ပထမ ၆လ ပါတ်အတွင်း ကောက်ခံရန်လျာထား ထားသည့် အခွန်ငွေထက် ဘီလီယံ ၅၀၀ကျော် ပိုမိုကောက်ခံနိုင်ခဲ့ဟု အစိုးရကြေညာ

ပထမ ၆လ ပါတ်အတွင်း ကောက်ခံရန်လျာထား ထားသည့် အခွန်ငွေထက် ဘီလီယံ ၅၀၀ကျော် ပိုမိုကောက်ခံနိုင်ခဲ့ဟု အစိုးရကြေညာ
February 28, 2018 AsianFame MediaGroup

4:24 pm
ပထမ ၆လ ပါတ်အတွင်း ကောက်ခံရန်လျာထား ထားသည့် အခွန်ငွေထက် ဘီလီယံ ၅၀၀ကျော် ပိုမိုကောက်ခံနိုင်ခဲ့ဟု အစိုးရကြေညာ

28468132_1732459630149645_5333864814346877388_n

နေပြည်တော်၊ဖေဖော်ဝါရီ ၂၈

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပထမ ၆လ ပါတ်ကာလအတွင်း ကောက်ခံရရှိသည့်အခွန်ငွေပမာဏမှာ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ပထမ ၆လ ပါတ်ကာလတာကာလက ထက် ငွေကျပ် ဘီလီယံ ၅၃၀ကျော် ပိုမိုရရှိခဲ့သည်ဟု စီမံ/ဘဏ္ဍာ ၀န်ကြီးဌာန က ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာ တင်ပြထားသည်။

ယခင်နှစ် ပထမ ၆လတာကာလက ငွေကျပ် ဘီလီယံ ၂၅၄၈ဒသမ၄၀၁ ဘီလီယံ ကောက်ခံရရှိခဲ့သော်လည်း ယခုနှစ် ၆လတာကာလအတွင်းငွေကျပ် ဘီလီယံ ၃၀၇၈ဒသမ၇၉၉ ဘီလီယံ ကောက်ခံရရှိခဲ့သည်ဟု စီမံ/ဘဏ္ဍာဝန်ကြီးဌာန ဒုတိယ၀န်ကြီးက လွှတ်တော်ကို ပြောသည်။

ယခုနှစ် ၆လတာကာလအတွင်း အခွန်လျာထားချက်မှာ ၂၅၅၃ဒသမ၆၈၅ ဘီလီယံ ဖြစ်သော်လည်း လျာထားချက်ထက် ပို၍ကောက်ခံနိုင်ခြင်းများမှာ ၁နှစ်အတွင်းပေးရန်ရှိသည့် အခွန်ငွေကို ၆လအတွင်း ပေးဆောင်ကြခြင်း၊
အခွန်ပေးဆောင်ရန်ရှိသူတို့ ပေးဆောင်ကြခြင်း၊အိမ်ခြံမြေ အစရှိသည့် အခြေပစ္စည်းရောင်းဝယ်မှုမှ အခွန် ကောက်ခံရရှိခြင်း၊နယ်စပ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန်များအပေါ် ကောက်ခံ ရရှိခြင်း၊၅၀၀ကျပ်တန် အောင်ဘာလေထီ ရောင်းချရာတွင်
အက္ခရာများတိုးမြှင့် ရောင်းချနိုင်ခဲ့ခြင်း၊သတ်မှတ်ကာလအတွင်း ဆုငွေ လာမထုတ်မှုများကို နိုင်ငံပိုင်အဖြစ်သိမ်းယူခဲ့ခြင်း၊ဖုန်းဘေ အခွန် ယခင်ကထက် ပိုမိုရရှိခဲ့ခြင်းတို့ကြောင့် ဖြစ်သည်ဟု ဒုတိယ၀န်ကြီးက ရှင်းပြသည်။

PN-051

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*