ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူ

ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူ
April 4, 2018 Fame Asian

11:18 am
ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူ

၁။ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနတွင် ကချင်၊ ကယား၊ မွန်နှင့် ရှမ်းပြည်နယ်၊ ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီ နယ်မြေတို့၌ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ လုံခြုံရေးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ လုပ်ငန်းရှင်များအနေဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်ပါသည်။

၂။ အဆိုပါလုပ်ငန်းများအတွက် မြန်မာနိုင်ငံသား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီလုပ်ငန်းရှင်များသည် လုပ်ငန်းပိုင်းဆိုင်ရာ အဆိုပြုလွှာများကို ၁-၄-၂၀၁၈ ရက်နေ့မှ စတင်ဝယ်ယူနိုင်ပြီး ၃၀-၄-၂၀၁၈ ရက်နေ့ ၁၆၀၀ နာရီ နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။

၃။ တင်ဒါစည်းကမ်းချက်များနှင့်အညီ အဆိုပြုလွှာတွင် ပါဝင်ရမည့် အချက်အလက်များကို အကျဉ်းဦးစီးဌာန၊ ရုံးအမှတ်-၄၉၊ နေပြည်တော်တွင် ဝယ်ယူနိုင်ပြီး တင်ဒါတင်သွင်းမည့် ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်နှင့် ကုမ္ပဏီ Profile ကိုပါ တင်ပြရမည်ဖြစ်ပါသည်။
၎။ အသေးစိတ်သိရှိလိုပါက အောက်ပါ တယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဖုန်း – ၀၆၇ – ၄၃၁၄၂၆
၀၆၇ – ၄၃၁၄၂၀

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*