မန္တလေးက လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်မှာ စာအုပ်ဆိုင်ခန်းခ ဝေဖန်မှုများပေါ်ပေါက်နေ

မန္တလေးက လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်မှာ စာအုပ်ဆိုင်ခန်းခ ဝေဖန်မှုများပေါ်ပေါက်နေ
August 9, 2018 AsianFame MediaGroup

3:03 pm
မန္တလေးက လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်မှာ စာအုပ်ဆိုင်ခန်းခ ဝေဖန်မှုများပေါ်ပေါက်နေ

manadalay

မန္တလေး သြဂုတ် ၉

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်မှာ စာအုပ်ဆိုင်ခန်းခကို တစ်ခန်း ခြောက်သောင်းခွဲကျပ်ပေးသွင်းခိုင်းနေတာဟာ စာပေလုပ်ငန်းနလံမထူနိုင် အောင် လုပ်နေတာလို့ပဲယူဆတယ်လို့ မန္တလေးစာပေအသိုင်းအ၀ိုင်းက စာရေးဆရာကဗျာဆရာမိုသျှန်း (ဆောင်းစုရတီစာပေတိုက်) က ဒီကနေ့ပြောဆိုလိုက်ပါတယ်။

“စာအုပ်ဆိုင်ခန်းတစ်ခန်းကို ၆၅၀၀၀ ကျပ် ပေးသွင်းရပါတယ်၊ အရင်ကအခမဲ့လို့သိရပြီး နောက်တော့ ငွေကောက်ခံတာလို့သိရပါတယ်၊ နိုင်ငံကဆင်းရဲပါတယ်၊ လူအများစုက ပိုပြီးဆင်းရဲပါတယ်၊ စာအုပ်စာပေနဲ့ဝေးတော့ အသိပါဆင်းရဲ လာကြပါတယ်၊ စာပေလုပ်ငန်းကအဆိုးရွားဆုံးအခြေအနေမှာရောက်နေပါတယ်၊ ဒီလိုပွဲတော်ကြီးမှာ ရှိရှိသမျှစာအုပ်ဆိုင်တွေ ရောင်းချရင် မကောင်းဘူးလား။ ကျွန်တော်တစ်ယောက်ထဲအမြင်ကို ပြောရရင် ဒီလိုများပြားသောငွေ ကောက်ခံတာဟာ စာပေလုပ်ငန်းကို နလံမထူနိုင်အောင်လုပ်တယ်လို့ယူဆမိပါတယ် “လို့ ၄င်းရဲ့ Facebook အကောင့်မှာရေးသားခဲ့ သလို “အရင်ပွဲတွေတုန်းက (ငွေ)မသွင်းရတာရှိသလို သွင်းရတဲ့အခါလည်းရှိတယ်ခင်ဗျ။၊ ပွဲတော်တစ်ခုမှ သုံးသောင်း(ကျပ်)လားမသိဘူး သွင်း ရတယ်၊ အခုက ၃ ရက်စာကို ခြောက်သောင်းခွဲ(ကျပ်) ဆိုတော့ မပေးသွင်းချင်ရင် မရောင်းရုံပဲရှိတာဆိုတော့ ပေးရတာပေါ့ဗျာ”လို့ ပေါ်ပြူလာနယူးစ်ရဲ့ဆက်သွယ်မေးမြန်းမှုနဲ့ပတ်သက်ပြီး သူကပြန်လည်ဖြေကြားပေးပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မယ့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး)ကို မန္တလေးမြို့ မန္တလေးတက္ကသိုလ်ဝင်းအတွင်း သြဂုတ် ၁၁ ရက် မှ ၁၃ ရက်အထိ ကျင်းပပြုလုပ်သွားဖို့ ပြန်ကြားရေးဝန်ကြီးဌာနအပါအ၀င် ၀န်ကြီး ဌာန ၅ ခုပူးပေါင်းစီစဉ်နေတာမှာ ပွဲတော်ကာလအတွင်း စာအုပ်ဈေးရောင်းပွဲတော်တစ်ခုလည်း ထည့်သွင်းထားပါတယ်။

