ပန်းဘဲတန်းမြို့ နဲ့ ထိစပ်နေတဲ့ ကျောက်တံတားပိုင်နယ်မြေများကို ပန်းဘဲတန်းမြို့ နယ်အတွင်း နယ်မြေသွင်းပေးဖို့ လွှတ်တော်မှာမေး

ပန်းဘဲတန်းမြို့ နဲ့ ထိစပ်နေတဲ့ ကျောက်တံတားပိုင်နယ်မြေများကို ပန်းဘဲတန်းမြို့ နယ်အတွင်း နယ်မြေသွင်းပေးဖို့ လွှတ်တော်မှာမေး
May 8, 2018 AsianFame MediaGroup

4:48 pm
ပန်းဘဲတန်းမြို့ နဲ့ ထိစပ်နေတဲ့ ကျောက်တံတားပိုင်နယ်မြေများကို ပန်းဘဲတန်းမြို့ နယ်အတွင်း နယ်မြေသွင်းပေးဖို့ လွှတ်တော်မှာမေး

31969914_1783850291658928_8282110154137141248_n

ရန်ကုန်၊ မေ ၈

ဆူးလေစေတီတော်ရဲ့အနောက်ခြမ်း ပန်းပဲတန်းမြို့ နယ်နဲ့ ထိစပ်နေတဲ့ ကျောက်တံတားပိုင်နယ်မြေများကို ပန်းဘဲတန်းမြို့ နယ်အတွင်း နယ်နိမိတ်သွတ်သွင်းပေးဖို့ အစီအစဉ်ရှိသလားလို့ ပန်းဘဲတန်းမြို့ နယ်က လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦးက ဒီကနေ့  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့  ကိုမေးပါတယ်။

ဆူးလေရှန်ဂရီလာဟိုတယ်၊ဗဟိုမီးသတ်စခန်းအပါအ၀င် ဆူးလေစေတီတော်အနောက်ခြမ်း ပန်းဘဲတန်းမြို့ နယ်နဲ့ ထိစပ်နေတဲ့ ကျောက်တံတားမြို့ နယ်ပိုင်နယ်မြေတွေဟာ အုပ်ချုပ်ရေးနဲ့ စီမံခန့် ခွဲရေးအပိုင်းမှာ အခက်အခဲဖြစ်နေတဲ့အတွက် အခုလိုနယ်နိမိတ်သွတ်သွင်းပေးဖို့ ရှိမရှိမေးမြန်းတာဖြစ်တာလို့ သူကဆိုပါတယ်။

ပန်းပဲတန်းလွှတ်တော်ကိုယ်စားလှယ်တင်ပြတဲ့ ပန်းဘဲတန်းမြို့ နယ်နဲ့ နယ်နမိတ်ထိစပ်နေတဲ့ ကျောက်တံတားပိုင်နယ်မြေများဟာ ကျောက်တံတားမြို့ နယ်ရဲစီမံခန့် ခွဲမှုလက်လှမ်းမီတဲ့နေရာတွေဖြစ်တဲ့အတွက် ပန်းဘဲတန်းမြို့ အတွင်းကို နယ်နမိတ်သွင်သွင်းဖို့ အစီိအစဉ်မရှိသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြန်လည်ဖြေပါတယ်။

