Tuesday, June 9, 2026

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ...

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန်...

ပဲခူးတိုင်းလွှတ်တော်တွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်း (၄)...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (ဇွန် ၉ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လျှပ်စစ်ကဏ္ဍနှင့်...

Night Market အဖြစ် ပြန်လည်အသက်ဝင်လာသည့်...

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ နာမည်ကျော် လသာ(၁၉)လမ်းကို ယနေ့မှစတင်၍ Night Market အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ညပိုင်းတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း တွေ့ရသည်။ “အရင်ထက်...

(၅)ဂိုး (၁)ဂိုးရလဒ်ဖြင့် မြန်မာအသင်းဖိလစ်ပိုင်အသင်းကို ရှုံးနိမ့်

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေသည့် Tri-Nation Friendly ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဥ်ဖြစ်ကို ယနေ့ ဇွန်(၉)ရက် ညနေ (၆)နာရီအချိန်တွင် ယှဉ်ပြိုင်ကစားနေကြရာ (၅)ဂိုး (၁)ဂိုးရလဒ်ဖြင့်...
HomeMoviesPPP ဆိုင်ရာ ညွှန်ကြားချက်...

PPP ဆိုင်ရာ ညွှန်ကြားချက် ရေးဆွဲပြီး ဥပဒေရေးရာဝန်ကြီးဌာနသို့ သဘောထားတောင်းခံထား

အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) ဖြင့် အကောင်အထည်ဖော်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၆ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇,၃၂၅ ဒသမ ၂၉၈ သန်းရှိ

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ စာရင်းများအရ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) ပုံစံဖြင့် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၆ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇,၃၂၅ ဒသမ ၂၉၈ သန်းရှိကြောင်း အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က ပြောကြားသည်။

ယင်းကို ယမန်နေ့က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေ၏ “Public-Private Partnership (PPP) ဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး အစီအစဉ်ရှိ၊ မရှိ” မေးခွန်းအား ပြန်လည်ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇၅ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကျပ် ၈ ဒသမ ၆၂၇ ထရီလီယံကျော်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းလည်း ဒုတိယဝန်ကြီးက ပြောကြားသည်။

သီလဝါဆိပ်ကမ်းတွင် ကုမ္ပဏီ ၂၂ ခုက ပြည်ထောင်စုအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုမိန့်များရယူပြီး သက်ဆိုင်ရာဥပဒေများနှင့်အညီ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အတွင်း PPP လုပ်ငန်းများ၏ အရည်အသွေးနှင့် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာစေရန်အတွက် နိုင်ငံတော်သမ္မတရုံး၏ Project Bank ဆိုင်ရာ ညွှန်ကြားချက်တွင် PPP နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို အခန်း (၄) မှ အခန်း (၁၀) အထိ ထည့်သွင်းပြဋ္ဌာန်းထားကြောင်းလည်း ၎င်းက ပြောသည်။

အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (PPP Center) အနေဖြင့်လည်း အစိုးရ၏ ဖိတ်ခေါ်မှုမရှိဘဲ မိမိဆန္ဒအလျောက် တင်သွင်းလာသည့် စီမံကိန်းအဆိုပြုလွှာများအတွက် ယှဉ်ပြိုင်တင်ဒါခေါ်ယူမှု လုပ်ငန်းစဉ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ ညွှန်ကြားချက်ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

ထို့အပြင် PPP နှင့်စပ်လျဉ်းသည့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားချက် (Notification of PPP) ကိုလည်း ရေးဆွဲထားပြီး ဥပဒေရေးရာဝန်ကြီးဌာနသို့ သဘောထားတောင်းခံထားကြောင်း ဒုတိယဝန်ကြီး ဦးကျော်ထင်က ပြောကြားခဲ့သည်။

ဒေသတွင်း အာဆီယံနိုင်ငံများအနက် PPP ဥပဒေ သီးခြားပြဋ္ဌာန်းထားသည့် နိုင်ငံ လေးနိုင်ငံရှိပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံခုနစ်နိုင်ငံတွင် လမ်းညွှန်ချက်များ၊ စည်းမျဉ်းများ၊ ဒီကရီများ၊ အက်ဥပဒေများနှင့် PPP လက်စွဲများကို အသုံးပြု၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် PPP လုပ်ငန်းများကို အစိုးရဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ကြောင်း ဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရမည်ဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများမှာ MSME လုပ်ငန်းများဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလေးထားကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ “နိုင်ငံအခြေအနေအရ MSME ကို ဗဟိုပြုပြီး...

ပဲခူးတိုင်းလွှတ်တော်တွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်း (၄) ခု မေးမြန်း၊ ဒေသခံများ၏ လျှပ်စစ်မီးရရှိရေး အဓိကထားဆွေးနွေး

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (ဇွန် ၉ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်သည့် မေးခွန်း (၄) ခုကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ကဝမြို့နယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ညီညီစိုးက ကဝမြို့နယ်အတွင်း ဒေသခံပြည်သူများ လျှပ်စစ်မီး အဆင်ပြေချောမွေ့စွာ ရရှိနိုင်ရေး၊ လျှပ်စစ်ဓာတ်အား အချိန်မှန်ဖြန့်ဖြူးပေးနိုင်ရေးနှင့် မီးအားပြည့်ဝစွာ ရရှိနိုင်ရေးအတွက် မည်သည့်စီမံကိန်းများဖြင့် မည်သည့်အချိန်ကာလအတွင်း ဆောင်ရွက်ပေးနိုင်မည်ကို မေးမြန်းခဲ့သည်။ အုတ်ဖိုမြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်က အုတ်ဖိုမြို့နယ်၊...

Night Market အဖြစ် ပြန်လည်အသက်ဝင်လာသည့် လသာ(၁၉)လမ်း၊ လာရောက်လည်ပတ်သူများဖြင့် စည်ကား

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ နာမည်ကျော် လသာ(၁၉)လမ်းကို ယနေ့မှစတင်၍ Night Market အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ညပိုင်းတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း တွေ့ရသည်။ “အရင်ထက် ပိုကောင်းသွားတယ်။ တခြားနိုင်ငံက Night Market တွေနဲ့ ဆင်တူလာတယ်။ ဆိုင်တွေ စည်းကမ်းတကျ ရောင်းချနိုင်ဖို့ပဲ လိုတော့တယ်” ဟု လာရောက်လည်ပတ်သူတစ်ဦးက ပြောသည်။ လသာ(၁၉)လမ်းကို နိုင်ငံတော်အစိုးရ၏ စီမံချက်ဖြင့် Night Market အဖြစ် ပထမဆုံး အကောင်အထည်ဖော် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် (၁၉)လမ်းတစ်လျှောက် အလှမီးပုံးများ တပ်ဆင်ထားပြီး ဈေးသည်များကိုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071