တနိုင်းဒေသ မိုင်းခွန်မှော်အတွင်းက မှော်လုပ်သားတွေ ထွက်ခွာဖို့ အကြောင်းကြားထား

တနိုင်းဒေသ မိုင်းခွန်မှော်အတွင်းက မှော်လုပ်သားတွေ ထွက်ခွာဖို့ အကြောင်းကြားထား
February 28, 2018 Fame Asian

11:32 am
တနိုင်းဒေသ မိုင်းခွန်မှော်အတွင်းက မှော်လုပ်သားတွေ ထွက်ခွာဖို့ အကြောင်းကြားထား

28277339_1707735172603774_8929158687626492040_n

တနိုင်း ၊ ဖေဖော်ဝါရီ ၂၈

ကချင်ပြည်နယ် ၊တနိုင်းဒေသ ပယင်းမှော်ဖြစ်တဲ့ မိုင်းခွန်မှော်အတွင်းကနေ မှော်လုပ်သားတွေ အပြီးထွက်ခွာပေးဖို့ ဒီရက်ပိုင်းမှာ တပ်မတော်က စာပေးပို့ အကြောင်ကြားထားတယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ကပေါ်ပြူလာနယူးစ်ကိုအတည်ပြုပြောပါတယ်။

မိုင်းခွန်မှော် နဲ့ တောက်လျှောက်ဆက်နေတဲ့ ထန်းပလား မှော် စတဲ့မှော်တွေအတွင်းမှာ ပယင်းတူးနေတဲ့ မှော်လုပ်သားတွေကို ပြီးခဲ့တဲ့ ၂၇ ရက်နေ့မှာ အပြီးထွက်ခွာပေးဖို့ ၊ ဒါကို သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူက သိရှိလိုက်နာဆောင်ရွက်နိုင်ပါရန် ဆိုတဲ့ အကြောင်းအရာထည့်သွင်းရေးသားထားတဲ့စာကို ၂၆ ရက်နေ့မှာ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံ တပ်မတော်ကနေစာပေးပို့ခဲ့တယ်လို့ အမည်မဖော်လိုတဲ့အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတစ်ဦးကပေါ်ပြူလာနယူးစ်ကိုအတည်ပြုပြောပါတယ်။

“ဒါပေမဲ့ ပြဿနာက ဖယ်ခိုင်းတဲ့ မှော်နေရာက တရားဝင်ခွင့်ြ့ပုထားတဲ့မှော်မဟုတ်ဘူုး။ ပြောချင်တာက အုပ်ချုပ်ရေးနယ်မြေအထဲမှာမပါဘူး။ အုပ်ချုပ်ရေးအဖွဲ့ကခွင့်ပြုထားတဲ့နေရာလည်း မဟုတ်ဘူး။ ဒီတော့ အဲ့ဒီအကြောင်းကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကိုစာပေးပို့ထားတယ်။ ဒါပေမဲ့ ဆိုင်းငံ့ထားပြီး အကြောင်းပြန်တာမရှိတဲ့အတွက် မှော်ထဲက လူတွေကို ဘာမှ တော့မပြောထားသေးဘူး ” လို့ အဆိုပါ တာဝန်ရှိသူကဆိုပါတယ်။

ဒါပေမဲ့ ၂၇ ရက်နေ့မှာတော့ မိုင်းခွန်အပါအ၀င် ဆက်နေတဲ့ ထန်းပလားမှော်အတွင်းကနေ မှော်လုပ်သားတွေစက်လှေနဲ့ထွက်ခွာ မှုတွေရှိနေတယ်လို့ ၎င်းကပဲဆိုပါတယ်။

လောလောဆယ် မိုင်းခွန်ကျေးရွာအုပ်စုအပါအ၀င် မိုင်းခွန်မှော်တစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသေးကြောင်း၊ ဒါပေမဲ့ အချိန်မရွေးဖြစ်လာနိုင်တဲ့အနေအထားမှာရှိနေကြောင်း လည်း သိရပါတယ်။

မိုင်းခွန်အုပ်စုအထဲမှာတော့ ကျေးရွာ ၄ ရွာပါဝင်ပြီး စစ်တမ်းကောက်ထားတဲ့ အိမ်ထောင်စု ၅၀၀ နဲ့ မှော်လုပ်သားတွေ နေထိုင်တာတွေပေါင်းရင် ၁၀၀၀ ကျော်လောက်ရှိတယ်လို့ အုပ်ချုပ်ရေးအဖွဲ့ရဲ့စာရင်းတွေအရသိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းက လည်း တနိုင်းဒေသ အတွင်းရွှေနဲ့ပယင်းမှော် ၁၀ မှော်မှာ နယ်မြေရှင်းလင်းရေးတွေလုပ်ဖို့ မှော်လုပ်သားတွေကို ဖယ်ရှားခိုင်းခဲ့ဖူးပါတယ်။

အဲ့ဒီအချိန်တုန်းကတော့ နယ်မြေရှင်းလင်းရေးလုပ်မယ့်အကြောင်းကြားစာကို တပ်မတော်စစ်ရဟတ်ယာဉ်နဲ့ ကြဲချခဲ့တာဖြစ်ပါတယ်။

လက်ရှိ တနိုင်းဒေသမှာတော့ တပ်မတော်နဲ့ KIA ကြားတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

တနိုင်းဒေသမှာ ပြီးခဲ့တဲ့ လပိုင်းက တိုက်ပွဲတွေဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပါသေးတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒါလီမြို့မှာ တပ်မတော်အရာရှိဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အဖွဲ့နဲ့ KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လဦးဆောင်တဲ့အဖွဲ့တို့ တိုက်ပွဲအရှိန်လျော့ချရေးတွေ့ဆုံဆွေးနွေးပြီးနောက်မှာတော့ တနိုင်းဒေသတွင်းတိုက်ပွဲတွေရပ်သွားခဲ့တာ ဒီကနေ့ အထိဖြစ်ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*