တရားမ၀င်သစ်လို့ သတင်းကြီးနေတဲ့ ဟုမ္မလင်းမြို့၊ ရွှေပြည်အေးမြို့သစ်က သစ်လုံးပုံကြီးကို ၀င်ရောက်စစ်ဆေးခဲ့ပေမယ့် တရားမ၀င်သစ်မတွေ့ရှိရဟုဆို

တရားမ၀င်သစ်လို့ သတင်းကြီးနေတဲ့ ဟုမ္မလင်းမြို့၊ ရွှေပြည်အေးမြို့သစ်က သစ်လုံးပုံကြီးကို ၀င်ရောက်စစ်ဆေးခဲ့ပေမယ့် တရားမ၀င်သစ်မတွေ့ရှိရဟုဆို
May 21, 2018 Fame Asian

1:30 pm
တရားမ၀င်သစ်လို့ သတင်းကြီးနေတဲ့ ဟုမ္မလင်းမြို့၊ ရွှေပြည်အေးမြို့သစ်က သစ်လုံးပုံကြီးကို ၀င်ရောက်စစ်ဆေးခဲ့ပေမယ့် တရားမ၀င်သစ်မတွေ့ရှိရဟုဆို
33086886_1797178173659473_1153310336586088448_n

လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် ရွှေပြည်အေးမြို့သစ်ရှိ သစ်လုံးပုံ

ဟုမ္မလင်း၊ မေ ၂၁

တရားမ၀င်သစ်လို့ လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုနေကြတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်က သစ်ပုံကြီးကို ၀င်ရောက်စစ်ဆေးခဲ့ပေမယ့် တရားမ၀င်သစ်မတွေ့ရှိရဘူးလို့ ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာန က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ရွှေပြည်အေးမြို့သစ်မှာရှိတဲ့ အဆိုပါ သစ်လုံးတွေအလုံးလိုက်ပုံထားတဲ့ သစ်ပုံကြီးနဲ့ပတ်သက်ပြီး တရားမ၀င်သစ်တွေဖြစ်ကြောင်း ၊ သစ်မှောင်ခိုမှုတွေရှိနေကြောင်း မေ ၁၄ ရက်နေ့ညနေပိုင်းမှာ သတင်းရရှိခဲ့လို့ မေ ၁၅ ရက်နေ့ မနက်မှာပဲ တာဝန်ရှိသူတွေနဲ့ သွားရောက်စစ်ဆေးခဲ့ကြောင်း ဟုမ္မလင်းသစ်တောဦးစီးဌာနကနေသိရပါတယ်။

သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအေးချမ်းဖြိုးက “စစ်ဆေးပြီးသွားပြီခင်ဗျ။ ၁၄ ရက်နေ့မှာသတင်းရပြီး ရရချင်း၊ ကျွန်တော်တို့က ဝေးတယ်လေ။ ၁၅ ရက်နေ့မနက်မှာသွားစစ်ပါတယ်။ တရားမ၀င်သစ်တော့ဘာမှမတွေ့ရှိရဘူး။ သစ်လုံးတွေအားလုံးခွဲခြမ်းတွေအားလုံးက စာရွက်စာတမ်းတွေနဲ့ကိုက်ညီနေတယ်” လို့ ပေါ်ပြူလာနုယူးစ်ကိုပြောပါတယ်။

33080001_1797178166992807_1357197635332603904_n

လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် ရွှေပြည်အေးမြို့သစ်ရှိ သစ်လုံးပုံ

သွားရောက်စစ်ဆေးမှုမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာန၊ ဟုမ္မလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး တို့ လည်းပါဝင်ခဲ့တယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်မှာတည်ရှိတဲ့ သစ်ပါးလွှာစက်ရုံတစ်ခုကို တရာမ၀င်သစ်တွေဝင်ရောက်နေတယ်ဆိုတဲ့ အကြောင်း ဓာတ်ပုံတွေနဲ့စာသားအချို့ ဟာ လူမှုကွန်ရက်တွေမှာပျံ့နှံ့ခဲ့ပြီး ဟုမ္မလင်းမြို့နယ်သစ်တောဦးစီးဌာနကို လိပ်မူတိုင်ကြားမှုတွေအထိရှိခဲ့ပါတယ်။

ဒီအတွက် မေ ၁၅ ရက်နေ့မနက်မှာ တာဝန်ရှိသူတွေဟာကွင်းဆင်းသွားရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“သူတို့အထဲမှာ သစ်လုံးအလုံး ၂၀၀ပေါ့နော်။ ရောင်းဝယ်ထားတဲ့ စာရွက်စာတမ်းနဲ့အကုန်လုံးကိုက်ညီတယ်။ အဲ့ဒါတွေ့ရှိရတယ်။ ပြီးတော့ သစ်လုံးခွဲခြမ်း ၃၆ ခြမ်း ၊ အဲဒီဟာလည်းစာရွက်စာတမ်းမှာရှိတဲ့ သစ်လုံးတွေနဲ့ ခွဲခြမ်းတွေနဲ့ အကုန်လုံး ကိုက်ညီတယ်” လို့ သစ်တောဦးစီး ဦးစီးအရာရှိ ဦးအေးချမ်းဖြိုးက ပြောပါတယ်။

AF-178 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*