ကောက်ခံရရှိသည့်အခွန်နှင့်လူတစ်ဦးချင်းဝင်ငွေအချိုး (Tax to GDP Ratio) တိုင်းတာပါက အခွန်ရသင့် သလောက်မရသေးဟုဆို

ကောက်ခံရရှိသည့်အခွန်နှင့်လူတစ်ဦးချင်းဝင်ငွေအချိုး (Tax to GDP Ratio) တိုင်းတာပါက အခွန်ရသင့် သလောက်မရသေးဟုဆို
March 14, 2018 AsianFame MediaGroup

10:31 am
ကောက်ခံရရှိသည့်အခွန်နှင့်လူတစ်ဦးချင်းဝင်ငွေအချိုး (Tax to GDP Ratio) တိုင်းတာပါက အခွန်ရသင့် သလောက်မရသေးဟုဆို

 

Untitled-1

နေပြည်တော် မတ် ၁၄

ကောက်ခံရရှိသည့်အခွန်နှင့်လူတစ်ဦးချင်းဝင်ငွေအချိုး(Tax to GDP Ratio)ကိုတိုင်းတာပါကအခွန်ရသင့် သလောက်မရရှိသေးကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဒုတိယဝန်ကြီးကနေပြည်တော်တွင်ယမန်နေ့ကကျင်းပပြုလုပ်သောNational Financial Inclusion Forum 2018တွင်မီဒီယာများကို ပြောကြားခဲ့သည်။

“အခွန်ကနိုင်ငံအနေအထားနဲ့ဆိုရင်(Tax To GDP Ratio)နဲ့တိုင်းတဲ့အခါကျတော့အခွန်ကရသင့်သလောက်မရသေးဘူးဆိုတာပြနေတယ်။ကျွန်တော်တို့ရတဲ့အခွန်ကနည်းနည်း နည်းနေသေးတယ်။နည်းနေသေးတာကလဲအကြောင်းတစ်ခုတည်းကြောင့်မဟုတ်ဘူးအကြောင်းအမျိုးမျိုးကြောင့်ဖြစ်တယ်”ဟုစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းကဆိုသည်။

အခွန်ရရှိမှုနည်းပါးရခြင်း၏အဓိကအကြောင်းအရင်း များမှာအခွန်ဆောင့်သင့်သောသူများမဆောင်သော ကြောင့်ဖြစ်ပြီးအခွန်ရှောင်နေသူများလည်းရှိနေသေး ကြောင်း ဒုဝန်ကြီးက ဆက်ပြောသည်။

ထို့ကြောင့်အခွန်ရှောင်နေသူများကိုဖော်ထုတ်ပြီးအခွန်ဆောင်လာစေရန်လုပ်ဆောင်မည်ဖြစ်ပြီးအခွန်ဆောင်နေသူများကိုလည်းမှန်မှန်ကန်ကန်ပြည့်ပြည့်ဝဝဆောင်လာစေရန်ဆောင်ရွက်မည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။

ထို့အပြင်ဓာတ်ဆီဆိုင်အရေအတွက်အခွန်ဆောင်နေသောဓာတ်ဆီဆိုင်စသည်တို့ကိုစီစစ်မည်ဖြစ်ပြီးအခွန်မဆောင်သေးသောစားသောက်ဆိုင်များလည်းရှိနေသေးကြောင်းဒုတိယဝန်ကြီးက ပြောခဲ့သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*