Monday, August 17, 2026

ရှေးဟောင်းဝတ္ထုပစ္စည်း အပ်နှံသူများအတွက် ထပ်ဆောင်းတန်ဖိုး နှင့်...

ရှေးဟောင်းဝတ္ထုပစ္စည်းများကို နိုင်ငံတော်သို့ အပ်နှံသူများအတွက် ဆုကြေးငွေနှုန်းထားများကို ခေတ်နှင့်လျော်ညီစွာ တိုးမြှင့်သတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန...

AFC Women’s Champions League...

AFC Women’s Champions League 2026 /27 ခြေစစ်ပွဲတွင် ဧရာဝတီ FC အမျိုးသမီးအသင်းမှာ ပြိုင်ဘက် FC Jurongအသင်းကို...

WFP က မြန်မာရေဘေးသင့်ဒေသများတွင် အရေးပေါ်စားနပ်ရိက္ခာကူညီမှုများစတင်

ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ အာဟာရဖြည့် အသင့်စားဘီစကွတ်များ ဖြန့်ဝေပေးလျက်ရှိကြောင်း WFP ကထုတ်ပြန်ထားသည်။ အလျင်အမြန် ဆန်းစစ်လေ့လာချက်များအရ လေးမျက်နှာမြို့နယ်ရှိ ရပ်ကွက် ၅ ခုနှင့် ကျေးရွာ...

MPT က ဧရာဝတီရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်အကူအညီနှင့်...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ပြည်သူများအတွက် MPT က လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် အရေးပေါ်ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးနေကြောင်း ဩဂုတ် ၁၇ ရက်တွင်...
HomeNewsLocal NewsUEC အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို...

UEC အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို လျာထားသတ်မှတ်ပြီးဖြစ်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ကျင်းပရန် ဆောင်ရွက်လျက်ရှိသည်ဟုပြောကြားထားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှလည်း ရွေးကောက်ပွဲကျင်းပမည့်ရက်အား လျာထားသတ်မှတ်ပြီးဖြစ်ကာ အချိန်မီကြိုတင်ထုတ်ပြန်ပေးသွားမည်ဟု အသိပေးခဲ့သည်။

ထိုသို့ ရွေးကောက်ပွဲကျင်းပမည့်ရက်အား သတ်မှတ်ကြေညာပြီးနောက်ပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကိုစိစစ်ပြီးချိန်၌ မဲဆွယ်စည်းရုံးရေးကာလကို သတ်မှတ်ကြေညာပေးသွားမည်ဟု အသိပေးခဲ့သည်။

ထို့ပြင် လက်ရှိအချိန်၌ တစ်နိုင်ငံလုံးစည်းရုံးမည့် ပါတီ(၉)ခုအနက် ပါတီ(၃)ခုမှာ သတ်မှတ်ရုံးခန်း အရေအတွက်ဖွင့်လှစ်ထားနိုင်ပြီး ပါတီ(၆)ခုမှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါသတ်မှတ်ချက်အတိုင်း ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း(၉၀)ကြိုတင်၍ ကော်မရှင်၏အမိန့်ကြော်ငြာစာဖြင့်ထုတ်ပြန်သည့် နေ့ရက်အတွင်း သတ်မှတ်ရုံးခန်းပြည့်မီနိုင်ရေးကိုဆောင်ရွက်ရမည်ဟု အသိပေးခဲ့သည်။

ထို့အတူ တိုင်း(သို့)ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ(၄၅)ခုအနက် ပါတီ(၁၉)ခုမှာ သတ်မှတ်ရုံးခန်းအရေအတွက်ဖွင့်လှစ်ထားနိုင်ပြီး ပါတီ(၂၆)ခုမှာ သတ်မှတ်ရက်အတွင်း ရုံးခန်းပြည့်မီရန်ဆောင်ရွက်ရမည်ဖြစ်ကာ နယ်မြေအခြေအနေ ကန့်သတ်ချက်ရှိသော တိုင်းနှင့် ပြည်နယ်များရှိ ပါတီများရုံးခန်းဖွင့်လှစ်ရာတွင်လည်း သက်ဆိုင်ရာပါတီ၏ တင်ပြချက်အပေါ် စိစစ်ပြီး လုံခြုံရေးကောင်းမွန်သည့် မြို့နယ်ရုံးများတွင် ယာယီတွဲဖက်ဖွင့်လှစ်ခွင့်ပြုထားသည်ဟု အသိပေးခဲ့သည်။

