Sunday, February 16, 2025
အမေရိကသာ မကူညီပါကယူကရိန်းမှာ‌ေ-သဘွယ်ရာသာရှိ–ဇလန်းစကီး
ဖေဖော်ဝါရီ၊ ၁၅ ယူကရိန်းသည် အဓိက မဟာမိတ် အမေရိက ၏ ပံ့ပိုးကူညီမှုကို ဆုံးရှုံးသွားလျှင် ရုရှား၏ စစ်ပွဲကို ရင်ဆိုင်ရာ၌ အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း...
ဗြိတိန်ဝန်ကြီးချုပ်နှင့်မကြာခင် တွေ့မည်–ထရမ့်ပ်
ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာကို အမေရိကသို့ လာရန် သူ ဖိတ်ခေါ်ခဲ့ပြီးနောက် သူတို့နှစ်ဦးသည် သိပ်မကြာခင်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က...
AFC U20 အာရှဖလားပြိုင်ပွဲတွင် ဂျပန်က...
ရှန်ကျန်း၊ ဖေဖော်ဝါရီ ၁၄ အာရှဘောလုံးအင်အားကြီး ဂျပန်အသင်းက ထိုင်းကို ၃-၀ နဲ့ အနိုင်ယူပြီး AFC အသက် 20 အောက် အာရှဖလား...
ထရမ့်ပ်နှင့် မတ်စ်က အစိုးရဝန်ထမ်း ၁၀,၀၀၀...
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် သူ၏ အကြံပေး အီလွန်မတ်စ်တို့၏ အမေရိကန်ဗျူရိုကရေစီစနစ်၏‌ ဖေါင်းပွမှုကို သိသိသာသာ ဖြတ်တောက်လျှော့ချခြင်း စီမံချက်အရ သောကြာနေ့တွင် ပြည်ထောင်စုမြေယာ စီမံခန့်ခွဲခြင်းမှသည်...
HomeNewsLocal NewsUEC က ဦးဆောင်လုပ်မည့်...
UEC က ဦးဆောင်လုပ်မည့် PR စနစ် ဆွေးနွေးပွဲ နိုင်ငံရေး ပါတီ ၅၀ကျော် တက်ရန် စာရင်းပေးထား
UEC က ဦးဆောင်လုပ်မည့် PRစနစ် ဆွေးနွေးပွဲ နိုင်ငံရေးပါတီ ၅၀ကျော်တက်ရန် စာရင်းပေးထား
နိုဝင်ဘာ၅ရက်က စပြီး ရက်သတ္တပါတ်၁ပါတ်ကြာ ရန်ကုန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြုလုပ်မည့် PRစနစ် ဆွေးနွေးပွဲသို့ ဖိတ်ကြားခံ နိုင်ငံရေးပါတီ ၉ ၃ပါတီအနက် ပါတီ ၅၀ကျော်က တက်ရောက်ရန်စာရင်းပေးထားကြသည်ဟု ကနဦးသတင်းများ အရသိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲတွင် ပြောင်းလဲလာသော ခေတ်အခြေအနေအရ သင့်လျော်သည့် ရွေးကောက်ပွဲ စနစ်မျိုးကို ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက်ဟုဆိုပြီး အချိုးကျ ကိုယ်စားပြုစနစ် (PR)အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများနှင့် နိုဝင်ဘာ ၅ရက်မှ နိုဝင်ဘာ ၁၁ရက်နေ့အထိ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် တွေ့ဆုံဆွေးနွေးမည်ဟု နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ တွင် ပါဝင်ပတ်သက်သူများအား စာပို့ အကြောင်းကြားထားသည်။
တက်ရောက်မည့်အထဲ အင်အားကြီး တိုင်းရင်းသားပါတီအ ချို့အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ တက်ရောက်ကြမည် မဟုတ်ဟု သိရသည်။
တက်ရောက်သည့် နိုင်ငံရေးပါတီထဲ ပါသည့် မွန်ညီညွှတ်ရေးပါတီမှ နိုင်စံတင်က “ကျွန်တော်တို့က စာတမ်းမတင်ဘူး။ သွားတက်ဖို့ရှိတယ်။ ခုနေမှာ ဘာမှတ်ချက်မှ မပေးလိုပါဘူး ။ဆွေးနွေးပွဲတက်ပြီး ဆက်ဆွေးနွေးရမှာတွေ ရှိလာရင် ဆက်ဆွေးနွေးသွားပါ့မယ်”ဟု ပြောသည်။
တက်ရောက်သည့်ထဲ ပါသည့် နိုင်ငံရေးပါတီတစ်ခုကလည်း ရွေးကောက်ပွဲစနစ်အကြောင်း သိရှိထားရန်လို၍ သွားတက်ခြင်းဖြစ်သည်ဟု ပြောသည်။
တက်ရောက်မည့် နိုင်ငံရေးပါတီများထဲ ပါတီအချု့သည့် ပီအာစနစ်နှင့်ပတ်သတ်သည့် စာတမ်းများတင်ရန်လည်းရှိနေကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆွေးနွေးပွဲသို့ လက်ကိုင်အိတ်များ၊ လက်ကိုင်ဖုန်းများ၊ Laptop Tablet စသည့် Electronic Device များခန်းမအတွင်း ယူဆောင်လာခြင်းမပြုရန် တားမြစ်ထားသည်။
နိုင်သူအကုန်ယူစနစ်ဖြင့် နိုင်ငံ၏ ရွေးကောက်ပွဲစနစ်ကို ကျင်းပနေချိန် အချိုးကျကိုယ်စားပြုစနစ်ပါ အစားထိုးကျင်းပရန် ပြီးခဲ့သည့် ပထမအကြိမ်အမျိုးသားလွှတ်တော်အစည်းအဝေးတွင် NDFပါတီ လွှတ်တော်ကိုယ်စားလှယ်က အဆိုပြုခဲ့ပြီး USDP အမတ်အများစုမဲဖြင့် အမျိုးသားလွှတ်တော်တွင် ထိုစဉ်က အတည်ပြုခဲ့မှုရှိခဲ့သည်။
အဆိုတင်စဉ် တိုင်းရင်းသားပါတီများက အထူးကန့်ကွက်ခဲ့ကြသလို၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကလည်း ကန့်ကွက်ခဲ့ကြသည်။
နောက်ပိုင်း ပီအာစနစ်ကို ကျင့်သုံးရေးအဆို ပြည်သူ့လွှတ်တော်သို့ မတင်ဖြစ်တော့ဘဲ ရပ်တန့်သွားသည်။
Zaw Gyi
Ads Space Available
Continue reading
ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...
ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...
ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော
မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...
Ads Space Available
Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071