အသက် ၁၅ မိန်းကလေးကို ၀မ်းကွဲအမတော်စပ်သူက ကိုယ်ပိုင်အနှိပ်ခန်းမှာ ပြည့်တန်ဆာလုပ်ခိုင်းမှု

အသက် ၁၅ မိန်းကလေးကို ၀မ်းကွဲအမတော်စပ်သူက ကိုယ်ပိုင်အနှိပ်ခန်းမှာ ပြည့်တန်ဆာလုပ်ခိုင်းမှု
February 23, 2018 Fame Asian

2:19 pm
အသက် ၁၅ မိန်းကလေးကို ၀မ်းကွဲအမတော်စပ်သူက ကိုယ်ပိုင်အနှိပ်ခန်းမှာ ပြည့်တန်ဆာလုပ်ခိုင်းမှု

28056585_1702417399802218_7329210621758272454_n

ပြင်ဦးလွင် ၊ ဖေဖော်ဝါရီ ၂၃

အသက် ၁၅ နှစ်အရွယ်သာရှိသေးတဲ့ မိန်းကလေးတစ်ဦးကို ၂၀မ်းကွဲအမအဖြစ်တော်စပ်သူက ကိုယ်ပိုင်အနှိပ်ခန်းတစ်ခုမှာ ပြည့်တန်ဆာလုပ်ခိုင်းတဲ့ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြင်ဦးလွင်မြို့နယ်မှာဖြစ်ပွားခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့နယ်မှာနေထိုင်နေတဲ့ မ—(အသက် ၁၅နှစ်) ရဲ့နေအိမ်ကို အခုလအစောပိုင်းက ၂ ၀မ်းကွဲအမတော်စပ်သူ မစန်းစန်းနွဲ့(အသက် ၃၀) ရှိသူ ရောက်ရှိလာပြီး ပြင်ဦးလွင်မြို့မှာ သူကိုယ်တိုင်ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းတစ်ခုမှာ အလုပ်လုပ်ရင် တစ်လ ၃ သိန်းရမယ်ဆိုပြီး သွေးဆောင်ဖျားယောင်းခေါ်ဆောင်သွားကာ ပြည့်တန်ဆာအဖြစ်လုပ်ကိုင်စေခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ့်နင်းရေးရဲတပ်ဖွဲ့ ရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“အနှိပ်ခန်းရောက်တော့ ဧည့်သည်တွေက လိင်ဆက်ဆံဖို့တောင်းဆိုလာရင် ခွင့်ပြုရမယ်။ ဧည့်သည်တွေဆီကနေ ပိုက်ဆံတောင်းရမယ်ပေါ့နော်။ အဲ့ဒါနဲ့ ကလေးမလေးက လာအနှိပ်ခံတဲ့ဧည့်သည်နဲ့ ၂ ကြိမ်လောက် လိင်ဆက်ဆံခဲ့ရတယ် လို့ စစ်ဆေးရရှိတယ်” လို့ အဆိုပါ ရဲတပ်ဖွဲ့တာဝန်ရှိသူကဆိုပါတယ်။

ပြင်ဦးလွင် ရဲစခန်းက သတင်းရလို့ အနှိပ်ခန်းကို ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ကာကယံ အသက် ၁၅ နှစ်မိန်းကလေးကို လွှဲပြောင်းယူခဲ့ကြောင်း ဖျားယောင်းသွေးဆောင်ပြီး ပြည့်တန်ဆာလုပ်ခိုင်းခဲ့တဲ့ မစန်းစန်းနွဲ့(အသက် ၃၀) ရှိသူကို လူကုန်တားဥပဒေ ပုဒ်မ ၂၄ နဲ့အမှုဖွင့်အရေးယူခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ပုဒ်မကတော့ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားရင် “သေသည်အထိ”ထောင်ဒဏ်ချမှတ်နိုင်တဲ့ပုဒ်မတစ်ခုလည်းဖြစ်ပါတယ်။

အနှိပ်ခန်းမှာ တစ်ခြားအရွယ်ရောက်ပြီးသား မိန်းကလေးတွေကိုတွေ့ရှိရပေမယ့် တစ်ဖက်မှာပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေမျိုးရှိနေတဲ့အတွက် လူကုန်တားဥပဒေနဲ့အကျုံးဝင်တဲ့ အမှုမျိုးကိုသာဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

“အရွယ်မရောက်သေးတဲ့ ကလေးတွေကို ပြည့်တန်ဆာအဖြစ် ခိုင်းတာကြတော့ ကာယကံရှင်ကိုယ်တိုင်က သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ လူကုန်တားရဲတပ်ဖွဲ့ကဆောင်ရွက်လို့ရတယ်။ ပြီးတော့ဒီဖြစ်စဉ်အထဲမှာ စည်းရုံးသိမ်းသွင်းမှုတွေလည်းပါနေတာတွေ့ရတယ်” လို့ လူကုန်တားရဲတပ်ဖွဲ့ဝင်အရာရှိတစ်ဦးကမှတ်ချက်ပြုပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*