ရန်ကုန်တိုင်းမှ ဌာနဆိုင်ရာတွေကို မကျေနပ်လို့ လာတိုင်တဲ့ ပြည်သူတွေရဲ့ တိုင်စာ တစ်လ ၁၀၀ ၀န်းကျင်ရှိနေ

ရန်ကုန်တိုင်းမှ ဌာနဆိုင်ရာတွေကို မကျေနပ်လို့ လာတိုင်တဲ့ ပြည်သူတွေရဲ့ တိုင်စာ တစ်လ ၁၀၀ ၀န်းကျင်ရှိနေ
March 8, 2018 Fame Asian

4:36 pm
ရန်ကုန်တိုင်းမှ ဌာနဆိုင်ရာတွေကို မကျေနပ်လို့ လာတိုင်တဲ့ ပြည်သူတွေရဲ့ တိုင်စာ တစ်လ ၁၀၀ ၀န်းကျင်ရှိနေ

28685423_1716628771714414_1432829751360909270_n

ရန်ကုန် ၊ မတ် ၈

ရန်ကုန်တိုင်းမှ ဌာနဆိုင်ရာတွေကို မကျေနပ်လို့ လာတိုင်တဲ့တိုင်စာတွေဟာ တစ်လကို စောင်ရေ ၁၀၀ ၀န်းကျင်ရှိနေတယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  မှပြောပါတယ်။ဒါဟာ NLD အစိုးရစတင်တာဝန်ယူခဲ့တဲ့အချိန်မှ ယခုအချိန်အထိကို ရန်ကုန်တိုင်းမှ ဌာနဆိုင်ရာတွေအပေါ်မကျေနပ်လို့  လာရောက်တိုင်ကြားကြတဲ့ ကိန်းဂဏန်းဖြစ်ပါတယ်။ တိုင်ကြားစာစုစုပေါင်း ၂၂၃၇ စောင်ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနော်ပန်းသဉ္ဇာမျိုးက ပြောတာဖြစ်ပါတယ်။

”ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ယူခဲ့တဲ့နေ့  ကနေ ဒီနေ့  အချိန်အထိ ပြည်သူတွေက တိုင်ကြားတဲ့တိုင်ကြားစာအရေအတွက်က ၂၂၃၇ စောင်ပါ။ ဖြေရှင်းဆောင်ရွက်ပြီးတဲ့အမှုက ၁၂၄၁ မှုပါ။ ဖြေရှင်းဖို့ ကျန်နေတဲ့အမှုက ၉၉၆ မှုဖြစ်ပါတယ်။ ပျှမ်းမျှဆိုရင်တော့ တစ်လကို တိုင်ကြားစာ စောင်ရေတစ်ရာပတ်ဝန်းကျင်ရှိပါတယ်”လို့ ဝန်ကြီးကဆိုပါတယ်။

ဒီကနေ့ ကျင်းပတဲ့ တိုင်းပုံမှန်အစည်းအဝေးမှာ ဒဂုံမြို့ နယ်မှာ ဒဂုံမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက”ရန်ကုန်တိုင်းအတွင်းရှိ ဌာနဆိုင်ရာများကို ပြည်သူများက မကျေနပ်ချက်တွေရှိရင် ကိုယ်တိုင်လွယ်ကူစွာတိုင်ကြားခွင့်ရဖို့ တိုင်းအစိုးရအဖွဲ့ က ဘယ်လို ဆောင်ရွက်ထားသလဲ၊ တိုင်းအစိုးရအဖွဲ့ စတင်တာဝန်ယူချိန်မှ ယခုထိ တိုင်ကြားစာဘယ်လောက်ရှိပြီလဲဆိုတာနဲ့ တိုင်ကြားခံရတဲ့ သက်ဆိုင်ရာဌာနဆိုင်ရာမှ ပုဂိုလ်တွေကို ဘယ်လောက်အရေးယူခဲ့လဲ” စတဲ့ မေးခွန်းများကို မေးမြန်းခဲ့ပါတယ်။

”ဒီတိုင်ကြားစာတွေထဲမှာ ကျွန်တော်သိချင်တာက လယ်ယာမြေနဲ့  အခြားမြေသိမ်းဆည်းရေးနဲ့ ပတ်သတ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကြီးပြောပါတယ် ။ စောင်ရေက တစ်သောင်းပတ်ဝန်းကျင်လောက်ရှိတယ်။ တိုက်ကြီးမြို့ နယ်ထဲတင်ကို ထောင်ကျော်တယ်လို့ သိရပါတယ်။ ဒီဟာတွေမပါဘူးထင်တယ်။ ဒီတော့ မြေနဲ့ ပတ်သတ်လို့ တိုင်ကြားစာ တစ်သောင်းလောကိုဘယ်လိုဖြေရှင်းပေးပါသလဲသိချင်ပါတယ်” လို့ ဦးကျော်ဇေယျက တိုင်းလွှတ်တော်မှာ နောက်ဆက်တွဲအနေနဲ့  မေးမြန်းခဲ့ပါတယ်။

ဝန်ကြီးနော်ပန်းသဉ္ဇာမျိုးကတော့ တိုင်စာစောင်ရေနဲ့ ပတ်သတ်လို့  ဦးကျော်ဇေယျကို နားလည်မှုလွဲနေတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ” မြေယာအမှုအခင်းက တစ်သောင်းတစ်ထောင်ကျော်ရှိပါတယ်။ ဒါက အမှုအခင်းဖိုင်ပါ။ တိုင်ကြားစာဖိုင်မဟုတ်ပါဘူး။ မြေယာအမှုနဲ့ ပတ်သတ်လို့ တိုင်ကြားစာတွေက စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီးဆီကို ရောက်ပါတယ်။ မြေယာရော အခြားတိုင်စာတွေရောပေါ့ ။ တိုင်စာကတော့ ၈၉၁ စောင်ရှိပါတယ်။ ၁၄၆ ဖြေရှင်းပြီးပါပြီ” လို့ ပြန်ဖြေခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများကို ပြည်သူများအနေနဲ့ မကျေနပ်လို့ တိုင်ကြားလိုပါက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး၊ ၀င်စာမှတ်ပုံတင်ဌာနမှာ မိမိသက်ဆိုင်ရာစာများရဲ့ မှတ်ပုံတင်များနဲ့ စုံစမ်းရယူနိုင်တယ်လို့ တိုင်းအစိုးရအဖွဲ့ က ဆိုပါတယ်။ ပြည်သူတွေသိရိလိုတာတွေကိုရှင်းပြပေးဖို့ လည်း ရုံးဖွင့်ရက်တွေမှာ ၀န်ထမ်းနှစ်ဦးထားပေးထားတယ်လို့ ပြောပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*