တရုတ်နယ်စပ်ရဲတွေက မြန်မာနိုင်ငံသားတွေကို မူးယစ်နဲ့ပတ်သတ်လို့ဆီးစစ်ပြီးဖမ်းဆီးတာ၊ ငွေကြေးနဲ့ပြန်ရွေးစေတာ၊ ငွေကြေးမပေးနိုင်ရင် လမ်းဖောက်လုပ်တဲ့လုပ်ငန်းခွင်ပို့တာတွေပြုလုပ်နေခြင်းအပေါ် ကာကွယ်ပေးဖို့တိုက်တွန်းကြောင်းအဆိုကို ကချင်ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိအတည်ပြု

တရုတ်နယ်စပ်ရဲတွေက မြန်မာနိုင်ငံသားတွေကို မူးယစ်နဲ့ပတ်သတ်လို့ဆီးစစ်ပြီးဖမ်းဆီးတာ၊ ငွေကြေးနဲ့ပြန်ရွေးစေတာ၊ ငွေကြေးမပေးနိုင်ရင် လမ်းဖောက်လုပ်တဲ့လုပ်ငန်းခွင်ပို့တာတွေပြုလုပ်နေခြင်းအပေါ် ကာကွယ်ပေးဖို့တိုက်တွန်းကြောင်းအဆိုကို ကချင်ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိအတည်ပြု
March 30, 2018 Fame Asian

3:26 pm
တရုတ်နယ်စပ်ရဲတွေက မြန်မာနိုင်ငံသားတွေကို မူးယစ်နဲ့ပတ်သတ်လို့ဆီးစစ်ပြီးဖမ်းဆီးတာ၊ ငွေကြေးနဲ့ပြန်ရွေးစေတာ၊ ငွေကြေးမပေးနိုင်ရင် လမ်းဖောက်လုပ်တဲ့လုပ်ငန်းခွင်ပို့တာတွေပြုလုပ်နေခြင်းအပေါ် ကာကွယ်ပေးဖို့တိုက်တွန်းကြောင်းအဆိုကို ကချင်ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိအတည်ပြု

29313959_1741509665892991_5556313558607149432_n

မြစ်ကြီးနား၊ မတ် ၃၀

တရုတ်နယ်စပ်ရဲတွေက မြန်မာနိုင်ငံသားတွေကို မူးယစ်နဲ့ပတ်သတ်လို့ဆီးစစ်ပြီး မူးယစ်သုံးစွဲထားကြောင်းပေါ်ရင် ဖမ်းဆီးတာ၊ ပြီးရင် ငွေကြေးနဲ့ပြန်ရွေးစေတာ၊ ငွေကြေးမပေးနိုင်ရင် လမ်းဖောက်လုပ်တဲ့လုပ်ငန်းခွင်ပို့တာတွေပြုလုပ်နေခြင်းနဲ့ပတ်သတ်လို့ မြန်မာနိုင်ငံသားတွေကို ကာကွယ်ပေးဖို့ ကချင်ပြည်နယ်အစိုးရထံတိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ ကချင်ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိအတည်ပြုလိုက်ပြီဖြစ်ပါတယ်။

မတ် ၂၉ ရက်နေ့ကကျင်းပတဲ့ ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မိုးမောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းက
” တရုတ်ပြည်သို့ ၀င်ရောက်နေသော ရွှေ့ပြောင်းလုပ်သားများအား ၀င်ခွင့်စာအုပ်ပါသော်လည်း မူးယစ်ဆေးသုံးစွဲခြင်း ရှိ/မရှိ ဆီးစစ်၍ ဥပေဒမဲ့ ဖမ်းဆီးခြင်း ၊ ငွေကြေးများဖြင့် ရွေးယူစေခြင်းအား တရုတ်အစိုးရတာဝန်ရှိသူများဖြင့် ဆွေးနွေး၍ နိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ရန် ပြည်နယ်အစိုးရသို့တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခဲ့တာဖြစ်ပြီး ဒီကနေ့ ကျင်းပတဲ့လွှတ်တော်မှာဆက်လက်ဆွေးနွေးကြကာ အခုလို ကန့်ကွက်သူမရှိအတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

