Sunday, April 12, 2026

ကမ္ဘောဒီးယားတွင် တရုတ်တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းဖွင့်      

ကမ္ဘောဒီးယားနိုင်ငံ ကော့ကွန်းပြည်နယ်တွင် နိုင်ငံတော်ဓာတ်အားလိုင်းအတွက် “အစိမ်းရောင် ပါဝါဘဏ်” အဖြစ် ဆောင်ရွက်ရန် ဒီဇိုင်းထုတ်ထားသော ဒေါ်လာ ၁ ဘီလျံတန် Upper Tatay...

အီရန်နှင့်ဆွေးနွေးပွဲသဘောတူညီချက်မရဘဲ ယူအက်စ်အဖွဲ့ ပြည်တော်ပြန်

အီရန်နှင့် အချိန် ၂၁ နာရီကြာ စေ့စပ်ညှိနှိုင်းမှုများလုပ်ခဲ့သော်လည်း သဘောတူညီချက်မရရှိခဲ့သောကြောင့် အမေရိကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်မှ ပြန်လည်ထွက်ခွာပြီဖြစ်ကြောင်း အမေရိကန်ဒုတိယ သမ္မတ ဂျေဒီဗန့်စ်က တနင်္ဂနွေနေ့တွင်...

ကမ္ဘောဒီးယားနှင့် နယ်စပ်ဆွေးနွေးပွဲအတွက် ထိုင်း အသင့်မဖြစ်သေး

 ပြည်တွင်းလုပ်ထုံးလုပ်နည်းများ မပြီးပြတ်သေးသောကြောင့် ဧပြီလ ၁၇ ရက် နေ့မှ ၂၅ ရက် နေ့အထိ ကျင်းပရန် စီစဉ်ထားသော ထိုင်း-ကမ္ဘောဒီးယား ပူးတွဲနယ်နိမိတ်ကော်မရှင်(ဂျေဘီစီ)...
HomeInternationalTikTokအရောင်းအဝယ်ဖြစ်ဖို့တရုတ်အခွန်နှုန်းကိုလျှော့ပေးနိုင်--ထရမ့်ပ်

TikTokအရောင်းအဝယ်ဖြစ်ဖို့တရုတ်အခွန်နှုန်းကိုလျှော့ပေးနိုင်–ထရမ့်ပ်

            
အမေရိကန်ပြည်သူ သန်း ၁၇၀ ခန့် အသုံးပြုနေသည့် ဗီဒီယိုအက်ပ်ကို ရောင်းချရန် TikTok ၏ တရုတ်မိခင်ကုမ္ပဏီ ByteDance နှင့် သဘောတူညီချက်ရရေး အလို့ငှာ အခွန်းစည်းကြပ်မှုများကို လျှော့ချပေးရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ်လ ၂၆ ရက် နေ့တွင် ပြောကြားခဲ့သည်။
        
ByteDance အနေဖြင့် TikTok ကို တရုတ်လူမျိုးမဟုတ်သော ဝယ်ယူသူကို ရှာဖွေရန်နှင့် သို့မဟုတ်ပါက ဇန်နဝါရီလတွင် အသက်ဝင်ခဲ့သော ၂၀၂၄ ခုနှစ် ဥပဒေ၏ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေများအရ ဧပြီ ၅ ရက်နောက်ဆုံးထား၍ အက်ပ် ပိတ်ပင်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။
            
ဆိုရှယ်မီဒီယာ အက်ပ်နှင့် ပတ်သက်၍ သဘောတူညီချက် မရရှိခဲ့ပါက ဧပြီလ နောက်ဆုံးသတ်မှတ်ရက်ကို သတ်တမ်းတိုးရန် သူ ဆန္ဒရှိသည်ဟု ထရမ့်ပ်က ပြောဆိုခဲ့သည်။
          
တရုတ်နိုင်ငံအနေဖြင့် သဘောတူညီချက်ကို အတည်ပြုပေးခြင်း အပါအဝင် အရောင်းအဝယ် သဘောတူညီချက် ဖြစ်မြောက်စေရေးတွင် ပါဝင်ဆောင်ရွက်မည်ကို သူက အသိအမှတ်ပြုခဲ့ပြီး “ဒီကိစ္စ ပြီးမြောက်ရေးမှာ သူတို့ကို အခွန်အကောက် နည်းနည်းပါးပါး လျှော့ပေးတာမျိုး ဒါမှမဟုတ်လည်း တစ်ခုခု တော့ ငါ လုပ်ပေးနိုင်ပါတယ်” ဟု သတင်းထောက်များကို သူက ပြောကြားခဲ့သည်။
           
