မနက်က မိုးကုတ်မှာမြေပြိုမှုဖြစ်ပြီး မိသားစုလိုက်သေဆုံးမှုဖြစ်ပွား

မနက်က မိုးကုတ်မှာမြေပြိုမှုဖြစ်ပြီး မိသားစုလိုက်သေဆုံးမှုဖြစ်ပွား
June 14, 2018 AsianFame MediaGroup

3:00 pm
မနက်က မိုးကုတ်မှာမြေပြိုမှုဖြစ်ပြီး မိသားစုလိုက်သေဆုံးမှုဖြစ်ပွား

35226266_1824584867585470_5040609726375657472_n

မိုးကုတ်၊ ဇွန် ၁၄

ဒီကနေ့ မနက် ၄ နာရီလောက်က မိုးကုတ်မြို့ အောင်သစ်လွင်ရပ်ကွက်မှာ မြေပြိုပြီး မိသားစုလိုက် လူ ၅ ဦးသေဆုံးခဲ့တယ်လို့ မိုးကုတ်မြို့နယ် ကျပ်ပြင်ရဲစခန်း ကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ကျပ်ပြင်ရဲစခန်းအပိုင်အထဲက ကသဲကျေးရွာအုပ်စု အောင်သစ်လွင်ရပ်ကွက် အောင်သစ်လွင်ဘုန်းကြီးကျောင်းတောင်ကုန်းဘေး ဘေးနားမှာ မြေပြိုမှုဖြစ်ပွားတာဖြစ်တယ်လို့ ကျပ်ပြင်ရဲစခန်းရဲ့တာဝန်ကျတာဝန်မှူးကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“လောလောဆယ်တော့ အလောင်း ၅ လောင်းစလုံးကို ဆေးရုံပို့ထားတယ်။ ဘယ်သူတွေဖြစ်တယ်ဆိုတာ စစ်ဆေးနေပါတယ်” လို့ ရဲစခန်းကပြောပါတယ်။

သေဆုံးသွားတဲ့ ၅ ဦးဟာ မိသားစု လိုက်ဖြစ်တယ်လို့ လည်း သိရပါတယ်။

မိုးကုတ်မြို့နယ် တိုင်းဒေသကြီး ၂ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းတင် က “အမေ တစ်ယောက် သမီးတစ်ယောက်၊ သားတစ်ယောက် ပြီးတော့ မိသားစုဝင်ပဲတစ်ယောက်၊ ဧည့်သည်လာတည်းတဲ့ တစ်ယောက် စုစုပေါင်း ၅ ယောက်ပါ။ အဲဒီနေရာက နဂိုကလည်း ပြိုနေကျနေရာဆိုတော့ တစ်ခြားလူတွေကရွှေ့ပြောင်းသွားကြပြီ။ သူတို့ပဲကျန်တာ သူတို့နေတဲ့အိမ်ပြိုသွားတယ်ပေါ့နော်။ မိုးကုတ်ကတောင်ပေါ်စခန်းမြို့ဆိုတော့တောင်ကုန်းတောင်စောင်းလေးတွေမှာ ပြန်ကျသဘော နွမ်းပါးတဲ့လူတွေက တဲတွေဆောက်ပြီးနေကြတာ။ ဒီနှစ်မိုးကလည်းတစ်ပတ်လုံးရွာတယ်/ ရေလည်းများတော့ မြေအိပြီးပြိုကျတာ။ ဒီနှစ်ကတော့အဆိုးဝါးဆုံးဖြစ်သွားတာပေါ့ ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

မနက် ၄ နာရီလောက်မှာ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး မနက် ၇ နာရီလောက်မှာတော့ အလောင်းတွေအားလုံးရှာဖွေရရှိခဲ့တယ်လို့ သူကဆိုပါတယ်။

မိုးကုတ်မြို့မှာ တစ်ချို့နေရာတွေမှာလည်း မြေပြိုမှုလေးတွေကြိုကြားကြိုကြားရှိပေမယ့် လူအသေအပျောက်မရှိဘဲ အခု မြေပြိုကျမှုမှာ လူအသေအပျောက်ရှိတာဖြစ်တယ်လို့ သိရပါတယ်။

AF – 178
Photo – Sai Wai Yan

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*