Mandalay

မူလက စာအုပ်ဈေးဆိုင်ခန်းတွေကို အခမဲ့ငှားရမ်းအသုံးပြုခွင့်ပေးထားတယ်လို့သိရပြီး ပွဲတော်ရက်မတိုင်ခင်မှာပဲ ဆိုင်ခန်းခတွေကို တစ်ခန်းခြောက်သောင်းခွဲကျပ်ကောက်ခံနေတာကြောင့် ဝေဖန်မှုတွေထွက်ပေါ်ခဲ့တာလို့ သိရပါတယ်။

“အစဉ်အလာအရ ပွဲတော်တော်များများက အလကားရခဲ့တာကိုးဗျ။ နိုဗယ်လ်စာပေပွဲတော်တို့ ဧရာဝတီစာပေပွဲတော်တို့ ကျုံးဘေးက လမ်းလျှောက်စာပေပွဲတော်တို့မှာ အလကားရခဲ့တာပေါ့ဗျာ။ အဲဒါနဲ့သွားပြီးနှိုင်းယှဉ်ရင်တော့ များတာပေါ့ဗျာ၊ အလကားရခဲ့တုန်းကဟာ တွေနဲ့ နှိုင်းယှဉ်လို့ပါ တကယ်တမ်းကျတော့ ဘယ်ပွဲမဆို အထိုက်အလျောက်ပေးရတာရှိပါတယ်။ အရပ်ထဲက ဘုရားပွဲတောင်မှ သွားရောင်းရင် ပိုက်ဆံပေးရတာပဲဗျာ။ အခုဟာက ပထမဦးဆုံးပွဲဦးထွက် ပိုက်ဆံပေးရတော့ နည်းနည်းလေးစပ်ဖျင်းဖျင်း ဖြစ်သွားတာပါ”လို့ ဥတ္တရလွင်ပြင်စာပေပိုင်ရှင် စာရေးဆရာသင့်နော်က ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကတော့ ဒီငွေကြေးကောက်ခံမှုဟာ ၄င်းတို့နဲ့မသက်ဆိုင်ဘူး လို့ ဆိုပါတယ်။

“ငွေကောက်တဲ့ဖြတ်ပိုင်းကြီးက စည်ပင်ဖြတ်ပိုင်းကြီးပါ။ အဲဒီဖြတ်ပိုင်းအပေါ်မှာကိုပါထားပြီးသားပါ။ စည်ပင်သာယာရေးကော်မတီ လို့ပါ ထားပြီးသားပါ၊ စည်ပင်သာယာရေးကော်မတီလို့ပါနေရဲ့နဲ့ ပြန်ကြားရေးလို့ပြောနေတာကတော့ စဉ်းစားကြည့်ပေါ့၊ ကျွန်မတို့ ဒါနဲ့ပတ် သက်ပြီး ရှင်းပြနေရပါတယ်၊ ဖေ့စ်ဘွတ်မှာရေးနေကြတာတွေကိုလည်း ရှင်းပြလိုက်လို့ သူတို့အခုတော့ ပြန်ဖြုတ်သွားကြပါပြီ”လို့ မန္တလေးတိုင်းဒေသကြီး၊ ပြန်/ဆက်ဦးစီးမှူးဒေါ်ဝေေ၀ဖြိုးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဆီ ဆက်သွယ်မေးမြန်းရာမှာတော့ “အဲဒါ ကျွန်တော်တို့ကောက်တာမဟုတ်ပါဘူး၊ ပွဲကျင်းပရေးကကောက်တာပါ၊ ကျွန်တော်တို့စည်ပင်သာယာက တစ်ပြားမှမယူပါဘူး၊ ကျွန်တ်ာတို့ရဲ့ဖြတ်ပိုင်းနဲ့လို့သာဆိုတယ်၊ ကျွန်တော်တို့က တစ်ပြားမှမယူပါဘူး”လို့ စည်ပင်ကော်မတီဝင်တစ် ဦးက ပြန်လည်ဖြေကြားပေးပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*