ပြည်ပနိုင်ငံများထံမှနေ၍ အစိုးရ ငွေ ချေးအုံးမည်

ပြည်ပနိုင်ငံများထံမှနေ၍ အစိုးရ ငွေ ချေးအုံးမည်
February 23, 2018 Fame Asian

6:06 pm
ပြည်ပနိုင်ငံများထံမှနေ၍ အစိုးရ ငွေ ချေးအုံးမည်

a

နေပြည်တော်၊ဖေဖော်ဝါရီ ၂၄

ဆောက်လုပ်ရေးဆိုင်ရာ စီမံကိန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၄၀ နှင့် မြန်မာကျပ်ငွေ ၁၈၅ဒသမ ၄၈၅ ဘီလီယံ နှင့် ညီမျှသည့် ဂျပန် ယန်း ၁၅ဘီလီယံ ကို ပြည်ပနိုင်ငံများထံမှ ချေးယူ လိုကြောင်း အစိုးရက ကျင်းပနေဆဲ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည်။

ပြည်ပနိုင်ငံများထံမှ ယခု ချေးယူလိုသည်ဟု အစိုးရ တင်ပြသော ပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၄၀ နှင့် ဂျပန် ယန်း ၁၅ဘီလီယံ ဖြစ်သည်။ အိမ်ရာဖွံဖြိုးရေးအကောင်အထည်ဖော်ဆောင်ရွက်ရန် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ ဂျပန် ယန်း ၁၅ဘီလီယံ၊မဟာမဲခေါင်ခွဲ ဒေသအတွင်းရှိ လမ်းမကြီးများ ဖွံဖြိုးတိုးတက်ရေးစီမံကိန်းအတွက် အာရှဖွံဖြိုးရေးဘဏ်မှ ကန်ဒေါ်လာ သန်း၃၄၀နှင့် အာဆီယံအခြေခံအဆောက်အအုံ ရန်ပုံငွေထံမှ အမေရိကန်ဒေါ်လာ သန်း၂၀၊မဟာမဲခေါင်ဒေသ အရှေ့နှင့်အနောက် တစ်လျှောက်ရှိ မြို့များ ဖွံဖြိုးမှုစီမံကိန်းဆောင်ရွက်ရန် အာရှဖွံဖြိုးရေးဘဏ်မှ ကန်ဒေါ်လာ သန်း၈၀ စသည်ဖြင့် အသီးသီးချေးယူမည်ဟု သက်ဆိုင်ရာဝန်ကြီးဌာနက ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ဂျပန်မှ ဂျပန် ယန်း ၁၅ဘီလီယံ ချေးယူရန် စီစဉ်ရခြင်းမှာ ပြည်သူများ တန်ဖိုးသင့်နှင့်တန်ဖိုးနည်း အိမ်ရာများ ပိုင်ဆိုင်နိုင်ရေးအတွက် ဖြစ်သည်ဟု ရှင်းပြသည်။

စီမံဘဏ္ဍာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက “‘ပြည်သူများ အိုးပိုင် အိမ်ပိုင် ဖြစ်စေမယ့် စီမံကိန်းတစ်ခုပါ”ဟု ပြောသည်။

အစိုးရက ထိုငွေကို ချေးပြီး အိမ်ရာဝယ်လိုသော ပြည်သူများကို ပြန်ချေးမည်ဟု လွှတ်တော်ကို ဒုတိယ၀န်ကြီး ဦးကျော်လင်းကပြောသည်။

မဟာမဲခေါင်ခွဲ ဒေသအတွင်းရှိ လမ်းမကြီးများ ဖွံဖြိုးတိုးတက်ရေးစီမံကိန်းအတွက် အာရှဖွံဖြိုးရေးဘဏ်မှ ကန်ဒေါ်လာ သန်း၃၄၀နှင့် အာဆီယံအခြေခံအဆောက်အအုံ ရန်ပုံငွေထံမှ အမေရိကန်ဒေါ်လာ သန်း၂၀ ချေးယူရန် စီစဉ် ရခြင်းမှာ ရန်ကုန်-ပုသိမ်လမ်း(၁၈၀ ကီလိုမီတာ)၊ပဲခူး-သန်လျင်လမ်း(၉၉ကီလိုမီတာ) နှင့် ရန်ကုန်-မန္တလေးအမြန်လမ်း (မိုင် ၀/၀ မှ ၄၀/၀) (၆၄ကီလိုမီတာ)(ရန်ကုန်-ဘောနတ်ကြီး အပိုင်း) တို့ကို လမ်းအဆင့်မြှင့်တင်နိုင်ရေးအတွက် ချေးယူရခြင်းဖြစ်ကြောင်းနှင့် ထိုလမ်းတို့မှာ
မြန်မာ့စီးပွားရေး၏ အသက်သွေးကြောများဖြစ်သည်ဟုဒုဝန်ကြီးက ဆက်ပြောသည်။

မဟာမဲခေါင်ဒေသ အရှေ့နှင့်အနောက် တစ်လျှောက်ရှိ မြို့များ ဖွံဖြိုးမှုစီမံကိန်းဆောင်ရွက်ရန် အာရှဖွံဖြိုးရေးဘဏ်မှ ကန်ဒေါ်လာ သန်း၈၀ ချေးယူရန်စီစဉ်ရခြင်းက မော်လမြိုင်၊ဘားအံ နှင့် မြ၀တီ မြို့(၃)မြို့ ရေပေးဝေရေး အဆင့်မြှင့်တင်ခြင်း နှင့် အမှိုက်သိမ်းစနစ် ဆောင်ရွက်ရန် အတွက် ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အစိုးရက ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ ဂျပန်ယန်း ၁၄ဒသမ ၉၄၉ ဘီလီယံချေးယူလိုကြောင်း တင်ပြထားမှုကို ပြည်ထောင်စုလွှတ်တော်က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့ တွင် သဘောတူ ခွင့်ပြုလိုက်ပြီဟု သိရသည်။

PN-051

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*