Monday, August 17, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊...

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့...

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ...

ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ်...

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဦးရဲထွန်းဦးအား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၄/ ၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ...

လဝက ဒု-ဝန်ကြီးဒေါက်တာခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒု-ဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေး 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒု -ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေသော ဒေါက်တာ ခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒု-ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ်(၆၃ /၂၀၂၆)ဖြင့် ယနေ့ ဩဂုတ်...
HomeNewsLocal NewsSeafarers Support Fund...

Seafarers Support Fund သည် သင်္ဘောသားများအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်ဟု MSESF ဥက္ကဌ ပြောကြား

“MLC 2006 အရ သင်္ဘောသားတွေအတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ထားဖို့ SRPS ကုမ္ပဏီတွေကစုပေါင်းဆောင်ရွက်ထားရပါတယ်။ ဒါကို DMA က ကြီးကြပ်လမ်းညွှန်ပေးခဲ့ပြီး MSESF က အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေတွေကို SRPS ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေ စုစည်းထားတဲ့ကော်မတီတစ်ရပ်က ထိန်းသိမ်းပြီး SRPS တွေရဲ့အများပိုင် ရန်ပုံငွေ အဖြစ်ထားရှိပြီး ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သုံးစွဲရမှာဖြစ်ပါတယ်။ DMA ကိုပေးသွင်းရတာမျိုးမဟုတ်သလို လိုင်စင်ကြေးလည်းမဟုတ်ပါဘူး။

တရားဝင်ထွက်ခွာခဲ့တဲ့ သင်္ဘောသားတွေ စွန့်ပစ်ခံရမှု၊ လစာမရရှိမှု၊ ပြန်လည်ခေါ်ဆောင်နိုင်ရေးနဲ့ မြန်မာသင်္ဘောသားများအလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုတိုးတက်ရရှိလာနိုင်စေရေးနဲ့ အခြားအရေးပေါ်အခြေအနေတွေမှာ အကာအကွယ်ပေးနိုင်ဖို့ ဖွဲ့စည်းထားတဲ့ Seafarers Social Security Fund ဖြစ်ပါတယ်” Captain San Oo (မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်၏ ဥက္ကဌ)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊ မြန်မာ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရေးဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့၌ ခေတ္တရပ်နားစဉ် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် တွေ့ဆုံ၍ မြန်မာ-အိန္ဒိယ ချစ်ကြည်ရင်းနှီးမှု၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်နိုင်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ရာဂျာစတန်ပြည်နယ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊...

ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဦးရဲထွန်းဦးအား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၄/ ၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၉)တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ လဝက ဒု-ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒု-ဝန် ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးခဲ့၍ လစ်လပ်သွားသော ဒု-ဝန်ကြီးနေရာတွင် အစားထိုးခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071