4:53 pm

ရန်ကုန်၊ ဇူလိုင်၁၇
လျို့ဝှက်စာရွက်စာတမ်းတွေရယူမှုနဲ့ တရားစွဲဆိုခံနေရတဲ့ ရိုက်တာသတင်းထောက်ကိုဝလုံး နဲ့ ကိုကျော်စိုးဦး တို့ အမှုအတွက် လိုအပ်လာလို့ ရှိရင် တရားခံပြသက်သေအဖြစ် ရဲမှူးချုပ်တင်ကိုကိုနဲ့ ရဲမှူးကြီးမျိုးသူစိုးတို့ကို ခေါ်သင့်ရင် ခေါ်မယ်လို့သတင်းထောက်တွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးသန့်ဇော်အောင်က ဒီကနေ့မှာ ပြောပါတယ်။
ဒီနေ့ပြုလုပ်တဲ့ ရိုက်တာသတင်းထောက်တွေရဲ့ ရုံးထုတ်အပြီးမှာ သူက ပြောဆိုခဲ့တာပါ။
”သက်သေခေါ်ဖို့ မခေါ်ဖို့နဲ့ ပတ်သတ်ပြီးကတော့ ကျွန်တော်တို့က တရားခံပြသက်သေအနေနဲ့ ထွက်ဆိုသွားမယ့် စာရင်းက တင်ပြီးသားဖြစ်နေတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ဥပဒေအဖွဲကတွေရဲ့ လိုအပ်ချက်အရ ညှိနှိုင်းပြီးတော့ ခေါ်သင့်ရင် ခေါ်ပါ့မယ်”လို့ ရှေ့နေဦးသန့်ဇော်အောင်က ပြောပါတယ်။
ခေါ်သင့်တယ်ဆိုရင် ကျွန်တော်တို့ ခေါ်သွားမှာ ပါလို့ သူက ဆက်ပြောပါတယ်။
“ရဲဝန်ထမ်းကို ခေါ်မယ်ဆိုရင် အခြားသက်သေတွေလို အလွယ်တကူခေါ်လို့ ရပါ့မလား၊အချိန်ဘယ်လောက်ကြာသွားမလဲ ။ဒါမျိုးတွေက ရှိသေးတယ်”လို့ ရှေ့နေဦးသန့်ဇော်အောင်က ဆိုပါတယ်။
မနေ့က လဲ သတင်းထောက် ကိုဝလုံး နဲ့ ကိုကျော်စိုးဦး၂ယောက်ကို ရုံးထုတ်စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။
ဒီနေ့ကတော့ စစ်ဆေးမေးမြန်းတာတွေ၊အပြန်အလှန်မေးခွန်းထုတ်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ – အောင်နိုင်စိုး(ကစ္ဆပ)