ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်၊မြို့သစ်(က/ခ)ရက်ကွက်ရှိ ဘုရင့်နောင်လမ်းမကြီးပေါ်တွင် ဖေဖော်၀ါရီ ၁၇ ရက်(ယနေ့)နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့(အင်းစိန်)မှ သိရသည်။
ယနေ့နံနက်အစောပိုင်း ၄ နာရီခွဲခန့်က အင်းစိန်မြို့နယ်၊မြို့သစ်(က/ခ)ရပ်ကွက်၊ဘုရင်နောင်လမ်းမကြီး၏ ရွှေဝါ(၂)လမ်းထိပ်တွင် ရန်ကုန်ဆေးရုံကြီးမှဆင်းလာသူအား တင်ဆောင်လာသည့် Taxi ကားသည် Box ကား၏နောက်ပိုင်းအားဝင်တိုက်မိခဲ့ကြောင်း သိရသည်။
“ဖုန်းသတင်းဝင်လာလို့သွားပြီးကူညီပေးခဲ့ပါတယ် ရန်ကုန်ဆေးရုံကြီးကဆင်းလာတဲ့လူကိုတင်လာတဲ့ Taxi ကားက Box ကားနောက်ပိုင်းကိုဝင်တိုက်မိတာ Taxi ပေါ်က အမျိုးသမီးတစ်ယောက်က နှာခေါင်းသွေးထွက်ပြီး သတိလစ်သွားတယ် အနီရောင်အဆင့်ပေါ့ နောက်အမျိုးသား ၄ ယောက်က ထိခိုက်ပွန်းပဲဒဏ်ရာတွေရတယ် သူတို့ကတော့မစိုးရိမ်ရပါဘူး မြေပြင်ကုသတာတွေလုပ်ပေးပြီး ဆေးရုံပို့ပေးခဲ့ပါတယ်”ဟု တွဲလက်လူမှုကူညီရေးအဖွဲ့(အင်းစိန်)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
အခင်းဖြစ်ပွားပြီးနောက် Taxi မောင်းသူမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု တွဲလက်လူမှုကူညီရေးအဖွဲ့(အင်းစိန်)မှ သိရသည်။
ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား ၄ ဦးနှင့်အမျိုးသမီး ၁ ဦးတို့အား တွဲလက်လူမှုကူညီရေးအဖွဲ့(အင်းစိန်)မှ အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-တွဲလက်လူမှုကူညီရေးအဖွဲ့



