Saturday, January 24, 2026

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး...

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း...

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ်...

ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...

မနက်ဖြန် ဇန်နဝါရီ (၂၅)၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး မဲဆန္ဒရှင်များ အေးချမ်းစွာ မဲပေးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...
HomeMoviesSheworks မှ အမျိုးသမီးများအတွက်...

Sheworks မှ အမျိုးသမီးများအတွက် ကြော်ငြာစာဖန်တီးရေးသားနည်း အခမဲ့သင်တန်း ဖွင့်လှစ်မည်

“𝐒𝐡𝐞𝐰𝐨𝐫𝐤𝐬” မှ အမျိုးသမီးများအတွက် ‘ကြော်ငြာစာဖန်တီးခြင်း Content Creation Workshop for Women-Lef Businesses & Individual Women (Batch – 1) ကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးလုပ်‌‌နေသည့် အမျိုးသမီးများ အွန်လိုင်းပေါ်တွင် မိမိထုတ်ကုန်နှင့် ၀န်ဆောင်မှုများကို ယုံကြည်မှုရှိရှိ မြှင့်တင်နိုင်ရန်၊ ဒီဂျစ်တယ် ဈေးကွက်ရှာဖွေခြင်း နှင့် Content ဖန်တီးပြီး မိမိစီးပွားရေးကို မြှင့်တင်ရန် ယင်း Workshop လေးကို ပါဝင်ကြရန် ဖိတ်ခေါ်ထားသည်။

ယခု SheWorks Program ကို” SheWorks – Vocational Training Programs ” နှင့် “3Zero House Myanmar ” တို့က ပူးတွဲပြုလုပ်ထားခြင်းဖြစ်သည်။

ယင်းသင်တန်းတွင် သင့်လုပ်ငန်း၏ ရည်ရွယ်ချက်( Brand Purpose)၊(Storytelling) ဖြင့် ၀ယ်သူကို ဆွဲဆောင်ခြင်း၊ Smartphone အခြေခံ နည်းလမ်းများဖြင့် ကြည်လင်ပြတ်သား၍ ဆွဲဆောင်မှုရှိသော ပစ္စည်းဓာတ်ပုံများ ရိုက်ယူနိုင်ခြင်း၊ ထုတ်ကုန်မြှင့်တင်ရန်အတွက် ရိုးရှင်း၍ စိတ်ဝင်စားဖွယ်ကောင်းသော စာသားများ (Captions) ရေးသားနည်း၊ မိမိလုပ်ငန်းအတွက် သင့်လျော်မည့် Content ပုံစံများလုပ်နည်း၊ ၇ ရက်စာ Content Plan ရေးဆွဲနည်း၊ Canva ကို အသုံးပြု၍ Social Media တွက်ဒီဇိုင်းများ ဖန်တီးနည်း၊ ဒစ်ဂျစ်တယ် လုံခြုံရေး(Digital Safety)နည်းလမ်းများကို ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဒီဇင်ဘာ ၂၁ ရက်၊ နံနက်  ၉ နာရီခွဲမှ နေ့လည် ၁၂ နာရီခွဲ အထိရန်ကုန်မြို့အမှတ် ၁၆၇၊ ၄၇လမ်း၊ အထက်ဘလော့ ၊ ဗိုလ်တထောင်မြို့နယ်ရှိ 3ZERO House Myanmar တွင် သင်ကြားပေးမည်ဖြစ်သည်။

ကွန်ပျူတာနှင့်ပတ်သက်ပြီး အခြေခံရှိသူများ တတ်ရောက်နိုင်ပြီး၊ သင်တန်းကို မပျက်မကွက် တတ်ရောက်နိုင်သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဒီဇင်ဘာလ ၁၆ရက်နောက်ဆုံးထား၍ လျှောက်ထားပေးပို့ရမည်ဖြစ်ပြီး ပေးပို့လာသော လျှောက်လွှာ များထဲမှ သင့်လျော်သူများကို interview ခေါ်ဆိုသွားမည်ဖြစ်ကာ သင်တန်းအတွက် ရွေးချယ်ခံရသူများကို ပြန်လည် ဆက်သွယ်ပေးသွားမည်ဖြစ်သည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် သင်တန်းစရံငွေ  Success rate – 20,000ကျပ် ကြိုတင်ပေးသွင်းရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်ပါက 20,000ကျပ် ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ICRC က ပေးအပ်နေ

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ပေးအပ်နေကြောင်း အသိပေးထားသည်။ ရပ်ရွာအခြေပြုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်း (CAPT)ကို သင်ကြားပို့ချခဲ့ပြီး တောင်သူကိုယ်စားလှယ်များရေရှည်ဆောင်ရွက်နိုင်မည့် လယ်ယာစိုက်ပျိုးနည်းစနစ်များအပြင် မြေဆီထိန်းသိမ်းပုံနှင့် သဘာဝမြေသြဇာအသုံးပြုပုံတို့ကိုလည်း လက်တွေ့ သင်ကြားပေးခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် ယခု ၂၀၂၆ ခုနှစ်အတွင်း သင်တန်းတက်ရောက်ခဲ့ကြသည့် တောင်သူကိုယ်စားလှယ်များက ၎င်းတို့ သင်တန်း၌ လေ့လာသင်ယူခဲ့သည့် ကျွမ်းကျင်မှုနည်းပညာများကို အခြားတောင်သူများကိုတဆင့်မျှ‌ဝေပေးကာ ထောက်ပံ့ကူဘညီနေကြပြီဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် သင်တန်းတွင်ပါဝင်ခဲ့သည့် အခြားတောင်သူကိုယ်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွ င်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့် မီးလောင်မှုများ မဖြစ်ပေါ်စေရေး၊ မီး‌ဘေးလုံ ခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲအပိုင်း (၃)ကို ဇန်နဝါရီလ(၂၅)ရက်တွင် ကျင်း ပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဆားလင်းကြီးမြို့နယ်နှင့် ကနီမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆားလင်းကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းကိုနှင့်အဖွဲ့ဝင်များလိုက်ပါပြီး ဆားလင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာ နမှ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးဦးနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း ပြန်လည်ခေါ်ယူ

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်အတွင်း တိုက်စစ်ပိုင်း အားဖြည့်ရန်ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ Bakayoko သည်  ပြီးခဲ့သည့်ဘောလုံးရာသီအတွင်း  ရှမ်းယူနိုက်တက်အသင်းနှင့်အတူ MNL အမှတ်ပေးဖလား၊ League Cup ချန်ပီယံဆုနှင့်အတူ AFC Challenge League ၌ ကွာတားဖိုင်နယ်အထိ တက်လှမ်းနိုင်ရန် ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်သည်။ လတ်တလော ကျင်းပပြုလုပ်နေသည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသားပြိုင်ပွဲအတွင်း ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ပွဲစဉ် (၁၃) အပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071