၂၀၁၈ခုနှစ် နှစ်ဦးပိုင်းကစတင်ကာ ဟိုတယ်လုပ်ငန်းတွေ အထူးကျဆင်းလာဟုဆို

၂၀၁၈ခုနှစ် နှစ်ဦးပိုင်းကစတင်ကာ ဟိုတယ်လုပ်ငန်းတွေ အထူးကျဆင်းလာဟုဆို
July 17, 2018 Asian Fame

5:07 pm
၂၀၁၈ခုနှစ် နှစ်ဦးပိုင်းကစတင်ကာ ဟိုတယ်လုပ်ငန်းတွေ အထူးကျဆင်းလာဟုဆို

aa

ရန်ကုန်၊ဇူလိုင် ၁၇

၂၀၁၈ခုနှစ် နှစ်ဦးပိုင်းကစတင်ကာ ဟိုတယ်လုပ်ငန်းတွေ ကျဆင်းလာပြီး ဟိုတယ်လုပ်ငန်းရပ်နားမှုတွေများလာတယ်လို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဦးကျော်ခိုင်ကပြောပါတယ်။

“အခုဟာက အစိုးရခန့်မှန်းထားသလောက်ပြည်ပဧည့်သည်တွေကလဲ မ၀င်ဘူး။ ပြည်တွင်းခရီးသွားနှုန်းကလဲကျတယ်။ အဲဒါတွေကြောင့် ဟိုတယ်လုပ်ငန်းတွေသိသိသာသာမကောင်းဖြစ်လာတယ်”လို့ ဦးကျော်ခိုင်ကပြောပါတယ်။

ဟိုတယ်လုပ်ငန်းရပ်နားသွားတဲ့ကုမ္ပဏီတွေတဖြည်းဖြည်းများလာပြီဖြစ်တယ်လို့ လဲ၎င်းကဆိုပါတယ်။

၂၀၁၈ခုနှစ် ဘဏ္ဍာနှစ်အတွင်း ပြည်ပခရီးသွား ၂ ဒသမ ၉သန်း မြန်မာနိုင်ငံအတွင်းဝင်ရောက်လာမယ်လို့ အစိုးရအနေနဲ့ ခန့်မှန်းထားသော်လည်း လက်တွေ့မှာ ၀င်ရောက်မှုနည်းပါးခဲ့တာကြောင့် ဟိုတယ်လုပ်ငန်းတွေ အဆင်မပြေဖြစ်ခဲ့ရတာဖြစ်တယ်လို့ ၎င်းကပြောပါတယ်။

ယခင်ကဆို မြန်မာနိုင်ငံသို့ ပြည်တွင်းခရီးသွား ၇သန်းကျော်နဲ့ ပြည်ပခရီးသွား ၃သန်းကျော် လှည့်လည်သွားလာနေသော်လည်း ၂၀၁၈ခုနှစ်နှစ်ဦးပိုင်းကစပြီးခရီးသွားလာမှု သိသိသာသာလျော့နည်းလာတာဖြစ်ပါတယ်။

ယခုလိုဟိုတယ်လုပ်ငန်းတွေလျော့နည်းလာတာဟာ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အရေးကိစ္စတွေကြောင့် ပြည်ပခရီးသွားဝင်ရောက်မှုလျော့နည်းတာဖြစ်သလို ပြည်တွင်းစီးပွားရေးကျဆင်းနေတာကြောင့် ပြည်တွင်းခရီးသွားလာမှု လျော့နည်းရတာဖြစ်တယ်လို့ ဥိးကျော်ခိုင်ကပြောပါတယ်။

“အရင်က ဟိုတယ်လုပ်ငန်းတွေကနည်းတယ်။ အခုဟာက ဟိုတယ်တွေအများကြီးဆောက်ပြီး လူလဲမလာရော အခက်အခဲတွေဖြစ်ကုန်ရော”လို့ ဦးကျော်ခိုင်ကပြောပါတယ်။

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းလက်အောက်မှာ ဟိုတယ်လုပ်ငန်းပေါင်း ၁၂၅၀ခုရှိနေပြီး ခရီးသွားကာလတွေမှာပါ ဟိုတယ်ဌားရမ်းဝန်ဆောင်မှုတွေ သိသိသာလျော့ နည်းလာခဲ့ပြီလို့ ၎င်းအသင်းကဆိုပါတယ်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*