TikTok ကို ရောင်းချခြင်းသည် သူ့ အစိုးရအဖွဲ့၏ ဦးစားပေး အကြောင်းအရာဖြစ်ပြီး ယင်းကိစ္စသည် ပေကျင်းနှင့် အခွန်အကောက်ကိစ္စတွင် အလျှော့အတင်းလုပ်စရာအဖြစ် သုံးနိုင်လောက်သည်အထိ အရေးပါကြောင်း မစ္စတာ ထရမ့်ပ်က မှတ်ယူထားသည်။
         
ဖေဖော်ဝါရီလနှင့် မတ်လ အစောပိုင်းတွင် တရုတ်နိုင်ငံမှ သွင်းကုန်အားလုံးအပေါ် လက်ရှိအခွန်းစည်းကြပ်ထားမှုနှုန်းတွင် စုစုပေါင်း ၂၀ ရာခိုင်းနှုန်းအထိ ထရမ့်ပ်က ထပ်တိုးသတ်မှတ်ခဲ့သည်။ Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယားတွင် တရုတ်တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းဖွင့်      

ကမ္ဘောဒီးယားနိုင်ငံ ကော့ကွန်းပြည်နယ်တွင် နိုင်ငံတော်ဓာတ်အားလိုင်းအတွက် “အစိမ်းရောင် ပါဝါဘဏ်” အဖြစ် ဆောင်ရွက်ရန် ဒီဇိုင်းထုတ်ထားသော ဒေါ်လာ ၁ ဘီလျံတန် Upper Tatay ရေအားလျှပ်စစ်စီမံကိန်းစတင်ခြင်း အခမ်းအနားကို ကမ္ဘောဒီးယားနှင့် တရုတ်အရာရှိများ တက်ရောက်ခဲ့ကြသည်။    အရှေ့တောင်အာရှနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပုံစံသို့ ပြောင်းလဲရန် အသင့်ဖြစ်နေသော တရုတ်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၏ ပထမဆုံး ဂစ်ဂါဝပ်အဆင့်ရှိ ရေအားလျှပ်စစ်စက်ရုံတည်ဆောက်မှု တရားဝင်စတင်လိုက်ပြီဖြစ်သည်။ အနောက်တောင်ပိုင်း ကော့ကွန်းပြည်နယ်တွင် တည်ရှိသော အထက်တာတေး စီမံကိန်းသည် နိုင်ငံ၏ ကြီးထွားလာသော အစိမ်းရောင်စွမ်းအင်အခြေခံအဆောက်အအုံတွင် ဒေါ်လာ ၁ ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံမှုကို...

အီရန်နှင့်ဆွေးနွေးပွဲသဘောတူညီချက်မရဘဲ ယူအက်စ်အဖွဲ့ ပြည်တော်ပြန်

အီရန်နှင့် အချိန် ၂၁ နာရီကြာ စေ့စပ်ညှိနှိုင်းမှုများလုပ်ခဲ့သော်လည်း သဘောတူညီချက်မရရှိခဲ့သောကြောင့် အမေရိကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်မှ ပြန်လည်ထွက်ခွာပြီဖြစ်ကြောင်း အမေရိကန်ဒုတိယ သမ္မတ ဂျေဒီဗန့်စ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။       ဆွေးနွေးပွဲတွင် အားနည်းချက်များကို ဗန့်စ်က ကိုးကားပြောဆိုခဲ့ပြီး အီရန်သည် နျူကလီးယားလက်နက်များ တည်ဆောက်ရေးကိစ္စအပါအဝင် အမေရိကန်၏ စည်းကမ်းသတ်မှတ်ချက်များကို လက်မခံကြောင်း ပြောကြားခဲ့သည်။          “သတင်းဆိုးကတော့ ကျွန်တော်တို့ သဘောတူညီချက် မရသေးဘူးဆိုတာပါပဲ။ ဒါက အမေရိကန်ပြည်ထောင်စုအတွက် သတင်းဆိုးဆိုတာထက် အီရန်အတွက် ပိုပြီး သတင်းဆိုးဖြစ်မယ်လို့ ထင်ပါတယ်” ဟု ဗန့်စ်က ပြောကြားခဲ့သည်။     “ဒါကြောင့် သဘောတူညီချက်မရဘဲ ကျွန်တော်တို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071