ဧရာဝတီမြစ်ကမ်းနားလမ်း တစ်လျှောက်က ကျူးကျော်တဲတွေကို စည်ပင် ရှင်း

ဧရာဝတီမြစ်ကမ်းနားလမ်း တစ်လျှောက်က ကျူးကျော်တဲတွေကို စည်ပင် ရှင်း
April 25, 2018 AsianFame MediaGroup

1:16 pm
ဧရာဝတီမြစ်ကမ်းနားလမ်း တစ်လျှောက်က ကျူးကျော်တဲတွေကို စည်ပင် ရှင်း

31286208_1794549077274033_634093094031337915_n

မန္တလေး၊ဧပြီ ၂၅

အမရပူရမြို့ပြစီမံကိန်းနဲ့မလွတ်လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က ဧရာဝတီမြစ်ကမ်းနားလမ်း ချမ်းမြသာစည်မြို့နယ် နဲ့ အမရပူရမြို့နယ်ကြား လမ်းလယ် ကျွန်းတစ်လျှောက် ယာယီပြောင်းရွှေ့ပေးထားတဲ့ ကျူးကျော်တဲအိမ်တွေကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဒီနေ့မနက် ၈ နာရီ လောက်ကစပြီး ဆက်လက်ဖယ်ရှားရှင်းလင်းနေပါတယ်။

31195495_1794549067274034_5291728400061134679_n

”လမ်းလယ်ကျွန်းမှာဆိုတော့ ကားသွားကားလာနဲ့ အရမ်းအန္တရာယ်များပါတယ်၊ နောက်တစ်ခုက ဒီနေရာမှာ တစ်နေ့တစ်ခြား ကျူးကျော်တာတွေက များများလာတယ်၊ ဘေးပတ်ဝန်းကျင်ကိုလည်း အနှောင့်အယှက်ဖြစ်စေတယ်လို့သိရလို့ ဒီနေ့တော့ အပြီးဖယ်ရှားတာပါ” လို့ မန္တလေးမြို့တော်စည်ပင် သာယာကော်မတီဝင်တစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

31195588_1794549157274025_6688276456613725558_n

ဒီကျူးကျော်တဲအိမ်တွေဟာ ဟိုအရင်တုန်းကတည်းက ကျူးကျော်နေထိုင်ကြသူရဲ့တဲအိမ်တွေပဲဖြစ်ပြီး အိမ်ရာစီမံကိန်းနဲ့စီစဉ်ပေးခဲ့ပေမယ့်လည်း ဒီအထဲ မှာတစ်ချို့က သူတို့ရထားတဲ့အိမ်ခန်းတွေပြန်ရောင်းစားပြီး ထပ်မံကျူးကျော်နေထိုင်ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

ကျွန်မတို့က ဒီမြစ်ကိုပဲအမှီပြုလုပ်စားနေကြတာပါ၊ ခ၀ါသည်(အ၀တ်လျှော်သူ)တွေများပါတယ်၊ တစ်ချို့လည်း သဲကွင်းမှာလုပ်ကြတာပါ၊ အများစုကတော့ မြစ်နဲ့ပဲလုပ်စားကြသူတွေပါ၊ ဒီစီမံကိန်းဝင်လာတော့ ကျွန်မတို့ကိုဖယ်ခိုင်းတယ်၊ ဒီလိုပဲ လမ်းလယ်ကျွန်းပေါ်ရွှေ့ထားလိုက်တယ်၊ သူတို့ကမြစ်ထဲပေးမဆင်းတော့ အ၀တ်မလျှော်ရဘူး၊ အခက်အခဲတွေကတော့ အများကြီးပါ၊ ဒီနေရာမနေဘူးဆိုရင် နောက်တစ်နေရာသွားနေမှာပဲ နေစရာမှမရှိတာ လို့ ဧရာဝတီမြစ်ကမ်းဘေး နှစ်ပေါင်း ၂၀ ကျော်ကျူးကျော်နေထိုင်လာသူမမော်ကပြောပါတယ်။

31265366_1794549160607358_799711345979020409_n

အခုအချိန်အထိ စီမံကိန်းနဲ့ထိစပ်နေတဲ့ ၆ လမ်းသွားလမ်းမကြီးဖောက်လုပ်မယ့်နေရာတစ်လျှောက်မှ ကျူးကျော်တဲအိမ် ၃၀၀ ကျော်ဖယ်ရှားရှင်းလင်းခဲ့ တယ်လို့သိရပြီး ဒီနေ့ဖယ်ရှားရင်းလင်းမှုမှာ အိမ်ထောင်စု ၇၈ စု၊ လူဦးရေ ၂၀၀ ကျော်ဖြစ်တယ်လို့သိရပါတယ်။

သတင်း+ဓါတ်ပုံ-စောထွေး

31387908_1794549063940701_8954302128822005284_n

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*