Wednesday, April 30, 2025

နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်းများ ဆက်တိုက်ရောက်ရှိလာ

ငလျင်ဘေးသင့် ဒေသများသို့ လှူဒါန်းရန် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ (၂၈)ရက်တွင် ရောက်ရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။ အဆိုပါ ပစ္စည်းများမှာ တဘက်၊ သွားတိုက်ဆေး၊...

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထိုင်းအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ယမန်နေ့ ဧပြီ (၂၉)ရက်က ထိုင်းဖူဆယ်ကလပ် SWU Aimane အသင်းနှင့် ခြေစမ်းကစားရာ (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ လက်ရွေးစင် ဖူဆယ်အသင်းသည်...

အိမ်ထောင်စုတစ်စုကိုတစ်လစာအတွက် စားအုန်းဆီ ၂ ပိဿာ...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အိမ်ထောင်စုတစ်စုကိုတစ်လစာအတွက် စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သား နှုန်းဖြင့် ပစ္စည်းရောက်ငွေချေ စနစ်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ...

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ၏ ဒုတိယပွဲအဖြစ် ထိုင်းဖိုက်တာ...

လာမည့် မေလ(၉)ရက်တွင် ကျင်းပပြုလုပ်မည့် ONE Frid ay Fights 107 ပွဲစဉ်အတွင်း ကယန်းလက်ဝှေ့မယ် ဘရော်နီကာနှင့် ထိုင်းဖိုက်တာ ဂျူနီယာဖဲတက်တို့...
HomeNewsLocal NewsUEC သည် ရွေးကောက်ပွဲအား...

UEC သည် ရွေးကောက်ပွဲအား အဓိကတာဝန်ယူရသည့် အဖွဲ့အစည်းဖြစ်၍ ကော်မရှင်၏သိက္ခာ၊နိုင် ငံ၏ဂုဏ်သိက္ခာကို မထိခိုက်စေရေးအတွက် အ မှားမရှိစေရန် သတိမူရမည်ဟု UEC ဥက္ကဋ္ဌပြော

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးမှ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက နေပြည် တော်၌ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့၌ တာဝန်ထမ်းဆောင်မည့် ဒု-ဦးစီးမှူးများ လုပ်ငန်း ခွင်အကြိုစွမ်းရည်မြှင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံအား ဦးစီးဦး ဆောင်ပြုမည့် ပုဂ္ဂိုလ်များ တစ်နည်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်ပြည်သူများက ၎င်းတို့၏ဆန္ဒနှင့်အညီ ဆန္ဒမဲပေးရွေး ချယ်ခြင်းဖြစ်ပြီး ထိုသို့ ဆန္ဒမဲပေးရွေးချယ်နိုင်စေရန် ရွေးကောက်ပွဲကော်မရှင်က တာဝန်ယူကြီး ကြပ်ကျင်းပပေးရသည်ဟု ပြောသည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများနှင့်အညီဖြစ်စေရန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့် ဆင့်အားကြီးကြပ်ရပြီး နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုလည်း ဥပဒေနှင့်အညီဝင်ရောက်ယှဉ်ပြိုင်ရန် ကြီးကြပ်ဆောင်ရွက်ရသည်ဟု ပြောသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရန် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊နည်းဥပဒေများအ နေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေ၊အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေ၊တိုင်းလွှတ်တော်(သို့)ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေ၊နိုင်ငံ ရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊နည်းဥပဒေတို့ကို ပြဋ္ဌာန်းထားသည်ဟု ပြောသည်။

UEC အနေဖြင့် လာမည့်ရွေးကောက်ပွဲများတွင် မဲအများဆုံးရသူအနိုင်ရသည့်(FPTP)စနစ်အစား မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲများအလဟဿ၊ လေလွင့်ဆုံးရှုံးမှုနည်းပါးပြီး မဲဆန္ဒရှင်များ၏ ဆန္ဒမဲများကို အချိုးကျကိုယ်စားပြုပေးနိုင်သည့် အချိုးကျကိုယ်စားပြုစနစ်(PR System)ကို ကျင့် သုံးဆောင်ရွက်ရန် နိုင်ငံရေးပါတီများနှင့် ၄ ကြိမ် တွေ့ဆုံဆွေးနွေးသဘောတူညီခဲ့ပြီးဖြစ်သည်ဟု ပြောသည်။

အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရာတွင်လည်း မြန်မာနိုင်ငံနှင့်သင့်လျော်သည့် ရိုးရှင်းလွယ်ကူသော Closed List PR စနစ်ကိုကျင့်သုံးမည်ဟု ပြောသည်။

ရွေးကောက်ပွဲများအား ရွေးကောက်ပွဲကော်မရှင်သည် အဓိကတာဝန်ယူရသည့် အဖွဲ့အစည်းဖြစ်၍ ကော်မရှင်၏ လုပ်ဆောင်ချက်၊ဆောင်ရွက်ချက်များသည် ကော်မရှင်၏သိက္ခာ၊နိုင်ငံ၏ဂုဏ်သိ က္ခာကို ထိခိုက်နိုင်သဖြင့် အမှားမရှိစေရန် သတိမူရမည်ဖြစ်ပြီး ဥပဒေ၊နည်းဥပဒေများနှင့်အညီ မှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်ရမည်ဟု မှာ ကြားခဲ့သည်။

ယင်း သင်တန်းအား ဇန်နဝါရီ ၉ ရက်မှ ၂၀ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်းများ ဆက်တိုက်ရောက်ရှိလာ

ငလျင်ဘေးသင့် ဒေသများသို့ လှူဒါန်းရန် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ (၂၈)ရက်တွင် ရောက်ရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။ အဆိုပါ ပစ္စည်းများမှာ တဘက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ စောင်၊ ခြင်ထောင်၊ အိပ်ယာ၊ ဆိုလာမီးအိမ်၊ ရွက်ဖျင်တဲ (၃.၉၁၈) တန်၊ တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရေးအသင်းက ထောက်ပံ့ပေးသည့် ဆေးဝါး (၂.၁၈၅) တန်၊ Buddhist Tzu Chi Charity Foundation ကထောက်ပံ့ပေးသည့် ခြင်ထောင်၊ အိပ်ယာ (၅.၅၄၇) တန်၊ Serum...

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထိုင်းအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ယမန်နေ့ ဧပြီ (၂၉)ရက်က ထိုင်းဖူဆယ်ကလပ် SWU Aimane အသင်းနှင့် ခြေစမ်းကစားရာ (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းခြေစမ်းပွဲစဉ်အတွင်း (၃) ပွဲကစားရမည်ဖြစ်ရာ မေ (၁) ရက်တွင် Thammasat Stallions အသင်းနှင့်လည်းကောင်း၊ မေ (၃) ရက်တွင် Black Pearl United အသင်းနှင့် လည်းကောင်း ‌ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရဦးမည်ဖြစ်သည်။ အသင်းကို ကစားသမား (၁၉) ဦး၊ အုပ်ချုပ်နည်းပြအဖွဲ့ (၉) ဦးနှင့်...

အိမ်ထောင်စုတစ်စုကိုတစ်လစာအတွက် စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သား နှုန်းဖြင့်ရောင်းချပေးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အိမ်ထောင်စုတစ်စုကိုတစ်လစာအတွက် စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သား နှုန်းဖြင့် ပစ္စည်းရောက်ငွေချေ စနစ်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၄၄) မြို့နယ်သို့ စားအုန်းဆီများကို မိသားစုတစ်စု တစ်လစာဝယ်ယူနိုင်ရန်၊ လျင်မြန်လွယ်ကူစွာဖြင့် အိမ်အရောက်ဝယ်ယူနိုင်စေရန် ရည်ရွယ်ပြီး အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက်တစ်ကြိမ်လျှင် ၂ ပိဿာ ၇၅ ကျပ်သား (၅လီတာ)နှုန်းဖြင့် ဝယ်ယူနိုင်ရေးကို ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင် ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ စီစဉ်ဆောင်ရွ က်ထားသည်။ အိမ်ထောင်စုတစ်စုလျှင် တစ်လ ၂...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071