႈရွိသည့္ ပါတီစုံ ဒီမိုကေရစီစနစ္ ဖြံ႕ၿဖိဳးလာမည္ျဖစ္ေၾကာင္း UEC ဥကၠ႒ကေျပာသည္။

လႊတ္ေတာ္ေ႐ြးေကာက္ပြဲမ်ားကို မဲအမ်ားဆုံးရသူ အႏိုင္ရသည့္(FPTP)စနစ္မွ အခ်ိဳးက်ကိုယ္စားျပဳစနစ္(PR)သို႔ ေျပာင္းလဲေဆာင္႐ြက္ႏိုင္ရန္ ယခု ေဆြးေႏြးခ်က္မ်ားအေပၚ မူတည္၍ ႏိုင္ငံႏွင့္သင့္ ေလ်ာ္ၿပီး ဥပေဒႏွင့္လည္းညီၫြတ္မႈရွိေစရန္ ျပန္လည္ေဆြးေႏြးတိုင္ပင္ၿပီး ျပင္ဆင္ရန္လိုအပ္သည့္ ဥပေဒမ်ားကို ျပင္ဆင္ႏိုင္ရန္ ေဆာင္႐ြက္ၾကရမည္ဟုေျပာသည္။

“လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲတစ္ရပ္က်င္းပေဆာင္႐ြက္ရာမွာ ျပည္ေထာင္စုအစိုးရအဖြဲ႕၊ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မ ရွင္၊ႏိုင္ငံေရးပါတီေတြနဲ႔ ျပည္သူလူထုအားလုံး ပူးေပါင္းေဆာင္႐ြက္မွသာ ေအာင္ျမင္မွာပါ”ဟုဦးသိန္းစိုးကေျပာသည္။

ႏိုင္ငံေရးပါတီမ်ားႏွင့္ စတုတၳအႀကိမ္ေျမာက္ PR စနစ္ေတြ႕ဆုံေဆြးေႏြးပြဲတြင္ ျပည္သူ႔လႊတ္ေတာ္၊အမ်ိဳးသားလႊတ္ေတာ္၊တိုင္းေဒသႀကီးႏွင့္ျပည္ နယ္လႊတ္ေတာ္အသီးသီးအတြက္ အစုအဖြဲ႕ေျခာက္ဖြဲ႕အားဖြဲ႕စည္း၍ အစုအဖြဲ႕အလိုက္ေဆြးေႏြးခဲ့ၾကသည္။

ေဆြးေႏြးမႈမ်ားမွထြက္ေပၚလာသည့္ အခ်က္အ လက္မ်ားမွာ လႊတ္ေတာ္သုံးရပ္တြင္ PR စနစ္ကိုက်င့္သုံးရာ၌ စာရင္းပိတ္အခ်ိဳးက်ကိုယ္စားျပဳစနစ္(Closed List PR )ကို ေျပာင္းလဲက်င့္သုံးသင့္သည္၊ မဲဆႏၵနယ္မ်ားခြဲေဝသတ္မွတ္ရာတြင္ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ UEC က သတ္မွတ္ေပးရန္ျပ႒ာန္းထား၍ မဲေပးရာတြင္ မဲ႐ုံတိုင္း၌ မဲဆႏၵရွင္ျပည္သူမ်ားက ႀကိဳက္ႏွစ္သက္သည့္ ကိုယ္စားလွယ္၏ ပါတီအား မဲေပးႏိုင္ရန္ မဲ႐ုံအဝ၌ ဗီႏိုင္း၊ပိုစတာမ်ားျဖင့္ ပါတီ၏ အမည္ေအာက္တြင္ ဝင္ေရာက္ ေ႐ြးခ်ယ္ ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္းမ်ား၏ ဓာတ္ပုံႏွင့္ အမည္ကို ေဖာ္ျပသင့္သည္တို႔ကို အႀကဳံျပဳေဆြးေႏြးခဲ့ၾကသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071