မကွေးတိုင်းက အခြေခံပညာကျောင်းတွေကို ဖြန့်ဝေမယ့် ကျောင်းဝတ်စုံ၊ဗလာစာအုပ်တွေဟာ နမူနာနဲ့ အရည်အသွေးကွာနေဟုဆို

မကွေးတိုင်းက အခြေခံပညာကျောင်းတွေကို ဖြန့်ဝေမယ့် ကျောင်းဝတ်စုံ၊ဗလာစာအုပ်တွေဟာ နမူနာနဲ့ အရည်အသွေးကွာနေဟုဆို
May 21, 2018 Fame Asian

4:52 pm
မကွေးတိုင်းက အခြေခံပညာကျောင်းတွေကို ဖြန့်ဝေမယ့် ကျောင်းဝတ်စုံ၊ဗလာစာအုပ်တွေဟာ နမူနာနဲ့ အရည်အသွေးကွာနေဟုဆို

၁

ကံမ ၊ မေ ၂၁

မကွေးတိုင်းအတွင်းက အခြေခံပညာကျောင်းတွေကိုအခမဲ့ ဖြန့်ဝေပေးမယ့် ကျောင်းဝတ်စုံတွေနဲ့ ဗလာစာအုပ်တွေဟာ မူလ နမူနာလာပြတာတွေနဲ့ အရည်အသွေးပိုင်းတွေကွဲလွဲမှုဖြစ်နေတယ်လို့ မကွေးတိုင်း ကံမမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းက ကံမမြို့နယ်ပညာရေးမှူးရုံးကို သွားရောက်ပြီး အခြေခံပညာရေးကျောင်းတွေအတွက် နိုင်ငံတော်က အခမဲ့ဖြန့်ဝေပေးတဲ့ ကျောင်းဝတ်စုံတွေနဲ့ စာအုပ်တွေကိုသွားရောက်စစ်ဆေးရာမှာအခုလို ကွဲလွဲနေကြောင်းတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သူကဆိုပါတယ်။

“ချုပ်ရိုးချုပ်သားတွေ၊ကျောင်းစိမ်းဝတ်စုံအသားတွေနဲ့စာအုပ်အသားတွေက တော်တော်အမျိုးအစားညံ့တာတွေ့ရတယ်။ အဆိုးဆုံးကတော့ ဘောင်းဘီပဲ။ နမူနာကအစိမ်းရောင်၊အခုဟာက စိမ်းဝါရောင်ဖြစ်နေတယ်။ တော်တော်လေးကိုကွဲတာ”လို့ ၎င်းကဆိုပါတယ်။

ဒီလိုကွဲလွဲနေတာတွေနဲ့ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး၊လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးကို တင်ပြမှာဖြစ်သလို ဘယ်လိုအရေးယူမှုတွေပြုလုပ်သွားမယ်ဆိုတာ စောင့်ကြည့်သွားမယ်လို့ ၎င်းကပြောပါတယ်။

23

“ကျွန်တော်က ကံမမြို့ကိုပဲစစ်တာပါ။ အခုလို ကွာလတီမကောင်းတဲ့အသားကို ချုပ်ရိုးချုပ်သားခပ်ညံ့ညံ့ချုပ်ထားတာနဲ့စာအုပ်အသားညံ့တာတွေပဲ မကွေးတိုင်းကိုပေးထားတယ်လို့သိရတယ်”လို့ ဦးဇော်ဝင်းကထပ်လောင်းဆိုပါတယ်။

ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာနက အခြေခံပညာကျောင်းသား/သူ တစ်ဦးချင်းစီအတွက် ၀တ်စုံတစ်စုံဖိုး ၁၄၀၀ ကျပ်ကို သက်ဆိုင်ရာတိုင်းဒေသကြီးအလိုက် ချထားပေးခဲ့ပြီး တိုင်းဒေသကြီးကနေ တင်ဒါခေါ် ၀တ်စုံချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး က ” ကျွန်တော်ပညာရေးဘက်က တာဝန်ရှိတဲ့သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်ခိုင်းထားပါတယ်။ အတိအကျတော့မသိရသေးဘူး။ ဗလာစာအုပ်ကတော့ ပေးတဲ့နမူနာနဲ့ တော်တော်များများကိုက်ညီပါတယ်။ ဗလာစာအုပ်ကတော့သိပ်ပြီးတော့မျိုးကွဲတွေသိပ်မရှိဘူးပေါ့။ အ၀တ်အစားကတော့ ကျွန်တော်တို့ ပေးတဲ့ ငွေကြေးကိုက ၁၄၀၀ ဆိုတော့ အနည်းဆုံးဈေးပေါ့နော်။ အညံ့ဆုံးအသားကိုပဲ ချုပ်တဲ့ပုံစံမျိုးတော့ရှိတာပေါ့။ သူတို့စပြီး ကျွန်တော်တို့ကို နမူနာလာပြရင် တစ်ခေါက်နဲ့တစ်ခေါက်က မတူဘူး ။ တစ်ခေါက်လာ ရင်ကောင်းသလို ပဲ၊ နောက်တစ်ခေါက်လာတော့ ကော်များတော့ ပိုကောင်းသလို၊ နောက်တစ်ခေါက်လာတော့ကော်မပါတော့ ပျော့သွားတော့ ပိုဆိုးသွားသလို အမျိုးမျိုးပဲ။ ကျွန်တော်က ပညာရှင်မဟုတ်တော့သေချာတော့မသိဘူး။ ဒီအ၀တ်အစားတွေကလည်း တရုတ်ဈေးကွက်က ၀ယ်ရတာကိုး။ ၀ယ်ရတယ်ဆိုတော့ ဒီအညံ့ဆုံးဈေးကွက်ကို ၁၄၀၀ နဲ့ချုပ်ရမယ့်အစမျိုးက ဒီတစ်ခေါက်ဝယ်ရင်ပုံစံတစ်မျိုး နောက်တစ်ခေါက်ဝယ်ရင်ပုံစံတစ်မျိုး ဆိုတော့ တစ်မျိုးစီ နမူနာပေးတာက တစ်ခေါက်နဲ့တစ်ခေါက်ကွဲနေတာ။ ဒါကလည်း ချည်တိုင်အရေအတွက်ကဘယ်လောက်ရှိမယ် မရှိဘူး အဲ့ဒါကလည်း စီစစ်ဖို့တော့လိုမှာပေါ့။ ချည်တိုင်အရေအတွက်က မပြည့်ဘူး ၊ ပြီးတော့ ချည်သားတို့ နိုင်လွန်သားတို့ ဒါတွေကိုလည်းပြန်ပြီးတော့ စီစစ်ရမှာပေါ့နော်။ လောလောဆယ်တော့ စီစစ်ခိုင်းထားပါတယ်” လို့ ပေါ်ပြူလာနယူးစ်ကို ပြောပါတယ်။

33

မကွေးတိုင်ဒေသကြီးအတွင်းက ကျောင်းသားတွေအတွက် ကျောင်းဝတ်စုံတွေချုပ်ဖို့ လာလျှောက်တဲ့ကုမ္ပဏီ ၂ခုရှိခဲ့ပြီး တိုင်းဒေသကြီးအစိုးရက ငွေကျပ် ၁၄၀၀ နဲ့အဆင်ပြေမယ့် ကုမ္ပဏီတစ်ခုကိုရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

“အရင်နှစ်ကတော့ တိုင်းပညာက ချပေးလိုက်တဲ့ကုမ္ပဏီနဲ့စာချုပ်ချုပ်ပြီးဆက်ယူတာပေါ့နော်။ အခုကတော့ တိုင်းဒေသကြီးက တိုက်ရိုက်တင်ဒါခေါ်ပြီး ဒီမှာလာလျှောက်တဲ့ကုမ္ပဏီက ၂ ခုရှိတယ်။ ၂ ခုရှိတဲ့အတွက် ၁၄၀၀ နဲ့ကိုက်ညီမယ့် ကုမ္ပဏီတစ်ခုကိုရွေးလိုက်တယ်။ နောက်ကုမ္ပဏီတစ်ခုကတော့ အရေအသွေးရောအရည်အချင်းရော အတိုအရှည်တွေဖြစ် တော်တော်လေးနိမ့်ကျနေတဲ့အတွက် မရွေးလိုက်ဘူုး” လို့ လူမှုရေးဝန်ကြီးက ဆိုပါတယ်။

လက်ရှိကျောင်းဝတ်စုံတွေကိစ္စနဲ့ပတ်သက်ပြီးစစ်ဆေးတွေ့ရှိချက်အပေါ်မူတည်ပြီး ကုမ္ပဏီနဲ့ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ သူကထပ်လောင်းဆိုပါတယ်။

“ဘယ်လိုမှ ခွင့်ပြုစရာမရှိဘူးဒါတွေက တော်တော်ကိုဆိုးဆိုးဝါးဝါးဖြစ်နေတယ်ဆိုရင် စာချုပ်မှာတော့ချုပ်ဆိုထားတဲ့အချက်အလက်တွေရှိတာပေါ့။ ပြန်ပြီး ပြင်ချုပ်ရမှာတွေ ဒါတွေကို ညှိပြီးလုပ်ရမှာဖြစ်ပါတယ်” လို့ လူမှုရေးဝန်ကြီးက ပြောပါတယ်။

AF-178/သီဟ
Photo – ဦးဇော်ဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*