Girls Generation ရဲ့ အငယ်ဆုံး အဖွဲ့ဝင် Seohyun က ၁ဝ နှစ်တာကာလ အတွင်းမှာ ရိုးသားပြီး ချစ်ဖို့ကောင်းတဲ့ ပုံစံ တွေကိုပဲ ပရိ သတ်တွေ ကို ပြသခဲ့တာပါ။ ဒါပေမဲ့ သူမရဲ့ တစ်ကိုယ်တော် အတွက် ရိုက်ကူးရေးမှာ တော့ သူမရဲ့ ကောက်ကြောင်း အလှနဲ့ ဆွဲဆောင် မှုရှိတဲ့ သူမရဲ့ အလှတွေကို ပြသခဲ့ပါတယ်။ ဇန်နဝါရီ ၁၆ရက်နေ့ က “Donot Say No” အယ်လ် ဘမ်ရိုက်ကူးရေး စင်မြင့်မှာ Seohyun က အခုလို ဖြေခဲ့ပါတယ်။ သီချင်းတစ်ပုဒ် ကလွဲလို့ ကျန်တဲ့ သီချင်း စာသားတွေကို သူမကိုယ်တိုင် ရေးသားထား တာပါ။ အချစ် အကြောင်းတွေ ပဲ အသားပေး ရေးသားထားတာပါ။
“Donot Say No” ရဲ့ သီချင်းတွေကို နား ထောင်ပြီးတဲ့ အချိန် မှာတော့ သူမဟာ လွန်ခဲ့တဲ့ ၁ဝ နှစ်က လိုမျိုး မဟုတ်တော့ဘဲ ရင့်ကျက်ပြီး ဆွဲဆောင် မှုရှိတဲ့ အမျိုးသမီးလေး တစ်ယောက် ဖြစ်လာပါတယ်။ သီချင်းပုံစံတွေ ကလည်း သူမနဲ့ လိုက်ဖက်ခဲ့ပါတယ်။ “Do not Say No” အယ်ဘမ် က ဇန်နဝါရီ ၁၇ ရက်နေ့က ထွက်ရှိခဲ့တာကြောင့် အားပေးဖို့ မမေ့နဲ့ နော်။