ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၂၀၂၅ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ SEA Games တွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံများအတွက် ဘောလုံးပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲ အုပ်စုခွဲဝေမှုကို ယနေ့တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့သည်။
အုပ်စုခွဲဝေမှုအရ မြန်မာအမျိုးသား ယူ ၂၃ အသင်းသည် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူအသင်းတို့နှင့် ကျရောက်နေသည်။
အမျိုးသားပြိုင်ပွဲသည် အုပ်စုသုံးစုရှိကာ အုပ်စုပထမနှင့် အကောင်းဆုံးအုပ်စု ဒုတိယအသင်းတသင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည်လည်း အုပ်စု(ခ)၌ လက်ရှိချန်ပီယံ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့နှင့် အတူတကွကျရောက်ခဲ့သည်။
မြန်မာဖူဆယ်အမျိုးသားအသင်းသည် ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှားတို့နှင့် ပတ်လည်စနစ်ကန်ရမည် ဖြစ်သည်။
မြန်မာဖူဆယ် အမျိုးသမီးအသင်းသည် ဗီယက်နမ်၊ အင်ဒိုနီးရှားတို့နှင့် အုပ်စု ခ တွင် ကျရောက်နေသည်။
