ရန်ကုန်ုတိုင်းအတွင်းရှိ အခြေခံပညာကျောင်းများကို ၂၀၁၄ -၂၀၁၅ ပညာသင်နှစ်အထိ ကွန်ပျူတာတစ်စုံစီဖြည့်ဆည်းပေးခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့ ပြော

ရန်ကုန်ုတိုင်းအတွင်းရှိ အခြေခံပညာကျောင်းများကို ၂၀၁၄ -၂၀၁၅ ပညာသင်နှစ်အထိ ကွန်ပျူတာတစ်စုံစီဖြည့်ဆည်းပေးခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့ ပြော
February 8, 2018 Fame Asian

3:54 pm
ရန်ကုန်ုတိုင်းအတွင်းရှိ အခြေခံပညာကျောင်းများကို ၂၀၁၄ -၂၀၁၅ ပညာသင်နှစ်အထိ ကွန်ပျူတာတစ်စုံစီဖြည့်ဆည်းပေးခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့ ပြော

img

ရန်ကုန် ၊ ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများကို ၂၀၁၄ -၂၀၁၅ ပညာသင်နှစ်အထိ ကွန်ပျူတာတစ်စုံစီဖြည့်ဆည်းပေးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာပြောပါတယ်။

မနေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ တွံတေးမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးမြန်းမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့  မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

” အထက်တန်း၊ အထက်တန်းကျောင်း(ခွဲ)၊ အလယ်တန်း၊ အလယ်တန်း ကျောင်း(ခွဲ)နဲ့ မူလတန်းလွန်ကျောင်းတွေမှာ ၂၀၁၄ -၂၀၁၅ ပညာသင်နှစ်အထိ Computer (၁)စုံစီ ဖြည့်ဆည်းပေးခဲ့ ပါတယ်။ လိုအပ်တဲ့ Media ခန်းသုံးပစ္စည်းတွေကိုထပ်မံဖြည့်ဆည်းပေးဖို့ အတွက်ပညာရေးဝန်ကြီးဌာနအနေနဲ့ ငွေလုံးငွေရင်း ရန်ပုံငွေမှ တင်ပြတောင်းခံလျှက်ရှိပါတယ်” လို့  တိုင်းဝန်ကြီးကပြောပါတယ်။

တွံတေးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလယ်တန်း ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)များနှင့် အထက်တန်းကျောင်းများတွင်ရှိသော Media ခန်းများတွင် ကျောင်းသားများ သင်ကြား နိုင်ရန်လိုအပ်သော Media ဆရာ၊ ဆရာမများနှင့် Media ပစ္စည်းများ အပြည့်အစုံ ဖြည့်ဆည်းပေးရန်အတွက် မည်ကဲ့သို့သောအစီအမံများဖြင့် လုပ်ဆောင်ပေးမည်ကိုသိရှိလိုကြောင်း” မေးခွန်းကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

” တစ်ချို့ သောအထက်တန်းကျောင်းတွေနဲ့ အလယ်တန်းကျောင်းခွဲတွေမှာ ကွန်ပျူတာအခြေခံသင်တန်းဆင်းဆရာဆရာမတွေရှိနေပေမယ့် သင်ကြားမှုအထောက်အကူပြုကွန်ပျူတာတွေမရှိလို့ သင်ကြားလို့ မရဘူးဖြစ်နေတာကိုတွေ့ ရပါတယ်” လို့ လွှတ်တော်ကိုယ်စားလှယ်ဦးနေနိုင်ဦးကပြောပါတယ်။

Media ဆရာလိုအပ်ချက်ကို အထောက်အကူဖြစ်စေဖို့ သင်ကြားရေး ဆရာ/ဆရာမများကို နွေရာသီ ကျောင်းပိတ်ရက်များမှာ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(လှော်ကား)နှင့် ကွန်ပျူတာတက္ကသိုလ်(ဗဟန်း)တို့မှာ ကွန်ပျူတာအခြေခံသင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်းနဲ့ ရန်ကုန်တိုင်းအတွင်းရှိ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းများရရှိတဲ့ ကျောင်းများမှ သင်ကြားရေး ဆရာ/ဆရာမများ အပါအဝင် Media ဆရာ လစ်လပ်နေတဲ့ ကျောင်းများမှ ဆရာ/ဆရာမတွေကို နွေရာသီ ကျောင်းပိတ်ရက် များမှာ တိုင်းပညာရေးမှူးရုံးမှာ Media သင်တန်းပို့ချပေးလျက်ရှိတယ်လို့ ရန်ကုန်တိုင်းအစိုးရကပြန်လည်ဖြေကြားခဲ့ပါတယ်။

Af-245

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*