စာမေးပွဲမပြီးခင် လူမှုကွန်ရက်ဖေ့ဘွတ်ပေါ် မေးခွန်းတင်ခဲ့သူကို ၆၆(ဃ) နဲ့အမှုဖွင့်

စာမေးပွဲမပြီးခင် လူမှုကွန်ရက်ဖေ့ဘွတ်ပေါ် မေးခွန်းတင်ခဲ့သူကို ၆၆(ဃ) နဲ့အမှုဖွင့်
March 13, 2018 Fame Asian

2:38 pm
စာမေးပွဲမပြီးခင် လူမှုကွန်ရက်ဖေ့ဘွတ်ပေါ် မေးခွန်းတင်ခဲ့သူကို ၆၆(ဃ) နဲ့အမှုဖွင့်

aungthumin

ပဲခူး၊ မတ် ၁၃

စာမေးပွဲဖြေဆိုနေချိန် အတွင်း လူမှုကွန်ရက်ဖေ့ဘွတ်ပေါ် မေးခွန်းလွှာတင်ခဲ့သူကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့အရေးယူပေးဖို့ ပဲခူးတိုင်းပညာရေးမှူးရုံးက ယမန်နေ့က သက်ဆိုင်ရာထံတိုင်ကြားထားတယ်လို့ ပဲခူးတိုင်းရဲက Popular News ကို ပြောပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒ မေးခွန်း ဖြေဆိုနေချိန် မှာ Sayar Bone ဆိုတဲ့ ဖေ့ဘွတ်အကောင့်ကနေ မေးခွန်းတွေတက်လာတာကြောင့် ပညာရေးဌာနဘက်က အခုလို တိုင်တန်းလာတာဖြစ်တယ်လို့ ရဲက ရှင်းပြပါတယ်။

“ကျွန်တော်တို့ စုံစမ်းနေတုန်းပါပဲ။ အကောင့်ထဲမှာ နေရပ်တွေ လိပ်စာတွေ မပါတော့ ” လို့ ပဲခူးအမှတ် ၂ နယ်မြေရဲစခန်းက တာဝန်ကျရဲက ပြောပါတယ်။

Sayar Bone ဆိုတဲ့ ဖေ့ဘွတ်အကောင့်ကနေ စာမေးပွဲအပြီးခင် မေးခွန်းတွေတက်လာတာကို ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယဦးစီးမှူး ဦးသီဟထွန်း ဆိုသူက တွေ့ရှိခဲ့လို့ Sayar Bone အကောင့်ပိုင်ရှင်ကို ပဲခူးအမှတ် ၂ နယ်မြေရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့အမှုဖွင့်လိုက်ပြီဖြစ်ကြောင်း နဲ့ တရားလိုပြုလုပ်တိုင်ကြားသူကတော့ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး ရဲ့ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါ်မေသက်နွယ်ဆိုသူဖြစ်တယ်လို့ ပဲခူးအမှတ် ၂ ရဲစခန်း ရဲ့တာဝန်ကျတာဝန်မှူးက Popular News ကို ပြောပါတယ်။

ဒါနဲ့ပတ်သတ်ပြီး ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယဦးစီးမှူး ဦးသီဟထွန်းက “စာမေးပွဲမေးခွန်းကို စာမေးပွဲပြီးချိန် ၁၂ နာရီအထိ ဘယ်သူမှမသိရဘူးလေ။ မေးခွန်းတွေစတက်လာတာ စာမေးပွဲဖြေနေတုန်းတက်လာတာ။ ဒီတော့ ကျွန်တော်တို့သိချင်တာ ဒီမေးခွန်းတွေကိုဘယ်ကရတာလဲ။ ဒါကိုသိချင်တာ” လို့ ဆိုပါတယ်။

အခု အမှုဖွင့်ထားတဲ့ Sayar Bone အကောင့်ကို ၀င်ကြည့်ရာမှာ ယခင်နေ့တွေကလည်း စာမေးပွဲမေးခွန်းတွေကို စာမေးပွဲမပြီးခင် လူမှုကွန်ရက်ပေါ်တင်ခဲ့သေးတယ်လို့ ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။

လက်ရှိမှာတော့ Sayar Bone အကောငိ့ပိုင်ရှင်ကို ပဲခူးအမှတ် ၂နယ်မြေရဲစခန်း မှာ (ပ)၂၂၃/၂၀၁၈ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့အမှုဖွင့်ထားတယ်လို့ရဲစခန်းကပြောပါတယ်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*