ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊တာမွေကြီး(ခ)ရပ်ကွက်တွင် ဇူလိုင် ၁၆ ရက်(ယနေ့)နံနက်အစောပိုင်းက Probox ကား လမ်းလယ်ကာရံထားသည့်တန်းအားဝင်တိုက်မိပြီးနောက် မီးလောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
ယနေ့နံနက်အစောပိုင်း ၂ နာရီ ၄၈ မိနစ်ခန့်က တာမွေမြို့နယ်၊တာမွေကြီး(ခ)ရပ်ကွက်၊အရှေ့မြင်း ပြိုင်ကွင်းလမ်းအတိုင်းမောင်းနှင်လာသည့် Probox ကားသည် အခင်းဖြစ်နေရာအရောက် လမ်းလယ်အားကာရံထားသည့် တန်းအားဝင်တိုက်မိပြီးနောက် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်အား တာမွေမြို့နယ်မီးသတ်စခန်းမှမီး သတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက်အစောပိုင်း ၂ နာရီ ၅၅ မိနစ်၌မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။