ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအပေါ် နေပြည်တော်အထိ ချီတက်ဆန္ဒပြမှုအား တားမြစ်

ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအပေါ် နေပြည်တော်အထိ ချီတက်ဆန္ဒပြမှုအား တားမြစ်
July 23, 2018 AsianFame MediaGroup

3:18 pm
ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအပေါ် နေပြည်တော်အထိ ချီတက်ဆန္ဒပြမှုအား တားမြစ်

PNL 1

မန္တလေး ဇူလိုင် ၂၃

ပုသိမ်ကြီးမြို့နယ် အောင်သပြေရွာအနီး ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအပေါ် ကန့်ကွက်ကြတဲ့ဒေသခံ ကျေးရွာသားတွေ ဒီနေ့မနက် ၁၀ နာရီအချိန့်ခန့်က နေပြည်တော်အထိချီတက်လမ်းလျှောက်ဆန္ဒထုတ်ဖော်ဖို့ ၄င်းတို့ရွာကနေ ထွက်ခွာလာတာကို မန္တလေး-မတ္တရာကားလမ်း ကြာနီကန်ရဲစခန်းရှေ့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တားမြစ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ ခွင့်ပြုမိန့်ပေးမထားတာကြောင့် တားမြစ်ရတာဖြစ်တယ်လို့ ပိတ်ဆို့မှုမှာပါဝင်တဲ့ ကြာနီကန်ရဲကင်းစခန်းတာဝန်ကျရဲအရာရှိကပြောပါတယ်။

စက်ရုံတည်ဆောက်နေတာအပေါ် ကန့်ကွက်ကြောင်း ဒေသအစိုးရဆီတင်ပြတောင်းဆိုမှုတွေပြုလုပ်ခဲ့ပေမယ့် မပြေလည်သေးတာကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သိရှိစေဖို့ နေပြည်တော်အထိ သွားရောက်ဆန္ဒထုတ်ဖော်ဖို့ထွက်လာကြတာလို့သိရပြီး ဒေသခံတွေဘက်က တရားဝင်အကြောင်းကြားစာလျှောက်ထားခဲ့ပေမယ့်လည်း မရခဲ့ဘူးလို့ ဆန္ဒထုတ်ဖော်သူတစ်ဦးဖြစ်တဲ့ဦးရွှေအုန်းက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေရွာအနီး တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံဟာ ဒေသခံတွေအတွက် အကျိုးမရှိကြောင်း၊ စက်ရုံကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေဖြစ်ပေါ်နေကြောင်း၊ ဘာသာရေးအဆောက်အဦတွေ ပျောက်ကွယ်ရမယ့်အခြေအနေနဲ့ကြုံတွေ့နေရကြောင်း ကန့်ကွက်ကြသူတွေဘက်က အထောက်အထားတွေနဲ့တင်ပြထားပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကတော့ ဒီစက်ရုံတည်ဆောက်မှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပြီးဖြစ်ကြောင်း၊ စက်ရုံတည်ဆောက်နေမှုအား ကန်ကွက်ကြသူ ၅၀ ဦးပင်မရှိ ကြောင်း တရားဝင်ပြောဆိုထားပါတယ်။

ကန့်ကွက်ကြသူတွေဘက်ကတော့ နေပြည်တော်အထိ မရောက်ရောက်အောင် ချီတက်ဆန္ဒထုတ်ဖော်သွားမှာလို့ ပြောဆိုနေကြပါတယ်။

PNL 4

PNL 3

PNL 2

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*