မန္တလေး မြို့ဟောင်းဈေးအတွင်း လုယက်မှုတစ်ခုဖြစ်

မန္တလေး မြို့ဟောင်းဈေးအတွင်း လုယက်မှုတစ်ခုဖြစ်
March 20, 2018 AsianFame MediaGroup

5:45 pm
မန္တလေး မြို့ဟောင်းဈေးအတွင်း လုယက်မှုတစ်ခုဖြစ်

29468080_1756058484456426_2950032381570152321_n

မန္တလေး၊ မတ် ၂၀

ယမန်နေ့ နံနက် ၈ နာရီ ခွဲအချိန် ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ထဲရှိ မြို့ဟောင်းဈေးအတွင်း ၌ လုယက်မှုတစ်ခုဖြစ်ခဲ့၍ ကျူးလွန်သူကို ရဲက ဖမ်းဆီးထားကြောင်း အမှုစစ်ရဲအရာရှိက Popular News ကိုပြောသည်။

ကျူးလွန်သူမှာ အသက် ၃၀အရွယ်ခန့်ရှိသူ အမျိုးသမီးဖြစ်ပြီး လသားအရွယ် ကလေးငယ်၏ လည်ပင်းတွင် ဆွဲထားသည့် ရွှေဆွဲကြိုးကို လုယူထွက်ပြေး ခြင်းဖြစ်ကြောင်း အထက်ပါ ရဲအရာရှိက ပြောပြသည်။

”မြေးအဖွား ၂ယောက်က ဦးထုတ်ဝယ်နေတာဗျာ။အဖွားဖြစ်သူက ကလေးကို ချီထားတယ်။အဖွားက ဦးထုတ်ကို စိတ်ရောက်နေချိန် အဲဒီ့(လုယူသူ အမျိုးသမီး)သူက ကလေးလည်ပင်း ဆွဲထားတဲ့ ရွှေဆွဲကြိုးကို ဖြတ်ပြီး ပြေးတာ။ကလေးက လသားလေးဗျာ။၅လပဲ ရှိသေးတယ်။ကလေးတစ်စုံတစ်ခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”‘ဟု ရဲက ပြောသည်။

၅လသား အရွယ်ကလေးငယ်၏ လည်ပင်းတွင် ဆွဲထားသည့် ဆွဲကြိုး၌ လက်စွပ်(၂)ကွင်း၊ ဆွဲပြား(၁)ခုပါကြောင်း၊ထိုအရာများကို ပြန်လည်သိမ်းဆည်းထားပြီးဖြစ်ကြောင်း နယ်မြေခံရဲတပ်ဖွဲ့က ပြောသည်။

”လုခံလိုက်ရတာကို အဖွားဖြစ်သူက သိတော့ ဘေးပါတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းတယ်။ဝိုင်းတားကျတော့ မိတာပေါ့”ဟု ရဲက ပြောသည်။

ကျူးလွန်သူအမျိုးသမီးမှာ ယခင်က လုယက်မှု ကျူးလွန်ဖူးသူ တစ်ဦးဟု ရဲက ပြောသည်။

လက်ရှိတွင် အမှတ်(၁၁)နယ်မြေရဲစခန်းက (ပ)၁၁၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အရေးယူထားသည်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*