လမ်းမီးလင်းအောင် လုပ်ပေးဖို့ မြို့ တော်ဝန်ကိုမေးမြန်းမှု၊ ကျေနပ်ဖွယ်အဖြေမရရှိကြောင်း လှိုင်သာယာအမတ်ပြော

လမ်းမီးလင်းအောင် လုပ်ပေးဖို့ မြို့ တော်ဝန်ကိုမေးမြန်းမှု၊ ကျေနပ်ဖွယ်အဖြေမရရှိကြောင်း လှိုင်သာယာအမတ်ပြော
March 12, 2018 AsianFame MediaGroup

5:55 pm
လမ်းမီးလင်းအောင် လုပ်ပေးဖို့ မြို့ တော်ဝန်ကိုမေးမြန်းမှု၊ ကျေနပ်ဖွယ်အဖြေမရရှိကြောင်း လှိုင်သာယာအမတ်ပြော

29066534_1721224054588219_1001749384615952384_n

ရန်ကုန်၊ မတ် ၁၂

လှိုင်သာယာမြို့ နယ်အတွင်းရှိ လမ်းအချို့ ကို လမ်းမီးရအောင်လုပ်ပေးဖို့ ဒီကနေ့ မေးမြန်းမှုနဲ့ ပတ်သတ်ပြီး မြို့ တော်ဝန်ဦးမောင်မောင်စိုးက လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ရဲ့ ဓါတ်တိုင်တွေအပေါ်ကိုသာ မူတည်နေတယ်လို့  ပြန်လည်ဖြေဆိုခဲ့ပါတယ်။

လှိုင်သာယာမြို့ နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဦးဝင်းမောင်ရဲ့ ”လှိုင်သာယာမြို့ နယ်အတွင်းရှိ အဓိကလမ်းမကြီးများဖြစ်ကြတဲ့ ရန်ကုန်-ပုသိမ်လမ်း၊ရန်ကုန်-ညောင်တုန်းလမ်း၊ အနော်ရထာလမ်း၊တပင်ရွှေထီးလမ်း၊ ကျန်စစ်သားလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ ပီမိုးနင်းလမ်းများမှာ လမ်းမီးများ စနစ်တကျထွန်းပေးဖို့ အစီအစဉ်ရှိမရှိ” မေးခွန်းနဲ့ ကို မြို့ တော်ဝန်ရဲ့ဖြေကြားချက်နဲ့ ပတ်သတ်ပြီး မေးခွန်းမေးမြန်းတဲ့ လွှတ်တော်ကိုယ်စားလှယ်က သူမေးတဲ့မေးတဲ့မေးခွန်းအတွက် အဖြေတစ်ခုမှပါမလာဘူးလို့ မြို့ တော်ဝန်ကို တိုင်းလွှတ်တော်မှာပြန်ပြောခဲ့ပါတယ်။

”အခုမြို့ တော်ဝန်ကြီးရှင်းပြသွားတာကို အများကြီးကျေးဇူးတင်တယ်။ သို့ သော်မေးခွန်းအတွက် အဖြေတစ်ခုမှမပါလိုက်ပါဘူး။ အခြေအနေကိုပဲရှင်းပြသွားတာဖြစ်ပါတယ်။ ကျွန်တော်မေးထားတဲ့မေးခွန်းက လှိုင်သာယာမြို့ နယ်မှာ လမ်းနာမည်တွေပါ တပ်ပြီိးတော့ ဒီလမ်းတွေကအရေးကြီးတယ်။ တကယ်လည်းမှုခင်းတွေဖြစ်တယ်။ တကယ်လည်းမြို့ ပြအင်္ဂါရပ်နဲ့  ညီညွတ်ဖို့ လိုတယ်။ တကယ်လည်း အရေးတကြီးလိုအပ်နေတဲ့ကိစ္စရပ်ဖြစ်တယ်။မြို့ ဖြစ်ပြီးတော့ မီးမရှိတော့ရင်လည်း အလကားပဲ။ ပြောချင်တာက ဘယ်ကာလမှာဆောင်ရွက်ပေးမယ်ဆိုတဲ့မေးခွန်းတွေဖြစ်ပါတယ်။ ဒီမေးခွန်းနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့အဖြေမျိုးလေးကိုတော့ မြို့ တော်ဝန်ဆီက သိရှိလိုပါတယ်” လို့ လှိုင်သာယာမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဦးဝင်းမောင်က လွှတ်တော်မှာပြောပါတယ်။

မြို့ တော်ဝန်ဦးမောင်မောင်စိုးကတော့ ”လမ်းမီးကြိုးတွေပြီးလို့ ရှိရင် လမ်းမီးတွေတပ်ပေးဖို့က ကျွန်တော်တို့တာဝန်ပါ။ ဘယ်တော့လဲဆိုလို့ ရှိရင် လျှပ်စစ်ကြိုးတွေသွယ်တန်းပြီးတဲ့အချိန်ပါ။ YCDC ကလည်း မီးသီးတွေချဲ့ ပေးဖို့ က အစီအစဉ်ပါ။ ဘယ်တော့လဲဆိုတာက ဘေးမှာရှိတဲ့ ( တိုင်းလွှတ်တော်တွင် လျှပ်စစ်စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်သည် မြို့ တော်ဝန်ဦးမောင်မောင်စိုးဘေးတွင်ထိုင်)လျှပ်စစ်ဝန်ကြီးရဲ့ ဓါတ်တိုင်ပေါ်မှာ မူတည်ပါတယ်။ ဓါတ်တိုင်ပြီးရင် ကျွန်တော်တို့ မတပ်ရင် ကျွန်တော်တို့ YCDC ရဲ့အပြစ်ပါ။ ဓါတ်တိုင်မရှိဘဲနဲ့ မတပ်ရသေးဘူးဆိုတော့ ဒါ ပြန်စဉ်းစားဖို့ ။ အချိန်ကာလဆိုတာဟာ အခြေအနေအပေါ်မူတည်ပါတယ်” လို့ပြောပါတယ်။

”YESC က ဓါတ်ကြိုးနဲ့ ဓါတ်တိုင်ထောင်ပေးတယ်။ YCDC က မီိးလုံးတပ်တယ်။ သို့ သော်မီးမလာတဲ့အခါ YCDC ကလည်း ဓါတ်ကြိုးက ဘယ်နေရာပျက်လို့ မီးမလာတာပြောပြီး YESC အနေနဲ့ လည်း မီးကျွမ်းနေလို့  YCDC ကတပ်ထားလို့ မီးမလာတာဆိုပြီး သူ့ လွှဲချကိုယ့်လွှဲချနဲ့ ရပ်ကွက်နေပြည်သူလူထုက အမှောင်ထဲမှာ ငုတ်တုတ်ထိုင်နေရတာကြာနေပါပြီ။ အဲဒါကို ၀န်ကြီးချုပ်ကိုလည်း တင်ပြထားပါတယ်YCDC သည်မီးသီးတပ်မယ့်ဘတ်ဂျတ်ကအစ YESC ကိုလွှဲပေးပါတော့မယ်” လို့ မြို့ တော်ဝန်ကဆက်ပြောပါတယ်။ အဲဒီကိစ္စကို ၀န်ကြီးချုပ်က သဘောတူထားပြီး လွှတ်တော်ကိုတင်ပြသွားမယ်လို့ မြို့ တော်ဝန်ကဆိုပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*