ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ရတဲ့သက်သေအဖြစ် ကြေညာပေးဖို့ အစိုးရရှေ့ နေလျှောက်ထားမှု တရားရုံးက ပယ်ချလိုက်

ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ရတဲ့သက်သေအဖြစ် ကြေညာပေးဖို့ အစိုးရရှေ့ နေလျှောက်ထားမှု တရားရုံးက ပယ်ချလိုက်
May 2, 2018 AsianFame MediaGroup

11:56 am
ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ရတဲ့သက်သေအဖြစ် ကြေညာပေးဖို့ အစိုးရရှေ့ နေလျှောက်ထားမှု တရားရုံးက ပယ်ချလိုက်

31793420_1850610354997695_975952479596314624_n

ရန်ကုန် ၊ မေ ၂

ရိုက်တာသတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့ က ထောင်ဖမ်းတာဖြစ်တယ်လို့ တရားရုံးမှာထွက်ဆိုခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ရတဲ့သက်သေအဖြစ်ကြေညာပေးဖို့ အစိုးရရှေ့  နေများရဲ့ လျှောက်ထားမှုကို မြောက်ပိုင်းခရိုင်တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။

ဒုရဲမှူးမိုးရန်နိုင်ဟာ တရားခွင်မှာထွက်ဆိုချက်နဲ့ရဲမှတ်တမ်းမှာထွက်ဆိုချက် ကွဲလွဲထွက်ဆိုခြင်းမရှိဘူးဆိုတဲ့သုံးသပ်ချက်ကလည်း တရားရုံးရဲ့သုံးသပ်ချက်ထဲပါဝင်ပါတယ်။

31703887_1850610221664375_1020486020530962432_n

 

နိုင်ငံတော်လျှို ၀ှက်ချက်အက်ဥပဒေပုဒ်မနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို အင်းစိန်မြို့ နယ်၊ မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့  နံနက်ပိုင်းက ထပ်မံရုံးထုတ်ခဲ့ပြီး ယခင်ရုံးထုတ်ရက်က နှစ်ဖက်အပြန်အလှန်လျှောက်လဲချက်တွေ တင်ပြခဲ့ကြတဲ့ ဒုရဲမှူးမိုးရန်နိုင်ကိုမယုံကြည်ရတဲ့သက်သေအဖြစ်ကြေညာပေးဖို့အစိုးရရှေ့ နေဘက်မှ လျှောက်ထားချက်နဲ့ ပတ်သတ်ပြီး တရားရုံးက ဒီကနေ့  ဆုံးဖြတ်ချက်ပေးလိုက်တာပဲဖြစ်ပါတယ်။

ဒါကြောင့် ဒုရဲမှူးမိုးရန်နိုင်အပါအ၀င် စစ်ဆေးဖို့ ကျန်ရှိနေတဲ့ တရားလိုပြသက်သေများကို ရှေ့ လာမယ့်ရုံးချိန်းများမှာ ဆက်လက်စစ်ဆေးသွားတော့မှာဖြစ်ပါတယ်။

31764612_1850610444997686_6372842194285363200_n

”ကျွန်တော်တို့ ကန့် ကွက်ထားတဲ့အချက်အလက်တွေနဲ့ အညီ ပယ်ချလိုက်တာဖြစ်တဲ့အတွက်ကြောင့် ကျေနပ်ပါတယ်။ ဒါဥပဒေနဲ့ လည်းညီတယ်လို့ ယူဆပါတယ်” လို့ ရိုက်တာဘက်မှ ရှေ့ နေ ဦးခင်မောင်ဇော်က သတင်းထောက်တွေကိုပြောပါတယ်။

”ဒီနေ့  ဆုံးဖြတ်ချက်က တော်တော်လေး အမှုပေါ်သက်ရောက်ပါတယ်။ ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ရတဲ့သက်သေမဟုတ်ဘဲနဲ့ ထည့်သွင်းစဉ်းစားတော့မယ်ဆိုတော့ သူရဲ့ထွက်ချက်တွေကလည်းအရေးကြီးတယ်လေ။ ကျွန်တော်တို့ အတွက် မျှော်လင့်ချက်ကောင်းနိုင်လောက်တဲ့ အကျိုးသက်ရောက်မှုရှိပါတယ်ဒီကနေ့  ဆုံးဖြတ်ချက်က” လို့ သူကဆက်ပြောပါတယ်။

မနက်ဖြန်မှကျရောက်မယ့် နိုင်ငံတကာသတင်းလွတ်လပ်ခွင့်နေ့ နဲ့ ပတ်သတ်ပြီး ရိုက်တာသတင်းထောက်များက အကျဉ်းထောင်ထဲကနေ ဂုဏ်ပြုနေပါမယ်လို့ ဆိုသွားပါတယ်။

31895178_1850610264997704_4467095390356766720_n

”ကျွန်တော်တို့ မနက်ဖြန်မှာကျရောက်မယ့် သတင်းလွတ်လပ်ခွင့်နေ့ ကို အကျဉ်းထောင်ထဲကနေ ဂုဏ်ပြုနေမှာပါ။ ဒီလိုထောင်ထဲမှာတစ်ရက်ရှိရတိုင်း ဘယ်လောက်အထိ သတင်းလွတ်လပ်ခွင့်က အရေးကြီးတယ်ဆိုတာကို အစိုးရအနေနဲ့ သဘောပေါက်စေချင်ပါတယ်” လို့ ရိုက်တာသတင်းထောက်ဖြစ်သူ ကိုဝလုံးက ရုံးထုတ်အထွက်မှာပြောပါတယ်။

ဒီကနေ့ ရုံးထုတ်ကို ဒုရဲမှူးမိုးရန်နိုင်ရောက်လာခဲ့ခြင်းမရှိပါဘူး။ ရိုက်တာသတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့  က ထောင်ဖမ်းခဲ့တာဖြစ်တယ်လို့ ဖွင့်ချပြီးနောက်ပိုင်းမှာ ဒုရဲမှူးမိုးရန်နိုင်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်တယ်လို့ရဲတပ်ဖွဲ့ ပြောခွင့်ရသူရဲမှူးကြီးက ပြောကြောင်းနိုင်ငံတကာသတင်းဌာနအချို့ ကို အတည်ပြုပြောကြားထားပါတယ်။ ဒုရဲမှူးမိုးရန်နိုင်ကို သူရဲ့မိသားစုဝင်တွေနဲ့ တွေ့  ဆုံခွင့်ရရေးအပါအ၀င်အခြေခံလူ့အခွင့်အရေးချိုးဖော်မှုတွေ မရှိစေရေးအတွက်မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနကို စာပေးပို့ထားပါတယ်။

31899179_1850610311664366_5734537091195338752_n

ဖြိုးထက်အောင်

ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*