ဂျပန်နိုင်ငံကနေ မြန်မာငွေကျပ်ဘီလီယံ ၁၈၀ကျော်ပမာဏနဲ့ညီမျှတဲ့ ဂျပန်ယန်းငွေ ၁၄ဒသမ၉၄၉ ဘီလီယံ ချေးယူသွားဖို့ အစိုးရသစ်စီစဉ်နေ

ဂျပန်နိုင်ငံကနေ မြန်မာငွေကျပ်ဘီလီယံ ၁၈၀ကျော်ပမာဏနဲ့ညီမျှတဲ့ ဂျပန်ယန်းငွေ ၁၄ဒသမ၉၄၉ ဘီလီယံ ချေးယူသွားဖို့ အစိုးရသစ်စီစဉ်နေ
February 14, 2018 Fame Asian

3:46 pm
ဂျပန်နိုင်ငံကနေ မြန်မာငွေကျပ်ဘီလီယံ ၁၈၀ကျော်ပမာဏနဲ့ညီမျှတဲ့ ဂျပန်ယန်းငွေ ၁၄ဒသမ၉၄၉ ဘီလီယံ ချေးယူသွားဖို့ အစိုးရသစ်စီစဉ်နေ

27750446_1716912701704338_8826240738419441076_n

နေပြည်တော်၊ဖေဖော်ဝါရီ ၁၄

အစိုးရသစ်အဖွဲ့ဟာ ယခင်အစိုးရအဖွဲ့နည်းတူ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေကို ငွေချေးပေးဖို့အတွက် ဂျပန်နိုင်ငံ ဂျိုက်ကာ အဖွဲ့ကနေ မြန်မာငွေကျပ်ဘီလီယံ ၁၈၀ကျော်ပမာဏနဲ့ညီမျှတဲ့ ဂျပန်ယန်းငွေ ၁၄ဒသမ၉၄၉ ဘီလီယံကို ချေးယူသွားဖို့ စီစဉ်နေပါတယ်။

မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်း ခြောက်သောင်းကျော် ရှိပြီး၊သူတို့တွေအတွက် အစိုးရက ငွေကြေးပံ့ပိုးပေးဖို့ လိုနေတာကြောင့် ပြည်ပကနေ အခုလိုချေးရတာလို့ အစိုးရဘက်က ပြောပါတယ်။

အစိုးရသစ်အခုချေးမယ့်ငွေပမာဏဟာ ယခင်အစိုးရချေးခဲ့တဲ့ ချေးငွေမမာဏ ထက် ၃ဆကျော် ပိုများနေတာကိုတွေ့ရပါတယ်။

အစိုးရချေးမယ့် ကိစ္စရပ်ကို ဂျပန်နိုင်ငံဘက်က ကူညီပေးဖို့ လိုလားစွာနဲ့ လက်ခံခဲ့တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံ/ဘဏ္ဍာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံ တင်ပြထားပါတယ်။

အဲဒီချေးငွေကို စီမံ/ဘဏ္ဍာဝန်ကြီးဌာနက တာဝန်ခံချေးယူမှာဖြစ်ပြီး နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်ကနေတဆင့် စီမံကိန်းပါဝင်ဆောင်ရွက်မယ့် ငွေရေးကြေးရေးအဖွဲ့အစည်းတွေ၊ယင်းကနေမှ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေဆီကို ငွေချေးမှာ ဖြစ်တယ်လို့ ဒုဝန်ကြီးက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က ဂျပန်ကနေ ချေးယူခဲ့တဲ့ ငွေကျပ်ဘီလီယံ ၆၁ ဘီလီယံကျော်နဲ့ ညီမျှတဲ့ ဂျပန်ယန်း ၅ဒသမ၀၃၃ ဘီလီယံကို အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းရှင် ၂၉၂ ဦးထံ ငွေချေးပေးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ စီမံ/ဘဏ္ဍာ ၀န်ကြီးဌာနကပြောပါတယ်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*