”ပြဿနာက ကျောက်တံတားမြို့ နယ်နဲ့  ထိစပ်နေတဲ့ ဆူးလေဘုရားလမ်းနောက်ဖေးလမ်းကြားပါ။ အဲဒီမှာ ပန်းဘဲတန်းမြို့ နယ်ရဲ့(၉၊ ၁၀၊ ၁၁) ရပ်ကွက်တွေရဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့် ခွဲရေးတွေမှာ နှစ်ပေါင်းများစွာအခက်အခဲဖြစ်နေခဲ့ရတယ်။ဆူးလေဘုရားလမ်းက အဆောက်အအုံတွေကအိမ်ရှေ့  က ကျောက်တံတားမြို့ နယ်ဖြစ်ပြီးတော့ နောက်ဖေးက ပန်းဘဲတန်းမြို့ နယ်ဖြစ်နေတယ်” လို့ ဦးသန်းနိုင်ဦးက လွှတ်တော်မှာတင်ပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီိးအစိုးရအဖွဲ့ ကတော့ တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ခံရင် သက်ဆိုင်ရာ ကွင်းဆင်းအစီရင်ခံစာအဆင့်ဆင့်နဲ့ အမှုတွဲတင်ပြပြီး နိုင်ငံတော်သမ္မတရုံးကို ထောက်ခံတင်ပြရမှာဖြစ်တယ်လို့ ပြန်လည်ဖြေကြားသွားပါတယ်။ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၄ အရ နယ်နိမိတ်ပြင်ဆင်၊ပြောင်းလဲ၊နာမည်ပြောင်းချင်ရင် တိုင်းဒေသကြီး၊ပြည်နယ်ဝန်ကြီးချုပ်ကနိုင်ငံတော်သမ္မတထံထောက်ခံတင်ပြပြီးမှနိုင်ငံတော်သမ္မတက လိုအပ်သလိုဆောင်ရွက်ပေးရမည်လို့ ပါရှိတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

”ဒီမေးခွန်းကိုဘာလို့ မေးရသလဲဆိုတော့ ခေတ်အဆက်ဆက်က မှားယွင်းနေတဲ့စီမံခန့် ခွဲမှုပုံစံတွေကို ဒီဘက်ပြည်သူ့ အစိုးရခေတ်မှာ ပြုပြင်ပြောင်းလဲချင်လို့ြ့ဖစ်ပါတယ်” လို့ ဦးသန်းနိုင်ဦးကပြောပါတယ်။

ပန်းဘဲတန်းမြို့ နယ်နဲ့ ဒဂုံမြို့ နယ်ဆိုပါက ဆူးလေဘုရားလမ်းမှ မီးရထားသံလမ်းနဲ့ ခြားထားတာဖြစ်ပြီး ဒဂုံဘက်မှ မှုခင်းကျူးလွန်သူများဟာ ပန်းဘဲတန်းမြို့ နယ်ဘက်ကို မီးရထားသံလမ်းမှ ချိုးကွေ့ ဝင်လိုက်တာနဲ့ ပန်းဘဲတန်းမြို့ နယ်မှ ကိုင်တွယ်ရတာဖြစ်တယ်လို့ သူကပြောပါတယ်။

”ကျွန်တော်တို့ မြို့ နယ်ရဲ့လုံခြုံရေးနဲ့ လူမှုဘ၀လုံခြုံရေးအတွက်ကို အခုဆိုရင် တစ်မြို့ နယ်လုံးကို CCTV တပ်ပြီးပြီ။ ဒါပေမယ့် ကျောက်တံတားမြို့ နယ်ကို သွားတပ်လို့ မရဘူး။ ကျောက်တံတားထဲက တစ်ချို့ နေရာတွေမှဲာနောက်ဖေးလမ်းကြားကိုကျူးကျော်ဆောက်လုပ်ထားတာတွေရှိပါတယ်။ ဒီလိုဆောင်ရွက်မှုအမှားကြောင့် မေးရတာပါ။ Sule Square ထိပ်မှာဆိုလည်း ကြားကားတွေပြဿနာတက်ပါတယ်။ ကျွန်တော်တို့ မြို့ နယ်က စီမံခန့် ခွဲလို့ မရဘူး ကျောက်တံတားကစီမံခန့် ခွဲရမှာ။ ကျောက်တံတားထဲမှာထားမယ်ဆိုရင်လည်း ပန်းဘဲတန်းနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်က ပြသနာတွေကို ဖြေရှင်းပေးဖို့ အစီိအစဉ်ရှိလား” လို့ သူကတိုင်းအစိုးရကိုမေးခွန်းထုတ်ပါတယ်။

ပန်းဘဲတန်းမြို့ နယ်နဲ့ ကျောက်တံတားမြို့ နယ်ထိစပ်နေတဲ့ နယ်နိမိတ်နေရာမှာ အိမ်ခြေ ၈ လုံး၊ အိမ်ထောင်စု ၄၀ စု၊ လူဦးရေ ၂၇၂ ဦး နဲ့ ဆန္ဒမဲပေးခွင့်ရှိသူ ၂၅၆ ဦးတို့ နေထိုင်လျှက်ရှိပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*