ကောက်ယူထားတဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကနေ အဆိုတင်သွင်းတဲ့ရက်အထိ အဆိုပါဖြစ်စဉ်အတိုင်းဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၁၅ ဦးလောက်ရှိနေပြီး ၄ ယောက်လောက်မှာယနေ့တိုင်မလွတ်မြောက်သေးဘူးလို့ ဦးနေ၀င်းက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“၄ ယောက်လောက်ကမလွတ်သေးဘူး။ သေသေချာချာမေးကြည့်တော့ ၄ ယောက်လောက်က သူတို့ တရုတ်ရဲစခန်းမှာ ငွေနဲ့ရွေးရတယ်။ တရုတ်ငွေ ယွမ် ၇၀၀၀၊ ၅၀၀၀ အသီးသီးနဲ့ရွှေးရတယ်။ မရွေးနိုင်တဲ့သူတွေကို တရုတ်ရဲတွေက လမ်းဖောက်တဲ့ကုမ္ပဏီကို ပို့ပြီး လမ်းဖောက်လုပ်တဲ့နေရာကိုပို့ပြီးအလုပ်လုပ်ခိုင်းတယ်။ ၃ လလောက်အလုပ်လုပ်ရတယ် ကန်စွန်းဥပြုတ်လောက်နဲ့ စားပီး။ အလုပ်ပြီးမှ ပြန်လွတ်ပေးတယ်။ တရုတ်မှာက ကျွန်တော်တို့သိသလောက် လမ်းဖောက်တာကို အစိုးရကမလုပ်ဘူးလေ။ တရုတ်ကုမ္ပဏီတွေကလုပ်တာ။ ဒီတော့ တရုတ်ကုမ္ပဏီတွေက အလုပ်သမား ဘယ်နှစ်ယောက်လိုတယ်ဆိုပြီးနယ်စပ်ကရဲကို လှမ်းပြောရင် နယ်စပ်ကတရုတ်ရဲတွေက အလုပ်သမားဖမ်းပေးတဲ့ပုံစံဖြစ်နေတယ်။ ကျွန်တော်စုံစမ်းရသလောက် ဒါကိုလည်း ဒေသရဲ့သက်ဆိုင်ရာအစိုးရက မသိဘူးလို့သိရတယ်။ သူတို့သက်ဆိုင်ရာအစိုးရက သိရင် အဲဒီနယ်စပ်ကတရုတ်ရဲတွေအကုန်ပြုတ်မှာ” လို့ ဦးနေ၀င်းက ပြောပါတယ်။

အဆိုပါ ဖမ်းဆီးခံရတဲ့မြန်မာလူမျိုးတွေဟာ လွယ်ဂျယ်ကနေ ရွှေလီကိုသွားတဲ့လမ်း(တရုတ်နိုင်ငံအပိုင်အထဲမှာ) ဖမ်းဆီးခံရတာတွေဖြစ်တယ်လို့ သိရပါတယ်။

ဦးနေ၀င်းတင်တဲ့အဆိုနဲ့ပတ်သတ်ပြီး ဒီကနေ့ ကချင်ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ၃ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ကချင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင် က မြန်မာ-တရုတ် ၂ နိုင်ငံအစိုးရတွေ ပေါင်းစပ်ညှိနှိုင်းပြီးဆောင်ရွက်ဖြေရှင်းပေးမှာဖြစ်ကြောင်း ဒါ့ကြောင့် ဦးနေ၀င်းရဲ့အဆိုကို လွှတ်တော်က မှတ်တမ်းအဖြစ်သာ ထားရှိပေးဖို့ တင်ပြခဲ့ကြောင်းသိရပါတယ်။

လုံနယ်ဝန်ကြီးက မှတ်တမ်းအဖြစ်သာထားရှိပေးဖို့ လွှတ်တော်မှာတင်ပြခဲ့ပေမယ့် နောက်ဆုံးမဲခွဲဆုံးဖြတ်တဲ့နေရာမှာ ကချင်ပြည်နယ်လွှတ်တော်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးက ထောက်ခံခဲ့တဲ့အတွက် အဆိုဟာ အတည်ပြုအဆိုတစ်ရပ်ဖြစ်ခဲ့ပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*