မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်းများ၌ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများပို့ချ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်းများ၌ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများပို့ချ
April 4, 2018 Fame Asian

12:37 pm
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်းများ၌ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများပို့ချ

29598134_1746614318715859_6257833630346400664_n

ရန်ကုန်၊ဧပြီ ၎

အမျိုးသား လူ့အခွင့်အရေး ကော်မရှင် က တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်းများ၌ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများပို့ချလျှက် ရှိနေသည်ဟု ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က Popular News ကိုပြောသည်။

”လူ့အခွင့်အရေးကို ချိုးဖောက်နိုင်တဲ့ သူက အာဏာရှိတဲ့သူ၊ အင်အားရှိတဲ့သူ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ သူက အင်အားနည်းတဲ့သူ၊ များသောအားဖြင့် ပြည်သူပဲ။ အဲဒါတွေကြောင့် အစိုးရအဖွဲ့အစည်းတွေကို လူ့အခွင့်အရေးဆိုင်ရာ သင်တန်းတွေ ပို့ချပေးရတာပါ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၉ရက်နေ့ နှင့် ၃၀ရက်နေ့တို့က ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့်ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး တို့သည် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)တွင် ဖွင့်လှစ်လျှက်ရှိသော ခြေလျင်တပ်ခွဲမှူးသင်တန်းမှ သင်တန်းသားအရာရှိများကိုလည်းကောင်း၊ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း( ဗထူး) တွင်ဖွင့်လှစ်လျှက်ရှိသောခြေလျင် တပ်ခွဲမှူးသင်တန်းမှ သင်တန်းသားအရာရှိများကိုလည်းကောင်း၊ ခြေလျင်တပ်ရင်းမှူးသင်တန်းမှ သင်တန်းသားအရာရှိများကိုလည်းကောင်း စသည်ဖြင့် အသီးသီး လူ့အခွင့်အရေး ဆိုင်ရာဘာသာရပ်များကို ပို့ချခဲ့သည်ဟု ကော်မရှင်ယနေ့တွင် သတင်းထုတ်ပြန်သည်။

ယင်းအပြင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေး ဆိုင်ရာ သဘောတရားများကို ပြည်သူလူထုနှင့်အစိုးရ တာဝန်ရှိသူ အဖွဲ့အစည်းအတွင်း နားလည်လက်ခံကျင့်သုံးနိုင်စေ ရေးအတွက် လူ့အခွင့်အရေးမြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ၊ စစ်ဦးစီးတက္ကသိုလ်နှင့် တပ်မတော်(ကြည်း)တိုက်ခိုက်ရေး ကျောင်းများတွင် ဖွင့်လှစ်လျှက်ရှိသော သင်တန်းများ၌လည်း တပ်မတော်အရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများကို ပို့ချဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိနေသည်ဟုလည်း သတင်းထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားသည်။

သီဟ
ဓာတ်ပုံ – မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*