အမှန်တကယ်အလုပ်မလုပ်တော့တဲ့ သမ၀ါယမအသင်းတွေကို စာရင်းရှင်းဖျက်သိမ်းဖို့ တိုင်းအစိုးရကို လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာပြော

အမှန်တကယ်အလုပ်မလုပ်တော့တဲ့ သမ၀ါယမအသင်းတွေကို စာရင်းရှင်းဖျက်သိမ်းဖို့ တိုင်းအစိုးရကို လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာပြော
February 22, 2018 Fame Asian

4:46 pm
အမှန်တကယ်အလုပ်မလုပ်တော့တဲ့ သမ၀ါယမအသင်းတွေကို စာရင်းရှင်းဖျက်သိမ်းဖို့ တိုင်းအစိုးရကို လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာပြော

28276744_1701467136563911_8964047212035187922_n

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂

လက်ရှိရှိနေတဲ့  သမ၀ါယမအသင်းတွေကို ဥပဒေနဲ့ အညီဖွဲ့ စည်းဆောင်ရွက်နေခြင်းဟုတ်မဟုတ် ပြန်လည်စီစစ်ဖို့ နဲ့ အမှန်တကယ်လုပ်ငန်းဆောင်ရွက်ခြင်းမရှိတော့တဲ့အသင်းတွေကို ဥပဒေအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ပေးနိုင်ဖို့ ကို လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာက တိုင်းအစိုးရကိုဒီကနေ့  လွှတ်တော်မှာ မေးခွန်းမေးမြန်းပါတယ်။ လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိတော့တဲ့ အသင်း (၃၆) သင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းနဲ့ နောက်ထပ် (၃၈) သင်းကို ထပ်ဖျက်သွားဖို့ တင်ပြထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၇) ရက်မြောက်နေ့ မှာ ကျောက်တံတားမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာက ”ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သမ၀ါယမအသင်းများနဲ့ အသင်းစုများရဲ့ လုပ်ငန်းလည်ပတ်နေမှုများကို ပြန်လည်စိစစ်ပြီး ဥပဒေနဲ့ အညီိလုပ်ငန်းလုပ်ဆောင် လည်ပတ်ခြင်းမရှိတော့တဲ့ အသင်းများကို ဖျက်သိမ်းရန် အစီအစဉ်ရှိ မရှိ” မေးခွန်းမေးမြန်းခဲ့တာဖြစ်ပါတယ်။

”ကျွန်မတို့ ကျောက်တံတားမြို့ နယ်အတွင်းမှာ (၆၅) သင်းရှိတယ်လို့ သိရတယ်။ စာရင်းအရပါ။ မြေပြင်မှာလိုက်ပြီးလေ့လာကြည့်တော့ တစ်ချို့ အသင်းတွေက ဘယ်နေရာမှာမှ ရှာလို့ မတွေ့ တော့ဘဲ နာမည်ပဲကျန်တော့တာတွေ့ ရပါတယ်။ တစ်ချို့ အသင်းတွေကလည်း သမ၀ါယမဆိုင်ရာလုပ်ငန်းတွေကို အသင်းကိုယ်တိုင်ဆောင်ရွက်နေခြင်းမျိုးမဟုတ်တော့ဘဲ အခန်းဌားစားထားရုံမျိုးသာဖြစ်နေတာတွေ့  ရတယ်။ တစ်ချို့ ဆိုရင် သမ၀ါယမအသင်းအနေနဲ့  အိုးအိမ်ကနေ လစာ အနည်းငယ်နဲ့ ဌားပြီးတော့ မိမိတို့အသင်းလုပ်ငန်းတွေလုပ်ဆောင်တာမျိုးမဟုတ်ဘဲအခန်းကို တစ်ဆင့်ပြန်ဌားစားတာတွေ့ ရပါတယ်” လို့ ဒေါ်ကြည်ပြာက လွှတ်တော်မှာပြောပါတယ်။

ဒါ့အပြင် တစ်ချို့ သော သမ၀ါယမအသင်းတွေဟာ လူ(၈)ယောက်လောက်နဲ့ ဖွဲ့  စည်းထားကြခြင်းမျိုးရှိနေပြီး တစ်ချို့ အသင်းတွေမှာ အသင်းသားတွေကိုယ်တိုင်က အသင်းရဲ့လုပ်ဆောင်မှုတွေကို မကျေလည်ကြလို့ တိုင်ကြားထားတာမျိုးတွေ မြို့နယ်တော်တော်များများမှာ တွေ့ နေရတယ်လို့ သူမကဆိုပါတယ်။

”တည်ဆဲဥပဒေနဲ့  အညီစီးပွားရေး မလုပ်ဆောင်တော့ရင် ဖျက်သိမ်းလို့ ရတယ်လို့ ပြောပါတယ်။ သမ၀ါယမအသင်းတွေအနေနဲ့ ဘီယာဆိုင်တွေ ၊ အရက်ဆိုင်တွေဌားထားတာတွေကရော စီးပွားရေးလုပ်ဆောင်ခြင်းဆိုတဲ့အထဲမှာ အကျုံးဝင်ပါသလားသိချင်ပါတယ်” လို့ လည်း ဒေါ်ကြည်ပြာက ဆက်ပြောပါတယ်။

”ကျွန်တော်တို့ရန်ကုန်တိုင်းထဲမှာ မြို့ နယ်၊ခရိုင်၊တိုင်းသမ၀ါယမတွေ အနေနဲ့ လုပ်ငန်းဆောင်ရွက်နေတာတွေရှိပါတယ်။ အဆင့်ဆင့်စစ်ဆေးဆောင်ရွက်စေပြီးတော့ လိုအပ်ချက်များရှိနေရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးအနေနဲ့ ဆောင်ရွက်ကြီးကြပ်သွားပါမယ်” လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနဲ့ စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးဦးဟံထွန်းက ပြန်လည်ဖြေကြားပါတယ်။

သမ၀ါယမ အသင်းများကိုဖျက်သိမ်းရာမှာ သတ်မှတ်ထားတဲ့အသင်းသားမပြည့်ခြင်း၊ နည်းဥပဒေပါအကြောင်းတစ်ရပ်ရပ်ကို ဆန့် ကျင်ဆောင်ရွက်ခြင်း၊ တည်ဆဲဥပဒေများနဲ့ အညီ စီးပွားရေးလုပ်ငန်းများကို မလုပ်ကိုင်နိုင်ခြင်း၊ မတည်ငွေ မပြည့်စုံခြင်း၊ ပေးဆပ်ရန်ရှိတဲ့ကြွေးမှီများကို ပေးဆပ်နိုင်ရန်အခြေအနေမရှိခြင်းစတဲ့အချက်အလက်တွေနဲ့ ညှိနေရင် အသင်းကို စာရင်းရှင်းဖျက်သိမ်းရမယ်လို့ ၁၉၉၂ သမ၀ါယမအသင်းဥပဒေ ပုဒ်မ ၂၅ မှာပြဌာန်းထားတယ်လို့ တိုင်းအစိုးကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်န၀ါရီလကုန်အထိ ဗဟိုသမ၀ါယမအသင်း ၁ သင်း၊ သမ၀ါယမ အသင်းစုချုပ် ၇ သင်း၊ သမ၀ါယမ အသင်းစု ၇၇ သင်း၊ အခြေခံသမ၀ါယမအသင်း ၂၇၄၃ သင်းတို့ ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ လွှတ်တော်မှာတင်ပြခဲ့တဲ့စာရင်းအရသိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*