UAB bank ဘဏ်က နေပြည်တော်ဘဏ်ခွဲအပါအဝင်ဘဏ်ခွဲ၆ခုတွင် Token ယူရန်မလို ငွေသားထုတ်ပေး
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွက် uab bank ရဲ့ ဘဏ်ခွဲတွေဖြစ်တဲ့ နေပြည်တော်ဘဏ်ခွဲ၊မူဆယ်ဘဏ်ခွဲ၊လားရှိုးဘဏ်ခွဲ၊ မိတ္ထီလာဘဏ်ခွဲ၊ ရွှေဘိုဘဏ်ခွဲ နဲ့ မြိတ်ဘဏ်ခွဲ တွေမှာToken ယူရန်မလိုဘဲ ငွေသားထုတ်ပေးနေတယ်လို့ အဆိုပါ ဘဏ်ကပြောဆိုထားပါတယ်။
တစ်ဦးချင်း အကောင့်ဖွင့်ထားတဲ့ customer တွေအနေနဲ့ အဲ့ဒီဘဏ်ခွဲတွေမှာ ငွေထုတ်ယူလိုရင် တုန်ကင်ယူစရာမလိုဘဲ ငွေထုတ်နိုင်ပြီး အခြားဘဏ်ခွဲတွေဆိုရင်တော့ တုန်ကင်ယူဖို့ လိုတယ်လို့ ဘဏ်ကပြောဆိုပါတယ်။
တုန်ကင်ယူစရာမလိုတဲ့ ဘဏ်ခွဲ ၆ခုကနေ (၂) ပတ်အတွင်း ကျပ် ၅ သိန်း၊ (၁) လအတွင်း အများဆုံး ကျပ် ၁၀ သိန်း အထိ ငွေသားထုတ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
အခုလထဲမှာပဲ နာမည်ကြီးဘဏ်တစ်ချို့ ဘဏ်ခွဲအချို့တွေမှာ Token ယူရန်မလိုဘဲ ငွေသားထုတ်ပေးနေတဲ့ အစီအစဉ်တွေ စတင်နေတာတွေ့ရပါတယ်။
နစက ဘက်ကတော့ ငွေရေးကြေးရေးထုတ်ယူမှုတွေ အဆင်ပြေအောင်ဒီလထဲမှာပဲ ကြိုးစားဆောင်ရွက်နေတယ်လို့ ပြောဆိုထားတာရှိပါတယ်။
Zaw Gyi