လွိုင်ကော်မှာ မီးရှို့ခံထားရတဲ့အမျိုးသမီးအလောင်းရဲ့ လက်သည်ဟာ သူ့ခင်ပွန်းဖြစ်နေ

လွိုင်ကော်မှာ မီးရှို့ခံထားရတဲ့အမျိုးသမီးအလောင်းရဲ့ လက်သည်ဟာ သူ့ခင်ပွန်းဖြစ်နေ
February 27, 2018 Fame Asian

2:06 pm
လွိုင်ကော်မှာ မီးရှို့ခံထားရတဲ့အမျိုးသမီးအလောင်းရဲ့ လက်သည်ဟာ သူ့ခင်ပွန်းဖြစ်နေ

28467635_1706728936037731_3121418070715471388_n

လွိုင်ကော် ၊ ဖေဖော်ဝါရီ ၂၇

ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကယားပြည်နယ်လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာ၊ လွိုင်ကော်-ရှားတောကားလမ်း၊မိုင်တိုင်အမှတ်(၁၁/၂-၃)ကြား လမ်းရဲ့အနောက်ဘက် ပေ ၁၀၀ လောက်အကွာ လျှိုမြောင်ချောက်အတွင်းတွေ့ရှိခဲ့ရတဲ့ မီးရှို့ခံထားရတဲ့ အမျိုးသမီးတစ်ဦးအလောင်းရဲ့ လက်သည်ဟာ သူ့ခင်ပွန်းကိုယ်တိုင်ဖြစ်နေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

မီးရှို့ခံထားရတဲ့ အလောင်းဟာ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်နေ ဒေါ်ဇင်မာထွေး(၄၄)နှစ်ဖြစ်ပြီး အလောင်းတွေ့ ရှိရာနေရာ ပြာပုံအောက်မှာ အရှည်(၁၇)ပေခန့်ရှိ သွပ်ကြိုး(၄)ချောင်း၊ မီးလောင်ကျွမ်းထားတဲ့ အဝါရောင်ပလတ်စတစ်ပြား(၁)ချပ်၊ အပြာရောင်ပလတ်စတစ်ပြား(၂)ချပ်၊ သဲလက်ကိုင်ကွင်း (၁)ခု၊ အနီရောင်ပလတ်စတစ်အဖုံး(၁)ဖုံးနဲ့ အခင်းဖြစ်နေရာအနီးကားလမ်းနံဘေးကနေ Dunhill တံဆိပ်ပါ အဖြူရောင်စီးကရက်အတို(၁၀)ခု၊ Red Bull အချိုရည်ဗူးခွံ(၂)ဗူးတို့ကို ရဲတပ်ဖွဲ့က သက်သေအဖြစ်သိမ်းဆည်းရမိခဲ့ကြောင်း ဆိုပါတယ်။

ဒေါ်ဇင်မာထွေး ရဲ့ နေအိမ်ကို ထပ်မံစစ်ဆေးခဲ့ရာ နေအိမ်မှာဓာတ်ဆီထည့်ထားသော ပလတ်စတစ်အဝါရောင် (၅)ဂါလံပုံး(၁)ပုံး၊ သံလက်ကိုင်ကွင်းပါ အပြာရောင် ပလတ်စတစ်ပုံးကြီး(၁)ပုံး၊ ကားတာယာအဟောင်း(၄)လုံးရှိတဲ့အထဲမှာ (၂)လုံး ပျောက်ဆုံး နေကြောင်း၊ နေအိမ်ခြံဝန်းအတွင်း အမှိုက်ခြင်းတောင်းအတွင်းကနေ Dunhill တံဆိပ်ပါ အဖြူရောင် စီးကရက်အတို(၁၀)ခု၊ စီးကရက်ဗူးခွံ(၁)ခု၊ ရွှံ့တွေပေကပ်နေတဲ့ အနက်ရောင် ဝေါကင်းရှူးဖိနပ်(၁)ရံတို့ကို ထပ်မံတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ကဆိုပါတယ်။

စစ်ဆေးတွေ့ရှိချက်တွေအရ သံသယရှိသူတွေဖြစ်တဲ့ ဒေါ်ဇင်မာထွေး ရဲ့ ခင်ပွန်းဖြစ်သူ လပြည့်ဝင်း(ခ) သပြေအောင်နဲ့ ၎င်းရဲ့ညီဖြစ်သူ အောင်ကောင်းစံဝင်း တို့ကို ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်း ခဲ့ရာ ညီဖြစ်သူ အောင်ကောင်းစံဝင်း ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိထားတဲ့ အောင်ကောင်းစံဝင်းကို စစ်ဆေးရာမှာ သူဟာ မိခင်ဖြစ်သူ ကျန်းမာရေးမကောင်းတာကြောင့် ဆေးကုသစရိတ်ငွေတောင်းဖို့ အကိုဖြစ်သူနေထိုင်တဲ့ ကယားးပြည်နယ် လွိုင်ကော်မြို့ကိုသွားရောက်ခဲ့ကြောင်း ၊ အကိုဖြစ်သူထံရောက်သောအခါ အကို ဖြစ်သူ လပြည့်ဝင်း(ခ)သပြေအောင်က သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်ဇင်မာထွေးကို သတ်ပြီးအပြာရောင်ပလတ်စတစ်ပုံနဲ့ထည့်ထားတာကိုတွေ့ခဲ့ရကြောင်း၊ ပြီးနောက် အလောင်းကို အကိုဖြစ်သူနဲ့အတူ ကားပေါ်တင်ပြီး လွိုင်ကော်-ရှားတော ကားလမ်း၊ မိုင်တိုင်အမှတ်(၁၁/၂-၃)ကြားလမ်းအနောက်ဘက် ပေ(၁၀၀)ခန့်အကွာ လျှိုမြောင်ချောက် အတွင်းသွားရောက်ကာဓာတ်ဆီလောင်းမီးရှို့ခဲ့တယ်လို့ ထွက်ဆိုကြောင်း ရဲကဆိုပါတယ်။

ပြီးနောက် အစ်ကိုဖြစ်သူက ရွှေထည်ပစ္စည်းတွေ ပေးတာကြောင့် ရန်ကုန်သို့ပြန်လာပြီး လှိုင်သာယာမီးခွက်ဈေးမှာ ရောင်းချခဲ့ပြီး နေအိမ်ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆိုတယ်လို့ ရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ သပြေအောင်(ခ)လပြည့်ဝန်း ကိုဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ဒီအမှုကိုတော့ လွိုင်ကော်မြို့မ ရဲစခန်း(ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ နဲ့အရေးယူထားတာဖြစ်ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*