ရဲတပ်သားတစ်ဦးပါဝင်နေတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု

ရဲတပ်သားတစ်ဦးပါဝင်နေတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု
March 15, 2018 AsianFame MediaGroup

4:52 pm
ရဲတပ်သားတစ်ဦးပါဝင်နေတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု

29243590_1750041668391441_5982248799477383387_n

မန္တလေး၊မတ် ၁၅

ရဲတပ်သားတစ်ဦးပါဝင်ပတ်သက်တဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဖြစ်စဉ်တစ်ခု မန္တလေး ချမ်းမြသာစည်မြို့နယ်မှာ မနေ့က(မတ် ၁၄ ရက်) ဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရဲစခန်းအပိုင်နယ်မြေမှာဖြစ်ပွားခဲ့တာပဲဖြစ်ပြီး အဲဒီနေ့မနက် ၁၁ နာရီခန့်က မူးယစ်တပ်ဖွဲ့စု(၁၇)၊ မန္တလေး (မြောက်ပိုင်း)မှ ဒုရဲအုပ်လင်းလင်းဦးဦးစီးတဲ့ ရဲတပ်ကြပ်ကြီးရဲထွဋ်ဝင်း၊ ရဲဒုတပ်ကြပ်သန်းဝင်း၊ ရဲဒုတပ်ကြပ်နိုင်လင်းမောင်၊ ရဲတပ်သားအောင်သက်ဟိန်း နဲ့ ရဲတပ်သားသက်သီရိကျော်တို့ပါဝင်တဲ့အဖွဲ့ဟာ မူးယစ်ကြိုတင်သတင်းအရ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတွေနဲ့အတူ မန္တလေး-ပြင်ဦးလွင်လမ်း စောမွန်လှဘုရားရှေ့စောင့်ဆိုင်းနေစဉ် ပုသိမ်ကြီးမြို့နယ်နေ မသန်းသန်းစိုး ဆိုသူစီးနင်းလာတဲ့ဆိုင်ကယ်အား ရပ်တန့်ရှာဖွေခဲ့ရာမှ နောက်ဆက်တွဲအဖြစ် ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ နယ်မြေရဲစခန်းမှ ရဲတပ်သား——-ဆိုသူ ပါဝင်ပတ်သက်နေတာကို စစ်ဆေး တွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ အမှတ် ၁၀ နယ်မြေရဲစခန်းဆီ တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ “ကျွန်တော်တို့စခန်းကဆိုတာဟုတ်ပါတယ်၊ အောင်ပင်လယ်မှာပဲအမှုဖွင့်တာပါ၊ စစ်ဆေးနေပါတယ်၊ ဒီအမှုထဲမှာပါတယ်ဆိုရင်တော့ အရေးယူမှာပါ” လို့ တာဝန်ရှိသူတစ်ဦးကပြန်လည်ဖြေကြားပေး ပါတယ်။

ဖြစ်စဉ်မှာ မူးယစ်ကြိုတင်သတင်းရထားသူ မသန်းသန်းစိုးစီးနင်းလာတဲ့ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ ၄င်းရဲ့လက်ထဲကနေကြာစေ့အိတ်ခွံ အတွင်း နောက်ထပ်အိတ်အထပ်ထပ်ပတ်ထားတဲ့ ပလပ်စတစ်ကပ်ခွာအပြာရောင်အိတ်အတွင်းမှ 88 နဲ့ 1 စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား နှစ်ထုပ်၊ ဆေးပြား ၃၉၀ ပြားတွေ့ရှိခဲ့ရကြောင်း၊ မသန်းသန်းစိုးအားစစ်ဆေးမေးမြန်းရာမှာ အဆိုပါမူးယစ်ဆေးဝါးတွေဟာ ပြန်လည်ရောင်းချဖို့ မတ်လ ၁၃ ရက်နေ့က မဟာမုနိဘုရားကြီးအရှေ့ဘက်မုခ်မှာ နေထက်လင်း ဆိုသူဆီကတစ်ဆင့် မြန်မာငွေ ၆ သိန်းကျပ်နဲ့ဝယ်ယူခဲ့တာဖြစ်ကြောင်း လက်ငင်း အနေနဲ့ ၃ သိန်းကျပ်ပေးခဲ့ပြီး ပစ္စည်းရောင်းကုန်တဲ့အခါ ကျန်ငွေပေးချေမှာဖြစ်ကြောင်းသိရတာကြောင့် နေထက်လင်းဆီ မသန်းသန်းစိုးအားတယ်လီဖုန်း နဲ့ဆက်သွယ်စေပြီး ၆၇ လမ်း နဲ့ ၆၈ လမ်းကြား သိပ္ပံလမ်းပေါ်ချိန်းဆိုလိုက်ကြောင်း၊ နေထက်လင်းရောက်ရှိလာစဉ် ၄င်းအားရှာဖွေစစ်ဆေးမေးမြန်းရာမှ ရဲတပ်သားတစ်ဦးဖြစ်နေတာကိုသိရကြောင်း၊ ၄င်းနဲ့အတူ မူးယစ်ဆေးဝါးတွေရှိမနေပေမယ့်လည်း မူးယစ်ဆေးဝါးရောင်းချရာမှာ ဆက်သွယ်အသုံးပြုတဲ့ တယ်လီဖုန်းတွေကိုတော့ ရှာဖွေတွေ့ရှိခဲ့ရကြောင်း၊ ၄င်းတို့နှစ်ဦးစလုံးအား အောင်ပင်လယ်နယ်မြေရဲစခန်းဆီ ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ၄င်းတို့နှစ်ဦးစလုံးကို အောင်ပင်လယ်နယ်မြေရဲစခန်းက ပြစ်မှုအမှတ်စဉ် မယပ ၃/၂၀၁၈၊ ၁၉(က)/၂၁ နဲ့အမှုဖွင့်အရေးထားတယ် လို့သိရပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*