NLD ပါတီကိုအသစ်ဝင်လာတဲ့လူငယ်များ ပြည်ထောင်စုစိတ်ဓါတ်ရှိစေဖို့ ပြည်ထောင်စုနေ့ အခမ်းအနားကို ပင်လုံမှာ ဒီချုပ်ပါတီကျင်းပသွားမည်

NLD ပါတီကိုအသစ်ဝင်လာတဲ့လူငယ်များ ပြည်ထောင်စုစိတ်ဓါတ်ရှိစေဖို့ ပြည်ထောင်စုနေ့ အခမ်းအနားကို ပင်လုံမှာ ဒီချုပ်ပါတီကျင်းပသွားမည်
February 5, 2018 Fame Asian

2:41 pm
NLD ပါတီကိုအသစ်ဝင်လာတဲ့လူငယ်များ ပြည်ထောင်စုစိတ်ဓါတ်ရှိစေဖို့ ပြည်ထောင်စုနေ့ အခမ်းအနားကို ပင်လုံမှာ ဒီချုပ်ပါတီကျင်းပသွားမည်

27337128_1707599692635639_1786820218760254134_n

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅

NLD ပါတီကိုအသစ်ဝင်ရောက်လာတဲ့ လူငယ်ပါတီဝင်များကို ပြည်ထောင်စုစိတ်ဓါတ်ရှိစေဖို့ ယခုနှစ်ပြည်ထောင်စုနေ့ကို ပင်လုံမြို့ မှာ လူငယ်ပါတီိဝင်များနဲ့ ကျင်းပသွားမှာဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်ပါတီမှ ဒုတိယအကြိမ်လူငယ်ညီလာခံကျင်းပရေးဗဟိုကော်မတီဥက္ကဌဦးမောင်မောင်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ပင်လုံမြို့ မှာ ကျင်းပသွားမယ့် အခမ်းအနားကို ပြည်ထောင်စုနေ့ နဲ့  ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်ရက်ကျင်းပသွားမှာဖြစ်ပြီိး ပင်လုံတစ်မြို့ လုံးကို NLD လူငယ်ပါတီဝင်များနဲ့ သန့် ရှင်းရေးပြုလုပ်သွားမယ်လို့ လည်းသူကဆိုပါ
တယ်။

”၁၂ ရက်နေ့  (ပြည်ထောင်စုနေ့ )မှာ ပင်လုံတစ်မြို့ လုံးကို သန့် ရှင်းရေးလုပ်မယ်။ ပြီိးတော့ ညပိုင်းမှာ တိုင်းရင်းသားရိုးရာအကဖျော်ဖြေပွဲတွေလုပ်သွားမယ်။ မီးပုံးပျံလွှတ်ပွဲလည်းလုပ်မယ်။ ၁၃ ရက်နေ့  (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ) နံနက်မှာတော့ ဘုန်းကြီးဆွမ်းကပ်မယ်။ နေ့ လည်ပိုင်းကျ ကလေးများနေ့ အထိမ်းအမှတ်အနေနဲ့ အားကစားပြိုင်ပွဲလုပ်သွားမယ် ညပိုင်းမှာ တိုင်းရင်းသားရိုးရာအကဖျော်ဖြေပွဲတွေထပ်လုပ်သွားမယ်” လို့ ဦးမောင်မောင်ဦးကပြောပါတယ်။

ယခုလို ပြည်ထောင်စုနေ့ ကို ပင်လုံမြို့ မှာ NLD ပါတီကိုအသစ်ဝင်လာတဲ့လူငယ်များနဲ့ ကျင်းပရခြင်းဟာ ပါတီဝင်လူငယ်များအနေနဲ့ ပြည်ထောင်စုစိတ်ဓါတ်ရှိစေဖို့၊ တစ်နေရာတည်းမှာ စုစုစည်းစည်းနဲ့  တိုင်းရင်းသားလူမျိုးများရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အပြန်အလှန်နားလည်လက်ခံလာစေဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ သူကပြောပါတယ်။

NLD ပါတီလူငယ်ညီလာခံတွေကို တစ်နိုင်ငံလုံးအနှံ့ မြို့ နယ် ၃၁၈ မြို့ နယ်မှာ ပြုလုပ်ကျင်းပခဲ့ပြီး လူငယ်ပါတီဝင်အင်အား (၇) သောင်းကျော်အသစ်တိုးလာခဲ့တယ်လို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှဒုတိယအကြိမ်လူငယ်ညီလာခံကျင်းပရေးဗဟိုကော်မတီမှထုတ်ပြန်ထားပါတယ်။

ဗဟန်းမြို့ နယ်ရှိ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီရုံးချုပ်မှာလည်း ပြည်ထောင်စုနေ့  ကို ကျင်းပသွားမှာဖြစ်ပြီး စာတမ်းဖတ်ခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းတို့ ကို ပုံမှန်အတိုင်းပြုလုပ်သွားမယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်ကပြောပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*