ရဲအင်အားတိုးမြင့်စုဆောင်းနိုင်ရေးနှင့်ရဲတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်မှုအရေအတွက်တိုးမြင့်နိုင်ရေးအတွက်နိုင်ငံတော်သမ္မတမှ ၎င်း၏ အထူးရန်ပုံငွေထဲမှ ငွေအချို့ကို ပြည်ထဲရေးဝန်ကြီးဌာနအား ထုတ်ယူသုံးစွဲခွင့်ပြုခဲ့

ရဲအင်အားတိုးမြင့်စုဆောင်းနိုင်ရေးနှင့်ရဲတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်မှုအရေအတွက်တိုးမြင့်နိုင်ရေးအတွက်နိုင်ငံတော်သမ္မတမှ ၎င်း၏ အထူးရန်ပုံငွေထဲမှ ငွေအချို့ကို ပြည်ထဲရေးဝန်ကြီးဌာနအား ထုတ်ယူသုံးစွဲခွင့်ပြုခဲ့
February 15, 2018 Fame Asian

3:55 pm
ရဲအင်အားတိုးမြင့်စုဆောင်းနိုင်ရေးနှင့်ရဲတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်မှုအရေအတွက်တိုးမြင့်နိုင်ရေးအတွက်နိုင်ငံတော်သမ္မတမှ ၎င်း၏ အထူးရန်ပုံငွေထဲမှ ငွေအချို့ကို ပြည်ထဲရေးဝန်ကြီးဌာနအား ထုတ်ယူသုံးစွဲခွင့်ပြုခဲ့

27858203_1718051868257088_3066713096831483382_n

နေပြည်တော်၊ဖေဖော်ဝါရီ ၁၅

ရဲအင်အားတိုးမြင့်စုဆောင်းနိုင်ရေးနှင့်ရဲတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်မှုအရေအတွက်တိုးမြင့်နိုင်ရေးအတွက်နိုင်ငံတော်သမ္မတမှ ၎င်း၏ အထူးရန်ပုံငွေထဲမှ ငွေအချို့ကို ပြည်ထဲရေးဝန်ကြီးဌာနအား ထုတ်ယူသုံးစွဲခွင့်ပြုခဲ့ကြောင်း ယင်းဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

နောက်ဆုံးအတည်ပြု ပြင်ဆင် ဖွဲ့စည်းလိုက်ပြီဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ ဖွဲ့စည်းပုံ အင်အားမှာ ၁သိန်း၆သောင်းကျော် ဖြစ်သော်လည်း လက်ရှိအချိန်အထိ ဖွဲ့စည်းပုံအင်အား၏ ၅၀ရာခိုင်နှုန်းကျော်၊တပ်ဖွဲ့ဝင်အင်အား ၈သောင်းကျော်သာ ရှိသေးသည်။ထို အရေအတွက်နှင့်ပင် လုံခြုံရေးရယူပေးနေရသည့် အတွက်ကြောင့် နိုင်ငံတော်သမ္မတက သုံးစွဲခွင့် ပြုခဲ့ခြင်းဖြစ်သည်ဟု ဒုတိယ၀န်ကြီးက ရှင်းပြသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ် (၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်) အတွင်း နိုင်ငံတော်သမ္မတမှ ထုတ်ယူသုံးစွဲခွင့်ပြုခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောပြီး၊ထုတ်ယူသုံးစွဲခွင့်ပြုသည့် ဘဏ္ဍာငွေ ပမာဏကို ဒုတိယ၀န်ကြီးက မပြောဆိုခဲ့ပေ။

”လေ့ကျင့်ရေးကျောင်းတွေကို တိုးမြင့်ဖွင့်လှစ်နိုင်ရေး၊တစ်နှစ်တစ်နှစ်ကို လေ့ကျင့်ရေးကနေ မွေးထုတ်ပေးနိုင်တဲ့ ရဲတပ်သားသစ်တွေနဲ့ ရဲအရာရှိအင်အားတွေ ကိုတိုးမြင့်နိုင်ဖို့အတွက်ကို စီမံချက်တွေနဲ့ အလေးထားပြီး ဆောင်ရွက်လျှက်ရှိနေပါတယ်။အင်အားရရှိမှုအပေါ်မူတည်ပြီးတော့ ရဲတပ်ဖွဲ့စခန်းတွေကို အင်အားဖြည့်တင်းလျှက်ရှိနေပါတယ်”ဟု ဒုတိယ၀န်ကြီး ကပြောသည်။

နိုင်ငံလူဦးရေ ၏ ၁၂ရာခိုင်နှုန်းကျော် နေထိုင်သော ရန်ကုန်တိုင်းဒေသကြီးကိုမူ ဖွဲ့စည်းပုံအင်အား၏ ၈၀ရာခိုင်နှုန်း အသုံးပြုလုံခြုံရေးရယူပေးထားပြီး၊အခြားနေရာများကိုမူ နယ်မြေဒေသလုံခြုံရေး၊မှုခင်းဖြစ်ပွားမှုအခြေအနေကို ကြည့်ပြီး တပ်ဖွဲ့ဝင် အင်အားချထားပေးသည်ဟု ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ တစ်ခုလုံးကို ရဲချုပ်၊ဒုတိယရဲချုပ် နှင့် ဦးရေထောက် ဆိုင်ရာ ရဲမှူးချုပ်အဆင့်များက အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲ တာဝန်ယူထားသည်။

အမည်မဖော်လိုသော အငြိမ်းစားရဲအရာရှိကြီးတစ်ဦးက ”ဘ၀အာမခံချက် ရှိအောင်လုပ်ပေးဖို့လိုတယ်။နောက်ပြီး တပ်ဖွဲ့ဝင်တွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ နောင်ရေးအေးအေးဆေးဆေး ရှိအောင် လုပ်ပေးနိုင်ရင်တော့ တပ်ဖွဲ့ထဲ ၀င်လာချင်သူ များမှာပဲ”‘ဟု မှတ်ချက်ပြုသည်။

PN-051

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*