ထို့ပြင် နယ်မြေအခြေအနေအခက်အခဲကြောင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်ရန်အခက်အခဲရှိသော ပါတီများအတွက်လည်း UEC မှဖြေလျော့ဆောင်ရွက်ပေးထားသည်ဟု အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေးဟောင်းဝတ္ထုပစ္စည်း အပ်နှံသူများအတွက် ထပ်ဆောင်းတန်ဖိုး နှင့် ရှားပါးအနုပညာလက်ရာတန်ဖိုးများကိုပါ ထည့်သွင်းချီးမြှင့်နိုင်ရေး ဆွေးနွေး

ရှေးဟောင်းဝတ္ထုပစ္စည်းများကို နိုင်ငံတော်သို့ အပ်နှံသူများအတွက် ဆုကြေးငွေနှုန်းထားများကို ခေတ်နှင့်လျော်ညီစွာ တိုးမြှင့်သတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ) ၌ ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ရှေးဟောင်းသုတေသန အကြံပေးပညာရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ဦးစီးဌာနအနေဖြင့် လက်ရှိတွင် ရှေးဟောင်းဝတ္ထုပစ္စည်းများကို မူလတန်ဖိုး၊ ခေတ်ကာလတန်ဖိုးနှင့် ခေတ်လက်ရာတန်ဖိုးများအလိုက် ဆုကြေးငွေ ချီးမြှင့်လျက်ရှိသော်လည်း ယခင်နှုန်းထားများမှာ လက်ရှိခေတ်ကာလနှင့် မလျော်ညီတော့သဖြင့် ပြန်လည်ပြင်ဆင်တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျောက်ခေတ်မှ...

AFC Women’s Champions League 2026 /27 ခြေစစ်ပွဲတွင် ၄ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ဧရာဝတီ FC အမျိုးသမီးအသင်း

AFC Women’s Champions League 2026 /27 ခြေစစ်ပွဲတွင် ဧရာဝတီ FC အမျိုးသမီးအသင်းမှာ ပြိုင်ဘက် FC Jurongအသင်းကို ၄ ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ယနေ့ ဩဂုတ် ၁၇ ရက် ညနေ ၄ နာရီ အ ချိန်၌ ယှဉ်ပြိုင်ကစားခဲ့သည့် AFC Women’s Champions League 2026 /27 ခြေစစ်ပွဲစဉ် ပထမပိုင်းပွဲချိန်အတွင်းFC Jurong အသင်းကို ဧရာဝတီ FC အ မျိုးသမီးအသင်းက ဦးဆောင်ဂိုး...

WFP က မြန်မာရေဘေးသင့်ဒေသများတွင် အရေးပေါ်စားနပ်ရိက္ခာကူညီမှုများစတင်

ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ အာဟာရဖြည့် အသင့်စားဘီစကွတ်များ ဖြန့်ဝေပေးလျက်ရှိကြောင်း WFP ကထုတ်ပြန်ထားသည်။ အလျင်အမြန် ဆန်းစစ်လေ့လာချက်များအရ လေးမျက်နှာမြို့နယ်ရှိ ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၉၈ ရွာမှ လူဦးရေ ၃၂,၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။ WFP က ဒေသခံမိတ်ဖက်အဖွဲ့အစည်းများထံသို့ အာဟာရဖြည့်ဘီစကွတ် မက်ထရစ်တန် ၂၀ ပေးပို့ထားပြီး လူဦးရေ ၁၀,၀၀၀ အတွက် လုံလောက်သည့် အရေးပေါ်ရိက္ခာများကို လက်ရှိဖြန့်ဝေလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း ရေဘေးသက်ရောက်မှု အပြည့်အစုံကို ဆက်လက်အတည်ပြုနေဆဲဖြစ်ပြီး ပဋိပက္ခများ၊ နေရပ်စွန့်ခွာရမှုများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071