2:14 pm
ဖားကန့်၊ ဇူလိုင် ၁၈
လုံးခင်း၊ မဟာကျင်းဟောင်း နွံကန်ပေါက်တဲ့နေရာမှာ ဒီကနေ့မှာပဲ အလောင်းတစ်လောင်းထပ်မံတွေ့ရှိခဲ့တယ်လို့သိရပါတယ်။
တွေ့ရှိတဲ့အလောင်းမှာ ပွိုင့်ဖိနပ်သာပါရှိတော့ပြီး အကျီ င်္အ၀တ်အစားမပါရှိတော့ကြောင်းနဲ့ အလောင်းကို မြင့်မြတ်သူလူမှုကူညီရေးအသင်းနဲ့ သင်္ဂဟအသင်းတို့က သုဿာန်ကိုသယ်ယူသွားပြီဖြစ်ကြောင်း လူပျောက်စာရင်းတိုင်ထားတဲ့မိသားစုဝင်တွေအနေနဲ့ သွားရောက်ကြည့်ရှူလိုကြောင်း အဆိုပါ အသင်းအဖွဲ့တွေက ကြေညာထားတယ်လို့ လုံးခင်းဒေသခံတစ်ဦးကဆိုပါတယ်။
မဟာကျင်းဟောင်းနွံ့ကန်ပေါက်မှုဟာ ဇူလိုင် ၁၄ရက်နေ့ နေ့လည်၂နာရီခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး နွံ့ပေါက်မှုကို ရာချီအရေအတွက်ရှိတဲ့ ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ ချဉ်ပေါင်းသယ်သူတွေခံခဲ့ရတာဖြစ်ပါတယ်။
အခင်းဖြစ်ဖြစ်ချင်းနေ့မှာ အလောင်း ၁၅ လောင်းပြန်လည်တွေ့ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၄၉ ဦးရှိခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်ပြီး နောက်နေ့တွေမှာ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့တွေဖြစ်တဲ့ “မြင့်မြတ်သူလူမှုကူညီရေးအသင်း..ဆန်ခါ ” ၊ “သင်္ဂဟ လူမှုကူညီရေးအသင်း. လုံးခင်း ” တို့က ထပ်မံဆယ်ယူခဲ့ကြကြောင်းသိရပါတယ်။
ထိုသို့ဆယ်ယူခဲ့ကြရာမှာ အခင်းဖြစ်ပြီးနောက်ရက်တွေမှာ တစ်ရက်ကို ၁ လောင်း ၊ ၂ လောင်း စသဖြင့် ထပ်မံတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
ဒီကနေ့ ယခုအချိန်ထိဆိုရင် နွံကန်ပေါက်မှုဖြစ်စဉ်မှာ သေဆုံးသူ ၂၂ ဦးအထိရှိခဲ့ပြီလို့ သိရပါတယ်။
သေဆုံးသူတွေအထဲမှာ အချို့ကတော့ ပိုင်ရှင်မပေါ်တဲ့အတွက် သက်ဆိုင်ရာဒေသအဖွဲ့အစည်းတွေက တာဝန်ယူပြီးသဂြိုံလ်ပေးတာတွေလုပ်ခဲ့ကြပါတယ်။
လုံးခင်းမြို့မရဲစခန်းက လူပေါင်းရာချီသေဆုံးတယ်ဆိုတဲ့သတင်းတွေဟာ မဟုတ်မှန်ကြောင်းပြောဆိုထားပေမယ့် ဒေသခံတွေကတော့ နွံကန်ပေါက်မှုမှာ လူများစွာပျောက်ဆုံးနေသေးတယ်လို့ ပြောနေကြပါတယ်။
AF.178
Photo-(မြင့်မြတ်သူလှုမှုကူညီရေးအသင်း)