ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ SIM Card များမှတ်ပုံတင်ရာတွင် ဆင်းကတ်မှတ်ပုံတင်သည့် အမည်၊ မှတ်ပုံတင်အမှတ်တို့အား မှန်/မမှန် စစ် ဆေး၍ ပြင်ဆင်ရန်လိုအပ်ပါက ၂၀၂၃ ခုနှစ်၊ဇန် နဝါရီ ၃၁ ရက်နောက်ဆုံးထား၍ ပြင်ဆင်ရန် အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ပြင် ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းအား သက်ဆိုင်ရာအော်ပရေတာများ၏ အရောင်းဆိုင်များ၊ Application များနှင့် Website တို့တွင် ဆောင်ရွက်နိုင်သည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့သည်။
အမည်၊ မှတ်ပုံတင်အမှတ်တို့အား မှန်မမှန်စစ် ဆေးသိရှိနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)အတွက် *601# ၊ Atom အတွက် *97933# ၊ Ooredoo အတွက် *666# ၊ Mytel အတွက် *966# သို့ခေါ်ဆို၍ ကြည့်ရှုစစ်ဆေးနိုင် သည်ဟု ထုတ်ပြန်ခဲ့သည်။
SIM Card များမှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့် အမည်၊မှတ်ပုံတင်အမှတ်များအား လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ အချက်အလက် မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းကတ်များကို ပိတ်သိမ်းသွားမည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
Photo – flickr
